ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်၍ သီတဂူမျက်စိအထူးကုအဖွဲ့သည် (၃၁.၅.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များကို အခမဲ့မျက်စိခွဲစိတ်ကုသပေးနေပါပြီ။
သီတဂူမျက်စိအထူးကုအဖွဲ့သည် မေလ(၃၁)မှ ဇွန်လ (၇)ရက်နေ့တိုင် အခမဲ့စမ်းသပ်စစ်ဆေးခွဲစိပ်ကုသပေမည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်ရှိ စာရင်းပေးထားပြီးသော မျက်စိဝေဒနာရှင်များအနေဖြင့် ဇွန်လ (၄)ရက်နေ့ထက် နောက်မကျဘဲ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် အခမဲ့လာရောက်စမ်းသပ်စစ်ဆေးခွဲစိပ်ကုသနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါသည်။
စက္ခုံ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
သီတဂူစက္ခုဒါနဆေးရုံ
ရန်ကုန်
We have 19 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈