၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဒုတိယ အကြိမ် Buddha-Dhamma Diploma Level ၀င်ခွင့် (Entrance Test) စာမေးပွဲကို အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ကြောင်း ၂၀၁၅ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ရက်စွဲဖြင့် ကြောညာထားသည်။
နေ့ရက်။ ၁၃၇၇-ခုနှစ်၊ သီတင်းကျွတ်လ္ဆန်း ၁၃-ရက် (၂၆-၁၀-၂၀၁၅)
အချိန်။ နေ့ ၂:ဝဝမှ ညနေ ၄:ဝဝနာရီအထိ
နေရာ။ ဝိနယစာသင်ခန်း
မှတ်ချက်။ ဒီပလိုမာဝင်ခွင့်မေးခွန်းသည် အင်္ဂလိပ်စာနှင့် ပိဋကတ်ဆိုင်ရာ အထွေထွေ ဗဟုသုတ မေးခွန်းဖြစ်သည်။
ဒီပလိုမာဝင်ခွင့်လျောက်လွှာများယူရန်
------------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပညာရေး ရုံးခန်းနှင့် စာကြည့်တိုက်ရုံးခန်းတို့တွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
လျှောက်လွှာစတင်ခေါ်ယူမည့်ရက် ၁၃၇၇-ခုနှစ်၊ ဝါခေါင်လဆန်း(၁၀) ရက် (၂၅-၀၈-၂၀၀၁၅)
လျှောက်လွှာပိတ်မည့်ရက်။
၁၃၇၇-ခုနှစ်၊ တော်သလင်းကွယ် (၁၃-၁၀-၂၀၀၁၅)
ရုံးချိန်။ နံနက် ၈:ဝဝ မှ ၁၁:ဝဝ
နေ့လည် ၂:ဝဝမှ ညနေ ၅:ဝဝ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်Diploma ၀င်ခွင့်စည်းမျဉ်း
----------------------
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ဒီပလိုမာတန်း လျှောက်လွှာတင်ကြမည့် ကျောင်းသားများသည် အောက်ဖေါ် ပြပါ စဉ်းမျဉ်းသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်။
၁။ တက္ကသိုလ်ဝင်တန်းအဆင့်အောင်မြင်ပြီးသူဖြစ်ရမည်။
(သို့မဟုတ်)
အစိုးရပထမကြီးတန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ အသက်(၃၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
၃။ လျှောက်လွှာနှင့်အတူ ၂လက္မပတ်လည် ရောင်စုံဓါတ်ပုံ(၂)ပုံ။
၄။ သာသနာဝင်ကဒ်မိတ္တူ(သို့)နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
၅။ ဘွဲ့/အောင်လက်မှတ်မိတ္တူ
၆။ သက်ဆိုင်ရာမိဘ/ ဆရာများ၏ထောက်ခံစာ
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 5 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈