**********
ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက သီတဂူဆရာတော်ကြီးဟာ နီပေါလ်နိုင်ငံ လမ္ဗိနီဥယျာဉ်ရှိ The Lumpini ပြတိုက်ကို သွားရောက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် အဆူ သုံးဆယ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒီဗုဒ္ဓရုပ်တုတော်တွေကို နီပေါလ်သမ္မတ မစ္စတာ ဘစ်ဒရာဒေဗီ ဘန္ဒရီက ၂၀၁၉ ခုနှစ် အောက်တိုဘာလက မြန်မာနိုင်ငံကို လာရောက်စဉ်က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဤသုံးဆယ်သော ဗုဒ္ဓရုပ်ပွားတော်များသည် နိုင်ငံပေါင်းစုံ၊ ခေတ်ပေါင်းစုံ၊ မုဒြရာမျိုးစုံ ဖြစ်သည်။ ရုပ်ပွားတော်များသည် သုံးပေမြင့်ပြီး မြန်မာနိုင်ငံ မန္တလေးမြို့တွင် ကြေးဝါဖြင့် ပြုလုပ်ထားပါသည်။
ဆောက်လုပ်ဆဲ စတုရန်းမီတာ တစ်သောင်းရှိသော ပြတိုက်ကြီး အလှဆင်ရန် ဆရာတော်ကြီးက ဒေါ်လာ တစ်သောင်း လှူဒါန်းခဲ့ပါသည်။
Lumbini ပြတိုက်ဟာ ဗုဒ္ဓရဲ့ ဇာတိသမိုင်းနဲ့ ထင်ရှားမှုကို ပြသထားတဲ့ ကမ္ဘာ့ပထမဆုံး ပြည်နယ်အနုပညာပြတိုက် ဖြစ်လာမှာဖြစ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
**********
၂၂-၃-၂၀၂၂ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (Sitagu International Buddhist Academy) နှင့် ပါဠိ ဗုဒ္ဓ အင်စတစ်ကျု (Postgraduate Institute of Pali and Buddhist Studies) တို့ တက္ကသိုလ်နှစ်ခု ဆရာ ကျောင်းသား ဘာသာရပ်တို့ အသိအမှတ်ပြု နားလည်မှု သဝဏ်လွှာ MOU ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ လက်မှတ်ထိုးကြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
**********
စုံစမ်းရန်ဖုန်း - ၀၉-၇၉၅၆၂၄၁၁၆/၀၉-၄၂၈၁၈၃၃၆၅
**********
၂၀၂၂−၂၀၂၃ ပညာသင်နှစ်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည် ဖွင့်လှစ် သင်ကြားမည် ဖြစ်ပါသည်။
၂၀၂၁−၂၀၂၂ ပညာသင်နှစ် (၁) နှစ်ပတ်လုံး ပိတ်ထားခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကို ယခု ၂၀၂၂−၂၀၂၃ ခု ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သီတဂူသင်ကြားစီမံ ဆရာတော်များ၏ အစည်းအဝေးက ဆုံးဖြတ်သည်။
တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများမှာ ယခင်နှစ်များကဲ့သို့ ဖြစ်သော်လည်း တက္ကသိုလ်အတွင်း နေထိုင်ခွင့် အသက်ကို ယခင်က ၂၈ နှစ်အထိသာ သတ်မှတ်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ အသက် ၃၀ အထိ လက်ခံမည် ဖြစ်ကြောင်း အစည်းအဝေးက ဆုံးဖြတ်သည်။
ဝင်ခွင့်လျှောက်လွှာ တင်ခြင်း၊ ဝင်ခွင့် စာမေးပွဲ ဖြေဆိုခြင်း စသည် စည်းကမ်းမျာကိုမူ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
**********
ဆင်များရှင် ဘုရား စိန်ဖူးတော် ငှက်မြတ်နားတော် တင်လှူပူဇော်သည်။
သီတဂူသံဃာတော်များက ရတနာရွတ်ဝတ်စဉ်ကို ရွတ်ဆိုပူဇော်ကြသည်။ သီတဂူအဓိပတိဆရာတော်ကြီးနှင့် သက်တော် ၉၀ ကျော်ဆရာတော်ကြီး ၇ ပါးက ဘဝတု သဗ္ဗမင်္ဂလာ ဂါထာများကို ရွတ်ဆိုပူဇော်သည်။
**********
၉-၃-၂၀၂၂ နေ့ မနက်ပိုင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) မဟာဘွဲ့နှင်းသဘင်ခန်းမဆောင်မှာ ကျင်းပသော စတုတ္ထအကြိမ် မဟာဘွဲ့နှင်းသဘင် အခမ်းအနားသို့ သီတဂူအဓိပတိ ဆရာတော်ကြီး အမှူးပြုသော ပါမောက္ခ၊ ကထိက၊ ဘွဲ့ခံ ကျောင်းသား ၄၀၀ နီးပါး တက်ရောက်ကြပါတယ်။
ဒေါက်တာ Ph.D ဘွဲ့ရ ၃ ပါး။
မဟာဝိဇ္ဇာ M.A ဘွဲ့ရ ၁၀၁ ပါး။
ဝိဇ္ဇာ B.A ဘွဲ့ရ ၂၆၂။
စုစုပေါင်း ဘွဲ့ခံ ကျောင်းသား ၃၆၆ ပါး ဖြစ်ပါတယ်။
စစ်ကိုင်း မန္တလေး သီတဂူဗုဒ္ဓတက္ကသိုလ်များမှ ကျောင်းသားများ ဖြစ်ပါတယ်။
အခမ်းအနားကို ၁:၂၀ မိနစ်လောက်နဲ့ ခမ်းနားထည်ဝါစွာ အပြီး ကျင်းပသွားပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
We have 7 guests and no members online
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။
Read More...
ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။
Read More...
သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို
Read More...
တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ
Read More...
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈