Home

သဲကုန်း သီတဂူရွှေဥရာစုသစ် စက္ခုဒါန မျက်စိအထူးကု အစီအစဉ်

(၁၃-၂-၂၀၁၄ မှ ၁၉-၂-၂၀၁၄)

၁၃-၂-၂၀၁၄ မှ ၁၉-၂-၂၀၁၄ အထိ မျက်စိ ဝေဒနာရှင်ပေါင်း စမ်းသပ်လူနာပေါင်း (၃၀၉၈)။ ခွဲစိပ်လူနာပေါင်း (၅၀၀)ကျော်တို့ကို အလင်းဒါနပေးခဲ့သည်။ လာရောက်ပြသကြသူဦးရေ (၅၀၀၀)ကျော်ထိ ရောက်လာကြသည်။ ၂၂-၂-၂၀၁၄ နေ့အထိ ခွဲစိပ်ကုသပေးမည် ဖြစ်သည်။

Read more: သဲကုန်း သီတဂူရွှေဥရာစုသစ် စက္ခုဒါန မျက်စိအထူးကု အစီအစဉ်

သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်

ပြည်ခရိုင် သဲကုန်းမြို့တွင် ၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ  ကျင်းပခဲ့သည်။

Read more: သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်

သီတဂူစက္ခုဒါနဆေးရုံ (သဲကုန်း)ဖွင့်မည်

ပြည်ခရိုင်၊ သဲကုန်းမြို့၊ သီတဂူဆရာတော်ကြီး၏မွေးရပ်မြေတွင် (၂၇) ရုံမြောက် “သီတဂူစက္ခုဒါနဆေးရုံတော်” အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်မည် ဖြစ်သည်။ 

Read more: သီတဂူစက္ခုဒါနဆေးရုံ (သဲကုန်း)ဖွင့်မည်

စစ်ကိုင်းရောက် ဖိုးကံကောင်းတစ်ယောက်

သီတဂူကျန်းမာရေး၊ ပညာရေး စောင့်ရှောက်အဖွဲ့တို့သည် နာဂတောင်တန်းဒေသ၊ ဟုမ္မလင်းတို့ကို ရောက်ရှိ၍ ၃၁-၁၂-၂၀၁၃ မှ ၁၅-၁-၂၀၁၄ ရက်နေ့အထိ မျက်စိခွဲစိပ်ကုသခြင်း၊ သွားခံတွင်းကုသပေးခြင်း၊ နုတ်ခမ်းကွဲ အာခေါင်ကွဲများ ကုသပေးခြင်းအပြင် အထွေထွေကျန်းမာရေးများကိုပါ စစ်ဆေးကုသလျှက် ရှိရာ ထိုလူနာထဲတွင် သေသူဟုသတ်မှတ်ထားသော မောင်အောင်မင်းဟိန်းတစ်ယောက် သီတဂူဆရာတော်ကြီးနှင့် တွေ့ကြုံရသဖြင့် သူ့အတွက် မဟာ့မဟာကံထူးရှင် ဖြစ်ခဲ့ရသည်။

သူ့အပြင် သူ့လို ကံထူးရှင် ကလေးများကို နယ်ဒေသဆေးရုံတွေတွင် အဆင်မပြေသဖြင့် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံသို့ ခေါ်ဆောင်ကာ ဂရုတစိုက် ကုသပေးခြင်း စောင့်ရှောက်ပေးလျှက်ရှိသည်။ သီတဂူအာယုဒါနဆေးရုံမှ ဆရာ ဆရာမများ၏ နွေးထွေးစွာ စောင့်ရှောက်မှုတို့ကြောင့် ထိုကလေးများ စစ်ကိုင်းမှာ ပျော်နေကြသည်၊ စစ်ကိုင်းမှ မပြန်ချင်ဘဲ ရှိနေကြသည်။

ကျောက်ခဲကဲ့သို့မာကျောပြီး ဖောင်းကားနေသော မောင်အောင်မင်းဟိန်း၏ ဗိုက်ကလေးသည်လည်း တဖြည်းဖြည်း ပျော့ပြောင်းလာကာ အခြေအနေမှာ တိုးတက်လျှက်ရှိသည်။

သီတဂူဆရာတော်ကြီးသည် နယ်ဝေးများသို့ ဓမ္မဓူတခရီးကြွနေပေမဲ့ အဝေးကနေ တယ်လီဖုန်းဖြင့် ထိုကလေးများ၏ အခြေအနေများကို နေ့စဉ် ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်ထံ မေးလေ့ရှိသည်။ ယခုအခါ စစ်ကိုင်းသို့ရောက်ခိုက် ထိုကလေးများကို သွားရောက်အားပေးသည်၊ သီတဂူအာယုဒါနဆေးရုံသို့ တက်ရောက်ကုသနေကြသော လူနာများကို အခါအားလျှော်စွာ သွားရောက် အားပေးခြင်း၊ ဆေးရုံတွင် သန့်ရှင်းမှုနှင့် လိုအပ်နေသည်များကို ဖြည့်ဆည်းခြင်း၊ မှာကြားခြင်းများ ပြုလုပ်လေ့ရှိသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

phoekankaung01 phoekankaung02 phoekankaung03 phoekankaung04 phoekankaung05 phoekankaung06 phoekankaung07

သီတဂူသာသနာပြုအဖွဲ့၏ နာဂတောင်တန်း ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်ဖြင့် လဟယ်မြို့ ပြည်သူ့ဆေးရုံ၌ ၁၁/၀၁/၂၀၁၄ မှ ၁၃/၀၁/၂၀၁၄ နေ့ အထိ

၁။ မျက်စိအထူးကု ဆရာ၀န်ကြီး ပါမောက္ခဦးမြအောင် ခေါင်းဆောင်သောသီတဂူမျက်စိအထူးကု အဖွဲ့မှ ပြင်ပလူနာပေါင်း ၆၆၆ ဦးကို ကြည့်ရှုစစ်ဆေးပြီး မျက်စိ ဝေဒနာရှင်ပေါင်း ၆၉  ယောက်ကို ခွဲစိတ်ကုသကာ မျက်စိအလင်းဒါန ပြုခဲ့သည်။

၂။ ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာ၀န်ကြီးဒေါက်တာ ပက်ထရစ်တိုးနက်ဦးဆောင်သောဆရာ၀န်/သူနာပြုအဖွဲ့က နှုတ်ခမ်းကွဲ ဝေဒနာရှင်ပေါင်း ၄၃ ယောက်ကို ခွဲစိတ်ကုသပေးခဲ့သည်။

၃။ ဒေါက်တာ ဦးကိုကိုခေါင်းဆောင်သော အင်္ဂလန်နိုင်ငံမှ သွားအထူးကု ဆရာ၀န်အဖွဲ့က ပြင်ပလူနာပေါင်း ၃၉၈ ဦးကို ကြည့်ရှုစစ်ဆေးပြီး သွားဝေဒနာရှင်ပေါင်း ၁၂၂ ယောက်ကို နှုတ်ခြင်း၊ ဖာထေးခြင်း စသည်ဖြင့် ကုသမှုပေးခဲ့သည်။

Read more: သီတဂူသာသနာပြုအဖွဲ့၏ နာဂတောင်တန်း ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်ဖြင့် လဟယ်မြို့...

သီတဂူကရုဏာ (အထက်ချင်းတွင်း)

ချင်းတွင်းအထက်ပိုင်းဒေသရှိ ဟုမ္မလင်းဒေသခံပြည်သူများက အလွန် ရိုးသား ကြင်နာတတ်ကြပြီး သဒ္ဓါတရားကောင်းကြသည်၊ ယဉ်ကျေးသိမ်မွေ့ကြသည်။ သူတို့တတွေမှာ လိုအပ်နေသည်ကား ကျန်းမာရေးစောင့်ရှောက်မှု၊ ခေတ်မီသည့် ကျန်းမာရေး၀န်ဆောင်မှုများ ကျန်းမာရေးအထောက်ကူပြု ပစ္စည်းများ လိုအပ်လျက်ရှိသည်။ ထိုဒေသရှိ တချို့မှာ လည်ပင်းကြီးရောဂါ၊ အသားပိုထွက်ရောဂါနှင့် ကင်ဆာရောဂါများ ရှိနေကြသဖြင့် စိုးရိမ်ရသည်။ထိုအထဲတွင် အသက်တစ်နှစ်သာရှိသေးသည် မောင်အောင်သက်နိုင်ဆိုသည့် ကလေးတစ်ယောက်လည်း ပါလာသည်။ သူသည် ထူးထူးဆန်းဆန်း မျက်လုံးများ ဖွင့်မရသည့် ရောဂါဖြစ်နေသည်။ မျက်ခွန်ကို လှုပ်ရှားပေးနေသည့် ကြွက်သားများ အားနဲနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ထိုဒေသသို့ သီတဂူကျန်းမာရေးနှင့် ပညာရေး စောင့်ရှောက်ရေးအဖွဲ့တို့ ရောက်ရှိသွားသည်။  ထိုကလေးငယ်လေးကိုလည်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့သည်။

Read more: သီတဂူကရုဏာ (အထက်ချင်းတွင်း)

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈