သီတဂူအဓိပတိဆရာတော်ကြီး အနောက်နိုင်ငံသာသနာပြုမှ အပြန် ဘန်ကောက်တရားပွဲသို့ကြွခဲ့၊ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုကြောင့် ထိုတရားပွဲ မကျင်းပဖြစ်ခဲ့၊ ဘန်ကောက်မှ အိန္ဒိယနိုင်ငံ မြေမြတ်မဟာ မဟာဗောဓိပင်သို့ ကြွရောက်သည်။
ထိုမဟာဗောဓိပင်အောက်တွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမှ ရဟန်း ရှင် လူများက နှစ်စဉ်နှစ်တိုင်း တိပိဋကသုံးပုံး ရွတ်ဖတ်ပူဇော်ပွဲကို (၁၀)ရက်တိုင်တိုင် ကျင်းပကြသည်။
ပြီးခဲ့သည့်နှစ်က တစ်ကြိမ်နှင့် ဒီနှစ်အတွက်ကို မြန်မာနိုင်ငံမှ အလှူရှင်အဖြစ် တာ၀န်ယူ ဆောင်ရွက်သည်။ ထိုပွဲကို သီတဂူအဓိပတိဆရာတော်ကြီး နှစ်စဉ် ကြွရောက်သည်၊ ထိုပွဲရဲ့ အဓိကအလှူရှင်အဖြစ်အနေနဲ့လည်း ပါ၀င်ခဲ့သည်။
ဓာတ်ပုံများကို အရှင်ကုမုဒ ဗောဓိတစ်ထောင် စာမျက်နှာမှ ကူးယူဖော်ပြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
We have 13 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈