(ဖားကန့်သီတဂူစက္ခုဒါနဆေးရုံတော်ကုသမှုစစ်ဆေး)
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၈-၁-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတော်အတွင်း အခမဲ့မျက်စိခွဲစိတ်ကုသပေးနေမှုများအား စစ်ဆေးတော်မူပါသည်။
ဆရာတော်ကြီးဆေးရုံတွင်း လှည့်လည်ကြည့်ရှုရာ အသက် ၉၇ နှစ် ရခိုင်အဖိုးတစ်ယောက် မျက်စိအလင်းရ ဝမ်းသာ၍ ဆရာတော်အား အနမ်းဖြင့် ကျေးဇူးတင်နေပုံကိုလည်းကြည်ညိုသဒ္ဒါပွားနိုင်ရန် တင်ပြအပ်ပါသည်။
သီတဂူဆရာတော်ကြီး၏လမ်းညွန်မှုဖြင့် သီတဂူစက္ခုဒါနအဖွဲ့သည် ဖားကန့်မြို့အပါအဝင် မြန်မာနိုင်ငံအဝှမ်းမျက်စိဆေးရုံပေါင်း (၃၉) ရုံဆောက်လုပ်ပြီးစီးကာ လူမျိူးဘာသာမရွှေး မျက်စိစစ်ဆေးကုသခြင်းဖြင့် ကုသိုလ်ပြုလျက်ရှိပါသည်။ သီတဂူသာသနာပြုအဖွဲ့မှ ယခုအချိန်အထိလူပေါင်း ၅ သိန်းကျော်အား မျက်စိစစ်ဆေးကုသပေးခဲ့ပြီးဖြစ်ကြောင်း ကုသိုလ်မှတ်တမ်းတင်အပ်ပါသည်။
"သီတဂူအဓိဋ္ဌာန်"
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မန်မချ မာနမပါ
တို့စွမ်းရာဖြင့် တို့သာသနာ
တို့ပြည်ရွာကို သာယာစေမှု
လုံ့လပြုအံ့။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 24 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈