၇-၃-၂၀၁၉၊ ၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း (၁)ရက်နေ့ မနက်ပိုင်း၊ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် အထိမ်းအမှတ်အဖြစ် အဘိဓဇစေတီတော်ကြီးကို စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်မှာ တည်ထားပူဇော်ခဲ့သည်။
တပေါင်းလဆန်း (၁)ရက်နေ့မှာ စိန်ဖူးတော်၊ ငှက်မျက်နှားတော်များ တင်လှူပူဇော်သည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ၈၂ ပြည့်မွေးနေ့ အကြိုအလှူလည်း ဖြစ်ပါသည်။
ထိုပူဇော်ပွဲသို့ သီတဂူဆရာတော်ကြီးနှင့် အတူ သီတဂူတပည့် ရဟန်းတော်များ၊ သီတဂူသာသနာပြုအဖွဲ့ဝင် လူကြီးများ၊ အလှူရှင်များ တက်ရောက် ပူဇော်ကြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 32 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈