Home

သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်

သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့ တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံဖြစ်သော သီတဂူစက္ခုဒါနဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်နဝါရီ (၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။

Read more: သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်

သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတော် (သံတွဲ)

သီတဂူဆရာတော် ဦးစီးသော သီတဂူ သာသနာပြုအဖွဲ့က သီတဂူ မေတ္တာစက္ခုဒါန ဆေးရုံတော်ကို သံတွဲမြို့တွင် ၂၀၁၃-ခု ဒီဇင်ဘာ ၂၄-၂၅ ရက်က ဖွင့်လှစ် လှူဒါန်းခဲ့သည်။

ယခု ဆေးရုံဖွင့်လှစ်ပြီးပြီးချင်းမှာပဲ ပြင်ပလူနာ (၁၅၇၅)ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့သည်။ (၃၀၂) ဦးကိုတော့ ခွဲစိပ်ကုသပေးခဲ့သဖြင့် အမြင်အာရုံများ ရသွားကြသည်။ နိုင်ငံအနှံ့အပြားရှိ သီတဂူ ဆေးရုံ များစွာမှ ထိုဆေးရုံသည် ၂၅ ရုံမြောက် ဆေးရုံဖြစ်သည်။ ထိုဆေးရုံများတွင် ဘာသာမရွေး လူမျိုးမရေး တက်ရောက် ကုသမှုများ ခံယူနိုင်ပါသည်။

Read more: သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတော် (သံတွဲ)

သီတဂူစက္ခုဒါနဆေးရုံ (သံတွဲ) ဖွင့်လှစ်

သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့တို့သည် မျက်စိအထူးကုဆရာ၀န်များ၊ သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) ဆရာ၀န်များနှင့် အထူးသူနာပြုများ လိုက်ပါလျှက် သံတွဲမြို့သို့ ဒီဇင်ဘာ၂၁ ရက်နေ့က တစ်ဖွဲ့၊ ၂၂ရက်နေ့က တစ်ဖွဲ့ ရောက်ရှိကြသည်။ထိုမြို့တွင် သီတဂူစက္ခုဒါန ဆေးရုံ (သံတွဲ) ၂၅ ခုမြောက်ဆေးရုံတော်အသစ်ကို ဖွင့်လှစ်ခြင်း၊ ၂၆ ရက်နေ့အထိ မျက်စေဝေဒနာရှင်များကို ခွဲစိပ်ကုသပေးခြင်းတို့ဖြစ်သည်။၂၀၁၄ ဇန္နဝါရီလ ၅ ရက်နေ့မှစ၍ ဟုမ္မလင်းမြို့မှာလည်း သီတဂူမျက်စိဆေးရုံဖွင့်ခြင်း၊ မျက်စေဝေဒနာ ကုသပေးခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ဧရာ၀တီတိုင်း သီတဂူမျက်စိအလှူတော်

သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု ခရီး

သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။

သီတဂူမိုဘိုင်းလ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြု၀န်ထမ်းများ ပါ၀င်ခဲ့သည်။

မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာ၀န်၊ ဆရာမများ လုပ်အားဒါနကုသိုလ် ပါ၀င်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက် လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊ ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့ ဖြစ်ကြသည်။

Read more: ဧရာ၀တီတိုင်း သီတဂူမျက်စိအလှူတော်

သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံ

သီတဂူသာသနာပြုအဖွဲ့နှင့် သံတွဲအဖွဲ့တို့ ပူးပေါင်းပြီး သီတဂူမေတ္တာ စက္ခုဒါန (သံတွဲ) ဆေးရုံကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ဖွင့်လှစ်မည်။
ထိုဆေးရုံတွင် လူမျိုးမရွေး ဘာသာမရွေး ကုသမှုခံယူနိုင်ပါသည်။ ထို့ပြင် အောက်ပါ ဆေးရုံများကိုလည်း ဆက်တိုက်ဖွင့်လှစ်မည်။

(က) ဟုမ္မလင်း သီတဂူစက္ခုဒါန ဆေးရုံကို ၂၀၁၄ နှစ်ဦးပိုင်း ဇန္နဝါရီလ (၄)ရက်နေ့တွင် လည်းကောင်း၊
(ခ) သဲကုန်း သီတဂူအာရောဂျဒါနဆေးရုံကို ယခုနှစ် တပိုတွဲလပြည့်နေ့တွင်လည်းကောင်း ဖွင့်လှစ်မည် ဖြစ်သည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

၂၀၁၃-ခုနှစ် သီတဂူ နှုတ်ခမ်းကွဲအာခေါင်ကွဲ အထူးကုအစီအစဉ်များ

သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း) တွင် နှုတ်ခမ်းကွဲ၊ အာခေါင် အထူးကု အစီအစဉ်များကို နှစ်စဉ် ပြုလုပ်လျှက်ရှိရာ ၂၀၁၃ ခုနှစ်အတွက် နှုတ်ခမ်းကွဲ၊ အာခေါင် အထူးကု အစီအစဉ်များမှာ ပြည်ပမှ အထူးကု ဆရာ၀န်ကြီးများနှင့် မြန်မာနိုင်ငံမှ အထူးကုဆရာ၀န်ကြီးများ သီတဂူအာယုဒါနဆေးရုံမှ ဆရာ၀န်ကြီးများ၊ အထူးသူနာပြုများ ပါ၀င်ကြသည်။ ယခုနှစ် ၂၀၁၃ တွင် အဖွဲ့ (၅)ဖွဲ့မှ လာရောက် ကုသိုလ်ပြုကြသည်။

သီတဂူ နှုတ်ခမ်းကွဲအာခေါင်ကွဲ အထူးကုအစီအစဉ်များ (၂၀၁၃)

(၁) အဖွဲ့ Belgium Team

(၅၊ ၁၊ ၂၀၁၃) မှ (၁၀၊ ၁၊ ၂၀၁၃) နေ့အထိ Prof: De Mey (Belgium Team) နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၄) ဦး ခွဲစိတ် ဆရာ၀န်များ Prof: De Mey မေ့ဆေးဆရာ၀န်၊ Dr. Andree De Villeနှင့် သီတဂူအာယုဒါန ဆေးရုံမှ ဆရာ၀န်ကြီးများ အထူးသူနာပြုများ ပါ၀င်သည်။

(၂)အဖွဲ့ Belgium Team

(၂၇၊ ၁၊ ၂၀၁၃) မှ (၁၊ ၂၊ ၂၀၁၃) နေ့အထိ Dr. Nasser Nadjmi (Belgium Team)မှ Dr. Nasser Nadjmi မေ့ဆေးဆရာ၀န်၊  ခွဲစိပ်ဆရာ၀န် Dr. Kris Vermeylen၊    ခွဲစိပ်ဆရာ၀န် Dr. David Jules Emiel တို့ ဦးဆောင်သော သီတဂူဆရာ၀န်များအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄၅) ဦးကို ကုသပြီး အလှပြင်ပေးနိုင်ခဲ့သည်။

(၃) အဖွဲ့ Belgium Team

(၁၉၊ ၃၊ ၂၀၁၃) မှ (၂၂၊ ၃၊ ၂၀၁၃) နေ့အထိ Dr. Bob De Frene (Belgium Team)မှ ခွဲစိတ်ဆရာ၀န် Dr. Bob De Frene၊ Dr. Fabrice မေ့ဆေးဆရာ၀န်၊ Dr. Verstraete Rik၊ Dr. Guido Ingels ဘယ်လ်ဂျီယံဆရာ၀န်ကြီးများက  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၃၇) ဦးကို အလှဆင်နိုင်ခဲ့သည်။

(၄) အဖွဲ Belgium Team

(၁၄၊ ၁၀၊ ၂၀၁၃) မှ (၁၈၊ ၁၀၊ ၂၀၁၃) နေ့အထိ Dr. Julia Berkei (Belgium Team) ဘယ်လ်ဂျီယံနိုင်ငံမှ ဆရာ၀န်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၆၆) ဦးကို အလှပြင်ပေးနိုင်ခဲ့သည်။ ပါ၀င်သောခွဲစိတ်ဆရာ၀န်များ 1. Dr. Julia Berkei 2. Dr. Barun Sarkar 3. Dr. Klaus Exner 4.  Dr. Philipp 5. Dr. Farzin 6. Dr. Naja Bluto 7.  Dr. Bianca Baicanနှင့် မေ့ဆေး ဆရာ၀န်များ ဖြစ်ကြသော 1. Dr. Daniel Heise 2.  Dr. Martin Bauer 3.   Dr. Kunits Evgenyတို့ဖြစ်သည်။

သီတဂူအထွေထွေခွဲစိတ်ခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ခြင်းအစီအစဉ်

Hawai U.S.A Team

(၂၊ ၁၁၊ ၂၀၁၃) မှ (၅၊ ၁၁၊ ၂၀၁၃) နေ့အထိ Aloha Medical Mission (Hawai U.S.A Team) အဖွဲ့မှ ခွဲစိတ်ဆရာ၀န် 1. Dr. Carl Lum 2. Dr. Dirk Noyes မေ့ဆေးဆရာ၀န် 1. Dr. Aung Gyi 2. Dr. Steven Garon 3. Dr. Jan Birnie အထွေထွေခွဲစိတ်လူနာ (၄၆) ဦးကို ခွဲစိပ်ကုသပေးပြီး ဖြစ်သည်။  ဆရာ၀န်ကြီး Dr. Fergurgurက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၁၅) ဦး ကို ခွဲစိပ်ကုသပေးပြီးဖြစ်သည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

nose-01nose-02nose-03nose-04nose-05nose-06

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈