သီတဂူ ၂၀၁၇ မတ်လ ၂၅
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်မည့် ဘယ်လဂျီယံနိုင်ငံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အထူးခွဲစိတ်ကုသဆရာဝန်ကြီးများသည် ကရင်ပြည်နယ် ဘားအံသို့ သီတဂူဆရာတော်ကြီး၏ ဖိတ်ကြားချက်အရ ရောက်ရှိနေပါပြီ ဖြစ်ပါသည်။
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်နေသူများကို (အခမဲ့) ခွဲစိတ်ကုသပေးမည် ဖြစ်ပါသောကြောင့် ဘားအံဆေးရုံကြီးတွင် #၂၀၁၇ခုနှစ်၊ မတ်လ -၂၆ ရက်မှ ၃၀ ရက်နေ့အထိ# နားနှာခါင်းလည်ချောင်း ဌာနသို့ ကြွရောက်ပြီး ကုသမှုခံယူနိုင်ပါကြောင်း သတင်းကောင်းကို သိရှိစေပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 12 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈