သီတဂူဆရာတော်ကြီးသည် ၅-၈-၂၀၁၄ (အင်္ဂါနေ့)တွင် ပျဉ်းမနားမြို့ ဇီဝိတဒါနသံဃာ့ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
၄-၈-၂၀၁၄ နေ့မှစ၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ခြင်းများကို သီတဂူသာသနာပြုအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သော မျက်စိအထူးကုဆရာဝန်ကြီး ပရော်ဖက်ဆာဒေါက်တာ မြအောင်ဦးဆောင်ကာ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာလှမောင်ဒင်၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာစဂျေလွင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခက်ခက်မျိုး၊ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ညွန့်အောင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးတင်မောင်သန့်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းသန်းထိုက်တို့မှ အလင်းလုပ်အားဒါနပြု ဆောင်ရွက်နေကြပါသည်။
စစ်ကိုင်းသီတဂူ အာယုဒါန ဆေးရုံတော် မှ ဒေါက်တာ ဒေါ်မိမိခင် ဦးဆောင်သော သီတဂူ သူနာပြု (၁၂) ဦးတို့မှာလည်း မျက်စိဆရာဝန်ကြီးများနှင့်အတူ လက်တွဲပြီး ကုသိုလ်ပြုကြပါသည်။
၅.၈.၂၀၁၄ ရက်နေ့တွင် မျက်စိဝေဒနာရှင်ပေါင်း (၄၀၀)ကျော် စမ်းသပ်စစ်ဆေးကာ မျက်စိဝေဒနာရှင် (၈၁)ဦးကို ခွဲစိတ် ကုသပေးခဲ့ကြောင်း သိရှိရပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈