အပြည်ပြည်ဆိုင်ရာသာသနာပြု အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်၍ သီတဂူနယ်လှည့် မျက်စိအထူးကုအဖွဲ့သည် ယနေ့(၂၅.၁၂.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။
သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဦးဆောင်သော မျက်စိမျက်စိအထူးကုအဖွဲ့သည် မြိတ်မြို့၊ ရွှေပုန်းရပ်ရှိ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတွင် (၂၅.၁၂.၂၀၂၃)ရက်နေ့မှ (၂၉.၁၂.၂၀၂၃)ရက်နေ့တိုင်အောင် မြိတ်မြို့နှင့် မြိတ်မြို့ အနီးအနားရှိ မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်စစ်ဆေးခွဲစိပ်ကုသပေးမည်ဖြစ်ကြောင်း လေးစားစွာ သတင်းကောင်းပါးလိုက်ပါသည်။
ယနေ့ (၂၅.၁၂.၂၀၂၃)ရက်နေ့တွင် မျက်စိဝေဒနာရှင် (၃၁၀)ဦးကို စမ်းသပ်စစ်ဆေးပြီး၊ မျက်စိဝေဒနာရှင်(၃၈)ဦးကို အခမဲ့ ခွဲစိပ်ကုသ အလင်းအလှူပြုလုပ်ခဲ့ပါသည်။
ထို့ကြောင့် မြိတ်မြို့နှင့် မြိတ်မြို့အနီးအနားရှိ မျက်စိဝေဒနာရှင်များအနေဖြင့် (၂၉.၁၂.၂၀၂၃)ရက်နေ့ထက်နောက်မကျဘဲ အခမဲ့လာရောက် စမ်းသပ်စစ်ဆေးနိုင်ပါကြောင်း ရိုသေစွာသတင်းကောင်းပါးလိုက်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…
We have 19 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈