အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကိုယ်တိုင်ဦးဆောင်၍ သီတဂူနယ်လှည့်မျက်စိအထူးကုအဖွဲ့သည် သီတဂူစက္ခုဒါနဆေးရုံတော်ရန်ကုန်တွင် မျက်စိဝေဒနာရှင်များကို ခွဲစိပ်ကုသပေးရာ (၇.၄.၂၀၂၃)ရက်နေ့ညတွင်....
မျက်စိဝေဒနာရှင်(၁၉)ဦး၊ (၈.၄.၂၀၂၃)ရက်နေ့တွင် မျက်စိဝေဒနာရှင်(၈၇)ဦးကို (၉.၄.၂၀၂၃)ရက်နေ့တွင် မျက်စိဝေဒနာရှင် (၅၄)ဦး ၊ (၃)ရက်အတွင်း စုစုပေါင်း မျက်စိဝေဒနာရှင် (၁၆၀)ဦးကို အခမဲ့ခွဲစိပ်ကုသအလင်းအလှူပြုခဲ့ပြီး ၁၂၅၄ ဦးအား စစ်ဆေးပေးခဲ့ပါသည်။ ၁၀-၄-၂၀၂၃ နေ့ မနက် ၁၇ ယောက်အား ခွဲစိပ်ကုသပေးဦးမည်။
ထိုပြင့် ဆရာဝန်ကြီးများ၊ မျက်စိဝေဒနာရှင်များနှင့်လူနာစောင့်များကို အလှူရှင်များမှ နေ့စဉ် အဟာရဒါနဆွမ်း လှူဒါန်းခဲ့ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ…
သူတော်ကောင်းတရားနေရာတိုင်းမှာထွန်းတောက်ပါစေ..
ကိုဗစ်-၁၉ ရောဂါ အမြန်ဆုံးကင်းဝေးကြပါစေ..
မြန်မာပြည် အမြန်ဆုံးငြိမ်းချမ်းပါ
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
We have 9 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈