ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးအား အိန္ဒိယနိုင်ငံ၊ Indian Council for Cultural Relations (ICCR)က International Award for Promotion of Buddhism 2023 ရွှေတံဆိပ်နှင့် ယူအက်စ်ဒေါ်လာ 20000 ဆက်ကပ်ခဲ့ပါသည်။
ဤဆုကိုဆက်ကပ်ရခြင်းမှာ အိန္ဒိယယဉ်ကျေးမှုတစ်ခုဖြစ်သည့် ဗုဒ္ဓစာပေ၊ ဗုဒ္ဓယဉ်ကျေးမှုများကို တိုးတက်အောင်ဆောင်ရွက်ခြင်း၊ သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ကို တည်ထောင်ပြီး မြန်မာနိုင်ငံအနှံ့အပြား ဆေးရုံများကို တည်ထောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုများကို ထူးချွန်စွာပေးနေသည့် အပြင် အခါအားလျော်စွာဖြစ်တတ်သော သဘာဝဘေးသင့်ဒေသများကိုလည်း ပြည်တွင်းပြည်ပအထိ ကူညီပေးခဲ့သည်။
ကရုဏာနှင့် ငြိမ်းချမ်းရေး ညီညွတ်ရေးများကို တည်ဆောက်နေတဲ့အတွက် ပေးရခြင်းဖြစ်သည်ဟု တာဝန်ရှိသူမှ ရှင်းလင်းပြောပြသွားပါသည်။ ဒါအပြင့် မြန်မာ+အိန္ဒိယ ချစ်ကြည်ရင်းနှီးမှုကိုလည်း ပို၍ခိုင်မာစေသည်။
ထိုအခမ်းအနားတွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးက ဦးနုဖောင်ဒေးရှင်းစာကြည့်တိုက်အတွက် မြန်မာကျပ်ငွေ သိန်းတစ်ရာကိုလည်း လှူဒါန်းခဲ့ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ…
သူတော်ကောင်းတရား
နေရာတိုင်းမှာ ထွန်းတောက်ပါစေ…
We have 21 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈