Hospitals

စစ်ကိုင်းရောက် ဖိုးကံကောင်းတစ်ယောက်

သီတဂူကျန်းမာရေး၊ ပညာရေး စောင့်ရှောက်အဖွဲ့တို့သည် နာဂတောင်တန်းဒေသ၊ ဟုမ္မလင်းတို့ကို ရောက်ရှိ၍ ၃၁-၁၂-၂၀၁၃ မှ ၁၅-၁-၂၀၁၄ ရက်နေ့အထိ မျက်စိခွဲစိပ်ကုသခြင်း၊ သွားခံတွင်းကုသပေးခြင်း၊ နုတ်ခမ်းကွဲ အာခေါင်ကွဲများ ကုသပေးခြင်းအပြင် အထွေထွေကျန်းမာရေးများကိုပါ စစ်ဆေးကုသလျှက် ရှိရာ ထိုလူနာထဲတွင် သေသူဟုသတ်မှတ်ထားသော မောင်အောင်မင်းဟိန်းတစ်ယောက် သီတဂူဆရာတော်ကြီးနှင့် တွေ့ကြုံရသဖြင့် သူ့အတွက် မဟာ့မဟာကံထူးရှင် ဖြစ်ခဲ့ရသည်။

သူ့အပြင် သူ့လို ကံထူးရှင် ကလေးများကို နယ်ဒေသဆေးရုံတွေတွင် အဆင်မပြေသဖြင့် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံသို့ ခေါ်ဆောင်ကာ ဂရုတစိုက် ကုသပေးခြင်း စောင့်ရှောက်ပေးလျှက်ရှိသည်။ သီတဂူအာယုဒါနဆေးရုံမှ ဆရာ ဆရာမများ၏ နွေးထွေးစွာ စောင့်ရှောက်မှုတို့ကြောင့် ထိုကလေးများ စစ်ကိုင်းမှာ ပျော်နေကြသည်၊ စစ်ကိုင်းမှ မပြန်ချင်ဘဲ ရှိနေကြသည်။

ကျောက်ခဲကဲ့သို့မာကျောပြီး ဖောင်းကားနေသော မောင်အောင်မင်းဟိန်း၏ ဗိုက်ကလေးသည်လည်း တဖြည်းဖြည်း ပျော့ပြောင်းလာကာ အခြေအနေမှာ တိုးတက်လျှက်ရှိသည်။

သီတဂူဆရာတော်ကြီးသည် နယ်ဝေးများသို့ ဓမ္မဓူတခရီးကြွနေပေမဲ့ အဝေးကနေ တယ်လီဖုန်းဖြင့် ထိုကလေးများ၏ အခြေအနေများကို နေ့စဉ် ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်ထံ မေးလေ့ရှိသည်။ ယခုအခါ စစ်ကိုင်းသို့ရောက်ခိုက် ထိုကလေးများကို သွားရောက်အားပေးသည်၊ သီတဂူအာယုဒါနဆေးရုံသို့ တက်ရောက်ကုသနေကြသော လူနာများကို အခါအားလျှော်စွာ သွားရောက် အားပေးခြင်း၊ ဆေးရုံတွင် သန့်ရှင်းမှုနှင့် လိုအပ်နေသည်များကို ဖြည့်ဆည်းခြင်း၊ မှာကြားခြင်းများ ပြုလုပ်လေ့ရှိသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

phoekankaung01 phoekankaung02 phoekankaung03 phoekankaung04 phoekankaung05 phoekankaung06 phoekankaung07

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈