၁-၁၂-၂၀၂၄ နေ့ ညနေပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Federal Assembly ၏ ပြည်သူ့လွတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban V.Kara-ool နှင့် အဖွဲ့သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သို့ အလည်ပတ် ရောက်လာပါသည်။
လွတ်တော်ဥက္ကဋ္ဌကြီး၏ ပြည်နယ်သည် ၉၀ ရာခိုင်းနှုံးက ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်လျင် မြန်မာပြည်သည် အရေးပါသဖြင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာ စာပေ ယဉ်ကျေးမှု နှီးနှောဖလှယ်လိုကြောင်း ဆွေးနွေးပါသည်။
ဆရာတော်များ၏ မေတ္တာတရားကို ခံယူလိုပါသဖြင့် သင်ကြားစီမံ ဥက္ကဋ္ဌဆရာတော် ဒေါက်တာပညောဘာသနှင့် ဒုတိယဥက္ကဋ္ဌဆရာတော် ဒေါက်တာကောဝိဒသိရီ တို့က မေတ္တသုတ်ပရိတ်တော်ဖြင့် ချီမြင့်ပေးပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
We have 27 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈