သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ၁၄.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ရှိ အမှတ်(၁)ရေစက်ရုံသို့ သွားရောက်ကြည့်ရှူ့ခဲ့ပါသည်။
အမှတ်(၁)စက်ရုံတွင် ရေပန့် ၁၃ လုံးရှိသည့်အနက်၊ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရေပန့် (၂)လုံးမှာ ပျက်သွားခဲ့ပါသည်။
သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ တောင်ရိုးရေအမြန်ဆုံးရေရရှိရန်အတွက် အမှတ်(၁)စက်ရုံမှူး ဦးညွန့်ဝေအား မိန့်ကြားခဲ့ပါသည်။
စက်မှူးဦးညွန့်ဝေမှ နောက်(၅)ရက်အတွင်း တောင်ရိုးရေရရှိပါမည် ဘုရားဟု ဖြေကြားခဲ့ပါသည်။ မကြာမီ တောင်ရိုးအချို့ နေရာများတွင် ရေများရရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
ထို့နောက်ဆရာတော်ဘုရားကြီးသည် ရှင်ပင်နံကိုင်းတောင်ပေါ်သို့ တက်ကာ အမှတ် (၁)ရေကန်အား သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ပါသည်။
ရေကန်၏ ကြံခိုင်မှူအား စစ်ဆေးကြည့်ရှူ့ပြီးနောက် ဆင်များရှင်စေတီတော်ကို သွားရောက်ကြည့်ရှူ့ခဲ့ပါသည်။
ဆင်များရှင်စေတီတော်ကို စစ်ဆေးကြည့်ရှူ့ပြီးနောက် စည်းခုံကြီးစေတီတော်ကို သွားရောက်ကြည့်ရှူ့ခဲ့ပါသည်။
စစ်ကိုင်းစည်းခုံကြီးဘုရားကို စစ်ဆေးကြည့်ရှူ့ပြီးနောက် နံနက် (၁၀:၁၅)နာရီ အချိန်တွင် မိမိသီတင်းသုံးရာ သီတဂူဝိပဿနာအကယ်ဒမီ သို့ ပြန်လာခဲ့ပါသည်။
သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ…
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
We have 28 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈