Mandalay

သီတဂူ၏ ကျပ်သိန်း(၁၀၀၀)အလှူတော်


၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ပျက်စီးခဲ့ရသော မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်အတွင်းရှိ အောင်မြေသာစည်အလယ်တိုက်မကြီးအား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ လှူဒါန်းသော ကျပ်သိန်း(၁၀၀၀)အလှူတော်အခမ်းအနားကို (၂၇.၆.၂၀၂၅)နေ့တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်ရှိ အောင်မြေသာစည် အလယ်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားသို့ အဝေရာရာမ ရန်ကင်းဆရာတော်ကြီးဦးဆောင်သော သံဃာတော်များ၊ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီ၏ အုပ်ချုပ်ရေးမှူးဆရာတော်ဒေါက်တာအရှင်သုန္ဒရ ၊မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရ အရာရှိများ တက်ရောက်ခဲ့ကြပါသည်။ လှူဒါန်းမှုအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက်အဝေရာရာမရန်ကင်းဆရာတော်ကြီးမှ ရွှေကျင်တိုက်မကြီး၏ အကြောင်းကို မိန့်ကြားခဲ့ပါသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီးမှလှူဒါန်းသော ကျပ်သိန်း(၁၀၀၀)ကို ဆရာတော်ကြီးကိုယ်စားကပ္ပိယမှ လှူဒါန်းပြီးကျောင်းတိုက်၏ ကိုယ်စားမန္တလေးတိုင်းဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး အဝေရာရာမရန်ကင်းဆရာတော်ဘုရားကြီးမှ ကျောင်းတိုက်ကြီးပြုပြင်မွမ်းမံရန်အတွက် ကျပ်သိန်း(၃၀၀)ကို လှူဒါန်းခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုမြို့နေ့ ဒေါက်တာအရှင်ဥက္ကံသာစာရမှ ကျောင်းတိုက်ကြီးအားပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ကျပ်သိန်း(၃၀)ကို လှူဒါန်းခဲ့ပါသည်။ ကျောင်းတိုက်ကြီးပြုပြင်မွမ်းမံရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေအိတ်(၁၀၀)အား လှူဒါန်းခဲ့ပါသည်။ ထို့နောက် ၂၈.၃.၂၀၂၅ ရက်နေ့တွင် ငလျင်ဒဏ်ကြောင့်ကွယ်လွန်သွားခဲ့ကြသော ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား ရည်စူး၍ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ဗုဒ္ဓသာသနံ စီရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ..

mandalay-07mandalay-07mandalay-07mandalay-07mandalay-07

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 29 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈