Hospitals

ဧရာ၀တီတိုင်း သီတဂူမျက်စိအလှူတော်

သီတဂူ မော်လမြိုင်ကျွန်း မျက်စိအထူးကု ခရီး

သီတဂူဆရာတော်နှင့် ပစ္ဆိမာရုံဆရာတော်တို့ တွဲဖက်ဦးဆောင်၍ တည်ဆောက်ထားသော မော်လမြိုင်ကျွန်းမြို့ရှိ သီတဂူလှဆန်းယဉ် စက္ခုဒါနဆေးရုံတော်၌ ဒုတိယအကြိမ် အခမဲ့ မျက်စိခွဲစိပ်ခြင်း စက္ခုဒါန အစီအစဉ်ကို (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။

သီတဂူမိုဘိုင်းလ် Eye Clinic အဖွဲ့တွင် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါက်တာ ဒေါ်ခင်အုံးဟန်၊ ဒေါက်တာ စဂျေလွင်နှင့် သီတဂူအာယုဒါနဆေးရုံမှ ဒေါက်တာ မိမိခင် ဦးဆောင် သူနာပြု၀န်ထမ်းများ ပါ၀င်ခဲ့သည်။

မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှ ဆရာ၀န်၊ ဆရာမများ လုပ်အားဒါနကုသိုလ် ပါ၀င်ခဲ့ကြသည်။ (၂၃-၁၀-၂၀၁၃)မှ (၂၇-၁၀-၂၀၁၃)အထိ (၅)ရက်အတွက် လာရောက် စမ်းသပ်စစ်ဆေးကုသခြင်း ခံယူကြသော အပြင်ပလူနာပေါင်း (၆၉၄)ဦး၊ ခွဲစိပ်ကုသခြင်းခံယူပြီး မျက်စိအလင်းရသွားသူ လူနာပေါင်း (၂၄၅)ဦးတို့ ဖြစ်ကြသည်။

 

ကဒုံကနိ၊ ပြင်စလူကျွန်း သီတဂူမျက်စိအလှူတော်

ပြင်စလူကျွန်း၊ မော်လမြိုင်ကျွန်းတို့မှ ဆက်၍ သီတဂူဆရာတော်နှင့် အဖွဲ့သည် ရွှေစင်ကြယ်သင်္ဘောဖြင့် ကဒုံကနိကျွန်းသို့ ဆက်လက်၍ ကြွရောက်တော်မူသည်။ ကဒုံကနိကျွန်းပေါ်ရှိ ကျန်းမာရေး ၀န်ကြီးဌာန၊ တိုက်နယ်ဆေးရုံ၌ ဧရာ၀တီတိုင်းဒေသကြီး ကျန်းမာရေး၀န်ကြီး၏ ကူညီစောင့်ရှောက်မှုဖြင့် ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိပ် ကုသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ခွဲစိပ်ကုသခြင်း စက္ခုဒါနအစီအစဉ်ကို (၂၈-၁၀-၂၀၁၃)မှ (၃၁-၁၀-၂၀၁၃)အထိ ဆောင်ရွက်ခဲ့သည်။

စမ်းသပ်စစ်ဆေး၍ အပြင်လူနာအဖြစ်ခံယူ ကုသမှုခံယူသွားကြသူပေါင်း (၆၂၀)၊ ခွဲစိပ်ကုသမှုခံယူပြီး မျက်စိအလင်းရရှိသွားကြသော လူနာပေါင်း (၁၆၅)ဦးတို့ ရှိခဲ့သည်။

 

အလှူရှင်များ

မော်လမြိုင်ကျွန်း ခွဲစိပ် စက္ခုဒါနအလှူတော်ကို သီတဂူ ဦးမြင့်စိန်+ဒေါ်လှလှအေး (လှဆန်းယဉ်)နှင့် သား သီတဂူဦးမြင့်အောင်+ဒေါ်စိုးမိုးကြည် မိသားစုမှလည်းကောင်း၊ ကဒုံကနိစက္ခုဒါန အလှူတော်ကို သီတဂူ ဦးမောင်သောင်း+ဒေါ်-------နှင့် သီတဂူဦးတင်အေး+ဒေါ်သန်းသန်းအေး မိသားစုတို့မှ အလှူဒါနပြုကြသည်။

မော်လမြိုင်ကျွန်းနှင့် ကဒုံကနိကျွန်းတို့ပေါ်၌ တညတာစီ တရားဓမ္မချီးမြှင့်၍ အမျှအတန်းပေးဝေခဲ့သည်။ မကြာခင်အချိန်၌ ဧရာ၀တီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းသို့ သီတဂူစက္ခုဒါနခရီးစဉ်ကို ကြွချီရန် စီစဉ်လျှက်ရှိသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

mawkyun-1mawkyun-2mawkyun-3

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈