**********
၁၃-၁၁-၂၀၂၄ နေ့၊ နေ့လည်အချိန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘုရားတီးရား
ပြည်နယ် အကြီးအကဲအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့အဖွဲ့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့အဖွဲ့ လာရောက် ဂါရဝပြုကြပါသည်။
မြန်မာ ရုရှား ချစ်ကြည်ရေးနှင့် နှစ်နှစ်နိုင်ငံရှိ ဗုဒ္ဓဘာသာ အပြန်အလှန် ကူညီရေး စသည်တို့ကို ချစ်ခင် ရင်းနီးစွာ ဆွေးနွေးကြသည်။
**********
ဗုဒ္ဓသာသနာတော်ကြီးကမ္ဘာ့အနှံ့ပြန့်ပွားစေရန်ရည်ရွယ်ကာ သက်တော်(၈၉)နှစ်အရွယ်ရှိပြီဖြစ်သော ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် Internatiional Buddhist Confederation ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အသောကဟိုတယ်တွင်ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 ကို ကြွရောက်ခဲ့ပါသည်။ အခမ်းအနားကို အိန္ဒိယနိုင်ငံ၏သမ္မတကြီးနှင့် နိုင်ငံပေါင်း(၃၀)မှ ဖိတ်ကြားထားသောဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ လူပေါင်း(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နံနက်(၈း၀၀)နာရီတွင် စတင်ခဲ့ပါသည်။ ထို့နောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် နံနက်(10:40)နာရီ မှ (10:45)အထိ (၅)မီနစ်စာ “Recognition of Pali as a Classical Indian Language” အကြောင်း မိန့်ခွန်ပြောကြားခဲ့ပါသည်။ ညနေ(4:00)နာရီအချိန်တွင် မိမိတို့တည်းခိုရာ ဟိုတယ်သို့ ပြန်ကြွခဲ့ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...
**********
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီးက က်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော အခမ်းအနားမှာ လှူဒါန်းခဲ့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
**********
၂၀၂၄ ခု၊ ၆ လပိုင်းက စစ်ဆေးပြီး ခွဲရန် သက်မှတ်ထားသူ မျက်စိဝေဒနာရှင် ၃၀၀ ကျော်ဦးအား၂၃-၈-၂၀၂၄ မှ စတင် စမ်းသပ် ခွဲစိပ်ကုသပေးပါသည်။ ပြန်လည်စစ်ဆေးပြီး ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်တိုင် ၂၃၀ ဦးအား ခွဲစိပ်ကုသပေးခဲ့ပါသည်။
ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီး ၁၄ ဦး သူနာပြု အကူသူနာပြု ကြက်ခြေနီ အထောက်ကူပြု ဝေယျာဝစ္စအဖွဲ့ အလှူရှင်တို့၏ ပူပေါင်းပါဝင် ကုသိုလ်ပြုခြင်းဖြင့် (၇)ကြိမ်အထိ
(က) ၈၂၃၀ ဦးအား စမ်းသပ်စစ်ဆေးပေးခြင်း
(ခ) ၂၆၃၇ ဦးအား ခွဲစိပ်ကုသပေးခြင်း
(ဂ) ၁၆၈ ဦးအား လေဆာပစ်၍ကုသပေးခြင်းတို့ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့သည်။
လူနာအသစ်တွေကိုတော့ ၈ ကြိမ်မြောက် မျက်စိအလှုမှာသာ ပါဝင်နိုင်မည်ဖြစ်ပါသည်။ အသစ်ခေါ်မည့် ရက်ကို ဤနေရာမှ ကြေညာပေးပါမည်။
စက္ခုံ ဥဒပါဒိ။
အာလောကော ဥဒပါဒိ။
သီတဂူစက္ခုဒါနဆေးရုံ
ရန်ကုန်
**********
၂၂.၈.၂၀၂၄ နေ့တွင် ကျေးဇူးတော်ရှင်အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီးအား သီရိလင်္ကာနိုင်ငံရှိ ဆီယမ်နိကာယ၏ မဟာဝိဟာရဝံသိက ကော့တေးချက်ပတားသံဃကောင်စီက "ထေရဝါဒဝံသာလင်္ကာရ သီရိမဟာဂဏာစရိယ သဒ္ဓမ္မကိတ္တိဿိရိဘွဲ့" တံဆိပ်တော်ကိုဆက်ကပ်ပူဇော်ပါသည်။
ထိုဘွဲ့တံဆိပ်သည် နှစ်ပေါင်းတစ်ရာကျော်အတွင်း မြန်မာသံဃာရာဇာတစ်ပါးအား ပထမဆုံးအကြိမ်ဆက်ကပ်ပူဇော်ခြင်းဖြစ်ကြောင်း ဝမ်းမြောက်စွာ ဂုဏ်ယူ ကုသိုလ်ပွားနိုင်ကြပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
We have 5 guests and no members online
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။
Read More...
ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။
Read More...
သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို
Read More...
တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ
Read More...
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈