သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ ပဓာနဥသျှောင် သီတဂူဆရာတော်ကြီးသည် (၁၈-၁၁-၂၀၁၃) ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွါပြီး (၁၉-၁၁-၂၀၁၃)ရက်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Austria Vienna) သို့ ရောက်ရှိကာ (၂၀-၁၁-၂၀၁၃)မှ (၂၃-၁၁-၂၀၁၃)ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပမည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေး ညီလာခံတွင် ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး စကားပြောကြားမည် ဖြစ်သည်။
အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း (၁၀၀)ကျော်၊ အဖွဲ့အစည်းပေါင်း (၉၀)ကျော်နှင့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင် (၇၀၀)ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 15 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈