သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၄)ကြိမ်မြောက် မျက်စိအလှူတော်ကို (၂-၂-၂၀၂၄) မှ (၉-၂-၂၀၂၄) အထိ ၈ ရက်တိုင်တိုင် ပြုလုပ်ခဲ့ရာ-
(က) ၁၉၆၂ ဦးအား ပြင်ပမျက်စိလူနာ စစ်ဆေးခြင်း
(ခ) ၆၁၂ ဦးအား ခွဲစိပ်ကုသပေးခြင်း
(ဂ) ၃၄ ဦးအား လေဆာပစ်၍ ကုသပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ပထမအကြိမ်မှ လေးကြိမ်အထိ စုစုပေါင်း ကုသမှုမှတ်တမ်း
***
(က) ၆၁၂၄ ဦးအား ပြင်ပမျက်စိလူနာ စစ်ဆေးခြင်း
( ခ) ၁၆၈၁ ဦးအား ခွဲစိပ်ကုသပေးခြင်း
(ဂ) ၁၁၉ ဦးအား လေဆာပစ်၍ ကုသပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ဤကဲ့သို့ လေးကြိမ်မျှဖြင့် မျက်စိဒေနာရှင်ပေါင်း ၆၁၂၄ ဦးအား မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း ကုသခြင်းများကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခြင်းမှာ ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှု၊ မျက်စိပါရဂူဆရာဝန်ကြီးများ၏ ဦးဆောင်မှု ကျန်းမာရေး ဝန်ထမ်းမိသားစု၊ အလှူရှင်မိသားစု၊ အထောက်ကူပြုမိသားစု၊ ဝေယျာဝစ္စအဖွဲ့တို့၏ ဝန်းရံမှုတို့ကြောင့် ဖြစ်ပါသည်။
နှလုံးသားမှာ စေတနာ ကရုဏာ မေတ္တာ ပင်ကိုယ်တရားတို့ဖြင့် ကာယကံမြောက် ကုသိုလ်ယူပွဲကြီးဖြစ်ပါသည်။ တစ်ယောက်ချင်းစီ အားလုံး အထူးကျေးဇူးတင်ရှိပါသည်။
စက္ခုံ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
သီတဂူစက္ခုဒါနဆေးရုံ
ရန်ကုန်
We have 15 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈