သီတဂူဖားကန့်စက္ခုဒါနဆေးရုံတော်သည် ဖားကန့်ဒေသရှိမျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးလျက်ရှိရာ 5-1-2019 မှ ယနေ့ 10-1-2019 ထိ မျက်စိစမ်းသပ်စစ်ဆေးသူပေါင်း 2234 ဦး ၊ ခွဲစိပ်လူနာပေါင်း 284 ဦး၊ လေဆာဖြင့် ကုသသူ 16 ဦးကို အောင်မြင်စွာ ကုသပေးခဲ့ပြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
သီတဂူဆရာတော်ကြီး၏လမ်းညွန်မှုဖြင့် သီတဂူစက္ခုဒါနအဖွဲ့သည် ဖားကန့်မြို့အပါအဝင် မြန်မာနိုင်ငံအဝှမ်းမျက်စိဆေးရုံပေါင်း (၃၉) ရုံဆောက်လုပ်ပြီးစီးကာ လူမျိုးဘာသာမရွေး မျက်စိစစ်ဆေးကုသခြင်းဖြင့် ကုသိုလ်ပြုလျက်ရှိပါသည်။ သီတဂူသာသနာပြုအဖွဲ့မှ ယခုအချိန်အထိလူပေါင်း ၅ သိန်းကျော်အား မျက်စိစစ်ဆေး ကုသပေးခဲ့ပြီးဖြစ်ကြောင်း ကုသိုလ်မှတ်တမ်း တင်အပ်ပါသည်။
"သီတဂူအဓိဋ္ဌာန်"
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ
တို့စွမ်းရာဖြင့် တို့သာသနာ
တို့ပြည်ရွာကို သာယာစေမှု
လုံ့လပြုအံ့။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 10 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈