ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ကချင်ပြည်နယ်၊ ဖါးကန့်မြို့တွင် ၁၂-၁-၂၀၁၇ ရက်နေ့တွင် ဖွင့်လှစ်တော့မည့် သီတဂူစက္ခုဒါနဆေးရုံကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မိန့်ကြားပေးတော်မူခဲ့ပါသည်။
ယနေ့ ဝေခါမှော်တောင်းရပ်- ဆိတ်မူကျေးရွာအုပ်စု- ဖားကန့်မြို့နယ်၌ နေထိုင်သည့် အသက် ၁၀၂-နှစ် သက်တော်ရှည် အဖွား ဒေါ်ငွေပွင့် (ရခိုင်အမျိုးသမီးကြီး)ကို အောင်မြင်စွာ ခွဲစိတ်ပြီး အလင်းပေးလှူနိုင်ခဲ့ပါသည်။ အခြားမျက်စိဝေဒနာရှင်များကိုလည်း စမ်းသပ်စစ်ဆေးပေးလျက်ရှိရာ ပြင်ပလူနာပေါင်း ၄၀၆ ယောက်ကို စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသပေးရန်လိုအပ်သည့် လူနာပေါင်း ၇၃ ယောက်တို့ကို ခွဲစိတ်ကုသပေးခဲ့ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 27 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈