ဒီကနေ ၁၃၇၆ ခုနှစ် ဝါဆိုလပြည့်နေ့၊ (၁၁-၇-၂၀၁၄) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသော သင်ကြားစီမံ ပါမောက္ခ၊ ကထိက ဆရာများ၊ စာသင်သား (၂၉၃)နှင့် ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်ခြင်းကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၊ ပင့်သံဃာတော် ဆရာတော်များ၊ သင်ကြားစီမံ ဆရာများ၊ သင်တန်းသားများ၊ အလှူရှင် “တောင်ဝင်စင်တာနှင့် တော်ဝင်ဂါဒင်းဟိုတယ်” မိသားစုနှင့် အထူးဖိတ်ကြားထားသူ လူ (၁၀၀၀)ကျော် တက်ရောက်ကြသည်။ သီတဂူအဓိပတိဆရာတော်ကြီးက ကြွရောက်လာကြသော သံဃာတော်ပရိသတ်၊ လူပရိသတ်တို့အား ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာရခြင်း အကြောင်းကို မူရင်းအပေါ် ခေတ်တွေး ခေတ်အမြင် ရှုထောင့်ဖြင့် သုံးသပ်ဟောကြားခြင်း၊ ရဟန်းပရိသတ်ရော လူပရိသတ်တို့ပါ လေ့လာမှတ်သားရုံသာမကဘဲ လိုက်နာ ကျင့်သုံးဖို့ပါ ထူးခြား ပြောင်မြောက်စွာ ဟောကြားတော်မူသည်။
ဝါဆိုဦးတရားပွဲများနှင့် အလှူတော်များ
၉-၇-၂၀၁၄နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
၁၀-၇-၂၀၁၄နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
၁၁-၇-၂၀၁၄နေ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၁၃-၇-၂၀၁၄ နေ့တွင် အမေရိကန်နိုင်ငံရှိ သီတဂူကျောင်းတော်များ၏ဝါဆိုဦးတရားပွဲအတွက် ကြွရောက်မည် ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
We have 31 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈