Home

ရုရှားနိုင်ငံ အတာနာမီ ယဉ်ကျေးမှုမြို့တော်တွင် တည်ထားသော ရွှေစည်းခုံ စေတီတော်သမိုင်း အပိုင်း (၁)

**********

ရုရှားနိုင်ငံ မော်စကိုမြို့နှင့် ၁၃၀ ကီလိုမီတာအကွာရှိ ယဉ်ကျေးမှု့မြို့တော်၌ ရွှေစည်းခုံ စေတီတော်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က အုတ်မြစ်စီ၍ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ စေတီတော် အောက်ခံ ဂန္ဓကုဋိတိုက်နှင် စေတီတော်သည် ၉၀ ရာခိုင်နှုန်းခန့် ပြီးနေပြီဖြစ်ပါသည်။

 

စေတီတော်ကို ၁၁ ရာစုနှစ်များစီက ပုဂံမြို့တွင် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားတော်မင်းကြီး(ခမည်းတော်နှင့် သားတော်) မင်းနှစ်ပါးတို့ တည်ထားခဲ့သော ရွှေစည်းခုံ စေတီတော်၏ ပုံစံတူ ဖြစ်သည။ ရင်ပြင် ဖိနပ်ခုံမှ စိန်ဖူးတော်အထိ (၅၂) ပေ အမြင့်ရှိသည်။ ပထမ မြန်မာနိုင်တော်ကြီးကို စည်းလုံးတည်ထောင် ဖန်ဆင်းခဲ့သော အနော်ရထာမင်းကြီးသည် သူ၏ စေတီတော်ကြီးကို စည်းခုံဟု အမည်တော်ပြုခဲ့သည်။

 

စည်းခုံဟူသော စာလုံးကို သီတဂူဆရာတော်က ဇေယျနှင့် ခေမ စာလီုး နှစ်ခု ပေါင်းစပ်၍ ဖြစ်ပေါ်လာသည်ဟု ကြံဆသည်။ ဇေယျမှ ဇည်း, ဇည်းမှ စည်းဖြစ်လာပြီး၊ ခေမပုဒ်က ခွမ်၊ ခွမ်မှ ခုံ ဖြစ်လာသည်ဟု ကြံဆသည်။ ထို့ကြောင် ဇေယျခေမ= ဇေယျခုံ= ဇည်းခုံ= စည်းခုံ ဖြစ်လာသည်ဟု ကြံဆသည်။ အောင်မြင်ခြင်း၊ ဘေးရန်ကင်းခြင်း အထိမ်းအမှတ်ဖြစ်ပါသည်။ မင်းလှဂုဏ်ရောင်ဆရာတော်နှင့် တမ္ပဝတီ ဦးဝင်းမောင်တို့က ဤအယူအဆကို နှစ်သက် ထောက်ခံကြသည်။

 

စည်းခုံဟူသော စာလုံးကို သီတဂူဆရာတော်က ဇေယျနှင့် ခေမ စာလုံး နှစ်ခု ပေါင်းစပ်၍ ဖြစ်ပေါ်လာသည်ဟု ကြံဆသည်။ ဇေယျမှ ဇည်း, ဇည်းမှ စည်းဖြစ်လာပြီး၊ ခေမပုဒ်က ခွမ်၊ ခွမ်မှ ခုံ ဖြစ်လာသည်ဟု ကြံဆသည်။ ထို့ကြောင် ဇေယျခေမ= ဇေယျခုံ= ဇည်းခုံ= စည်းခုံ ဖြစ်လာသည်ဟု ကြံဆသည်။ အောင်မြင်ခြင်း၊ ဘေးရန်ကင်းခြင်း အထိမ်းအမှတ်ဖြစ်ပါသည်။ မင်းလှဂုဏ်ရောင်ဆရာတော်နှင့် တမ္ပဝတီ ဦးဝင်းမောင်တို့က ဤအယူအဆကို နှစ်သက် ထောက်ခံကြသည်။

 

စေတီတော်ကြီး၏ အောက်ခံ ဂန္ဓကုဋိကျောင်းတော်အတွင်း၌ အလယ်ဗဟိုတွင် အနောက်နံရံကိုမှီ၍ အမြင့် ၇ ပေခွဲရှိ ဆင်းတုတော် ကြီး ထားရှိသည်။ ဤဆင်းတုတော်ကြီး၏ပုံဟန်မှာ ပုဂံမြို့ မြင်းကဘာရွာအနီး တိလောကဗိုလ် စေတီတော်ကြီးအတွင်းရှိ ကြာခြေဆင်း ဆင်းတုတော်၏ ပုံတော်ကို ပုံတူကူး၍ မွမ်းမံတည်ဆောက်ထားခြင်း ဖြစ်သည်။ ပုဂံမြို့ ဝင်းဘရားသား ယွန်းထည်လုပ်ငန်းမှ ယွန်းထည်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ပလ္လင်တော်မှာ ဗုဒ္ဓဝင် ကိုးခန်း ကျွန်းသားရုပ်ကြွများဖြင့် ထုလုပ်ထားသည်။ တမ္ပဝတီ ကိုချိုဇော်မင်း လက်ရာဖြစ်သည်။ ထိုပလ္လင်နှင့် ဆင်းတုတော်ကို သီတဂူဆရာတောက လှူဒါန်းထားပါသည်။ ရွှေစည်းခုံစေီတော်နှင့် ကျောင်းတော်ကြီးကို ကမ္ဘောဇ ဦးအောင်ကိုဝင်း+ ဒေါ်နန်းသန်းထွေး မိသားစုတို့မှာ လှူဒါန်းပါသည်။ ရွှေစည်းခုံစေတီတော်ကြီးကို ရွှေရောင် စတိန်းလတ်စတီးများဖြင့် တည်ဆောက်ထားပါသည်။ ပညာရှင်မှာ ကိုရန်လင်းအောင်နှင့် ညီအကိုများ (တော်ဝင်စတီးလုပ်ငန်း) ရန်ကုန်မြို့ မှ ဖြစ်ပါသည်။

 

ဂန္ဓကုဋိကျောင်းတော်အတွင်းနံရံ လေးဘက်၌ (Niche) ခေါ် နံရံထွင်းမုခ်လှိုဏ် (၃၀) ရှိပါသည်။ ထိုမုခ်ပေါက်(၃၀) တို့အတွင်း၌ ဗုဒ္ဓသာသနာထွန်းါကားရာ တိုင်းပြည်အသီးသီးက ခေတ်အဆက်ဆက် ယဉ်ကျေးမှု့လက်ရာ မျိုးစုံတို့ဖြင့်ထုလုပ်ကိုးကွယ်ခဲ့ကြသော ၂၇ လက်မ ဉာဏ်တော်အရွယ်ရှိ ဆင်းတုတော်ပေါင်း (၃၀) ထည့်သွင်းပူဇော်ထားသည်။ အာရှတိုက်၏ ဗုဒ္ဓဘာသာအနုပညာ (Buddhist Art) ကို လေ့လာလိုသော အနောက်တိုင်းသား ( Asian study) ပုဂ္ဂိုလ်များအတွက် ဤရွှေစည်းခုံ စေတီတောကြီးက များစွာအကူအညီ ပေးပါလိမ်မည်။ ထိုဆင်းတုတော်အဆူ (၃၀)တို့အနက် သီတဂူဆရာတော်နှင့် တမ္ပဝတီဦးဝင်းမောင်တို့ စိတ်ကြိုက်ရွေးခြယ်ထားသော ဆင်းတုတော်များသမိုင်း၏ ခေတ်ဦး အေဒီ -၂ ရာစု က ဂန္ဓာရဆင်းတုတော်အကြာင်း အနည်းငယ် မိတ်ဆက်ဖေါ်ပြပါမည်။ ဗုဒ္ဓသာသနာတော်သမိုင်းအရ ဂန္ဓာရတိုင်းဟူသည် ယနေ့ခေတ် ပါကစ္စတန်နှင့် အာဖဂန် နစ္စတန် တို့ဖြစ်သည်။ (ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းရှု)။ ယောနကတိုင်းသည်လည်း ဂန္ဓာရ၏ မြောက်ဘက်နားရှိ ဥဇဘက်ကစ္စတန်နှင့် တာဂျစ်ကစ္စတန် နယ်မြေများ ဖြစ်ခဲ့ပါသည်။ ဘီစီ-၃၀၀ ခန့်က အသောကမင်းတရားသည် တတိယ သံဃာယနာတင်ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ရာတွင် (ဂန္ဓာရတိုင်း ဟူသော) ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နိုင်ငံများသို့ မဇ္ဈန်တိကမထေရ်နှင့် သာသနာပြာအဖွဲ့များ ကြွရောက်တော်မူကြပါသည်။ ဂန္ဓာရတိုင်းသားတို့သည် ဗုဒ္ဓသာသနာတော်၌ အလွန်ပင်နှစ်ခြိုက် သက်ဝင်ကြသည်။ (ဘာမီရန်တောင်တန်းရှိ ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူဆင်းတုတော်ကြီးကို ကြည့်ပါ)။ ထိုတောင်တန်းတလျှောက် တောင်လှိုဏ်ဂူများအတွင်း၌ ဆင်းတုတော်များ ထုလုပ်ကိုးကွယ်ကြ ၍ ပိဋကတ်တော်များကို ပေ, ပုရပိုက်များတွင် ရေးခဲ့ကြသည်။ ဂန္ဓာရကျောက်ဆစ် ဗုဒ္ဓဝင်ရုပ်ကြွများသည် ယနေ့ခေတ် အိန္ဒိယ၊ ဥရာပ၊ အင်္ဂလန်၊ အမေရိကန် ပြတိုက်များသို့ ပျံ့နှံရောက်ရှိနေပသည်။ ပေ, ပုရပိုက်အချို့လည်း နယ်သာလန်နိုင်ငံ အမျိုးသားပြတိုက် သို့ ရောက်ရှိနေပါသည်။ ကျောက်ဆစ်ပညာရှင် အများစုတို့က ဂန္ဓာရတိုင်း၏ ဆင်းတုတော်များသည် ဆင်းတုတော်သမိုင်းတွင် အစောဆုံးဖြစ်သည်ဟု ယူဆကြသည်။ ထို့ပြင် ဂန္ဓာရတိုင်း ( ပါကစ္စတန်၊ အာဖဂန်နစ္စတန်)၊ ယောနကတိုင်း ( တာဂျစ်ကစ္စဆန်, ဥဇဘက်ကစ္စတန်) နှင့် အိန္ဒိယပြည် မြောက်ပိုင်းတစ်ခုလုံးကို ဂရိမင်း အဆက်ဆက်တို့ နှစ်ပေါင်းများစွာ လွှမ်းမိုးအုပ်ချပ်ခဲ့ကြသည်။ (Indo Greece စာအုပ်ကိုကြည့်) ထို့ကြောင့် သီတဂူဆရာတော်နှင့် တမ္ပဝတီ ဦဝင်းမောင်တို့သည် ဆင်းတုတော်သမိုင်းတွင် အစောဆုံးဖြစ်သော ဂန္ဓာရ ဆင်းတုတော်ကို ဦးစာပေးရွေးခြယ်၍ ပုံတူပြုခဲ့သည်။

 

ဆင်းတုတော်ကို ဖူးမျှော်ကြည့်ပါ ဆံပင် အကွေးအညွတ်များ, သင်္ကန်း အတွန့်အလိမ်များသည် ဂရိယဉ်ကျေးမှုများ ဗုဒ္ဓဆင်းတုတော်များ၌ စိမ့်ဝင်သက်ရောက်လျက်ရှိကြောင်း တွေ့ရပါသည်။ အခြားဆင်းတုတော်များအကြောင်းကိုလည်း ဆက်လက်တင်ပြပါမည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိပါစေ...။

 

သီတဂူဆရာတော်၏ Lecture များမှ ထုတ်နှုတ်တင်ပြပါသည်။

 

သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

20210911-news-01

20210911-news-02

20210911-news-03

ရုရှားနိုင်ငံသို့ ရောက်ရှိနေသော လမ်းလျှောက်ဟန် ရုပ်ပွားဆင်းတုတော်

**********

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် Etnomir World Cultural Center ၏ ဥယျာဉ်ပြင်ပနေရာတွင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီး ကိုယ်တိုင် ကြပ်မက်ပြီး သီတဂူအဖွဲ့နှင့် Etnomir အဖွဲ့များက လမ်းလျှောက်ဟန် ဗုဒ္ဓရုပ်ပွားတော်ကို တပ်ဆင်ခဲ့ပါသည်။

 

ရုပ်တုတော်ကို ရွှေစည်းဂုံစေတီတော်ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပါသည်။

 

အာရှတစ်လွှားမှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ လက်ယာလက်နဲ့ လမ်းလျှောက်နေဟန် ရုပ်တုတော်၊ သို့မဟုတ် အဘယမုဒြာ လက်ယာလက်နဲ့ လျှောက်လှမ်းနေတဲ့ဟန် ရုပ်တုတော်တွေကို တွေ့ရမှာဖြစ်ပါတယ်။

 

မြန်မာ့နိုင်ငံမှာ အစောဆုံး ဟန် A.D. ခေတ်က ပုဂံအနုပညာရဲ့ ထူးခြားတဲ့လက်ရာရှိတဲ့ ပေ ၂၀ အမြင့်ရှိ ကြေးရုပ်တုကို မန္တလေးမြို့မှာ ပြုလုပ်ပြီး ရုရှားနိုင်ငံကို ပင်လယ်ကတဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။

 

ရုပ်တုတော်ကြီးကို ရန်ကုန်မြို့၊ မြမေတ္တာမွန် ကုမ္ပဏီက လှူဒါန်းပါတယ်။

 

ဓာတ်ပုံ။ သီတဂူကျော်ဆန်းဝင်း

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

20210910-news-01

20210910-news-02

20210910-news-03

20210910-news-04

20210910-news-05

သီတဂူဆရာတော်ထံ ရုရှားရဟန်း လာရောက်ကန်တော့

ရုရှားနိုင်ငံသား တစ်ယောက်ဖြစ်သူ Кондратьев Алексей Владимирович သည် လွန်ခဲ့သော ငါးနှစ်က ထိုင်းနိုင်ငံတွင် ရဟန်းဘဝကို ခံယူခဲ့ပြီး ရုရှားနိုင်ငံ၌ သာသနာပြု နေထိုင်လျက်ရှိသည်။ ဆရာတော်၏ ဘွဲ့အမည်မှာ Брахмачако(Brahmachako) ဖြစ်ပါတယ်။

 

ဆရာတော်သည် ယခုအခါ သက်တော် ၄၄ နှစ် ရှိပြီး ဝါတော် ၅ ဝါ ရှိနေပြီ ဖြစ်ပါတယ်။

 

ယနေ့ ၅-၉-၂၀၂၁ ရက်နေ့တွင် ဆရာတော်သည် မော်စကို ထေရဝါဒ ဗုဒ္ဓစင်တာသို့ လာရောက်၍ သီတဂူဆရာတော် ဘုရားကြီးအား ဂါရဝပြုရန် ရောက်ရှိခဲ့ပါတယ်။

 

ထို့အတွက်ကြောင့် ရုရှားနိုင်ငံသား ဖြစ်လင့်ကစား ဗုဒ္ဓသားတော် တစ်ပါးအဖြစ် ခက်ခဲစွာ ရပ်တည်နေရသော ဆရာတော် ဘုရားအား ရိုသေစွာ ကန်တော့အပ်ပါသည်။

 

ထို့အပြင် ဆရာတော်ဘုရားကြီးအား လာရောက် လှူဒါန်းရခြင်းကြောင့် မိမိကိုယ်တိုင် ဝမ်းမြောက်ပီတိ ဖြစ်ရုံတင်သာမက မြင်သူအပေါင်း ၊ကြည့်ရှု့ရသူအပေါင်း သတ္တဝါအားလုံး ကြည်နူးချမ်းမြေ့ကြပါစေ၊ ကိုယ်စိတ်နှလုံး သုံးပါး ရွှင်ပြုံးနိုင်ကြပါစေ၊ စိတ်ချမ်းမြေ့ကြည်နူးစွာ သာဓုခေါ်ဆိုနိုင်ကြပါစေရန် အလို့ငှာ ကုသိုလ်ဒါန ပြုအပ်ပါသည်။
မျှဝေပါသည်။

 

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

 

20210906-news-08

20210906-news-09

သီတဂူဆရာတော် ရုရှားနိုင်ငံ၊ နိုင်ငံတကာ ယဉ်ကျေးမှုမြို့တော် လုပ်ငန်းပြိးစီးမှု ကြည့်ရှု စစ်ဆေး

ကျေးဇူးရှင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်သည် ရုရှားနိုင်ငံ၊ နိုင်ငံတကာ ယဉ်ကျေးမှုမြို့တော်မှာ မြန်မာတို့အတွက် ရွှေစည်းခုံ စေတီတော်နှင့် ဂန္ဓကုဋိ ဘုရားကျောင်းဆောင်၊ ရုပ်ပွားဆင်တုတော်များနှင့်င့် မြန်မာတို့ရဲ့ ပန်းဆယ်မျိုး အနုပညာလက်ရာများကို ပြုလုပ်လျက်ရှိပါသည်။ ယခုအခါ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါသည်။

 

မကြာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်မှာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ထည်ဝါစွာ တွေ့မြင်ရမှာ ဖြစ်ပါသည်။

 

ဓာတ်ပုံ = သီတဂူကျော်ဆန်းဝင်း

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

20210906-news-01

20210906-news-02

20210906-news-03

20210906-news-04

20210906-news-05

20210906-news-06

20210906-news-07

သီတဂူအာယုဒါနဆေးရုံမှာ ကိုဗစ်၁၉ ကာကွယ်ဆေး ထိုးပေးနေ

၃-၈-၂၀၂၁ နေ့ကစ၍ စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနဆေးရုံမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ အစီအစဉ်ဖြင့် စစ်ကိုင်းတောင်ရိုးရှိ ရဟန်း သာမဏေ သီလရှင် တို့အား COVID 19 ကာကွယ်ဆေးများကို ထိုးပေးနေပါပြီ။

 

ကိုဗစ်၁၉ ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ကြပါစေ။

 

ဓာတ်ပုံ = သီတဂူကျော်ဆန်းဝင်း

 

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

20210803-news-01

20210803-news-02

20210803-news-03

20210803-news-04

20210803-news-05

20210803-news-06

20210803-news-07

20210803-news-08

သီတဂူသံဃသန္နိပါတ လေးထပ်ကျောင်းဆောင်ကြီး၏ မျက်နှာစာ

၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော သံဃာတစ်ထောင်ကျော် တပြိုင်တည်း စုဝေးနိုင်သည့် လေးထပ်ကျောင်းဆောင်ကြီးသည် စစ်ကိုင်း၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီမှာ တည်ရှိပါသည်။

 

၁။ စတုတ္ထထပ်သည် ကြီးကျယ်ခမ်းနားသော ထိုင်တော်မူ ရုပ်ပွားဆင်းတုတော်ကြီးနှင့် သံဃာတစ်ထောင်ကျော် စည်းဝေးရာ ခန်းမဆောင်ကြီး ဖြစ်ပါသည်။

 

၂။ တတိယထပ်သည် စာသင်ခန်းများ၊ အစည်းဝေးခန်း၊ သံဃာတော်များ သီတင်းသုံးရာ ခန်းမများ ပါဝင်သည်။

 

၃။ ဒုတိယထပ်သည် သံဃာတစ်ထောင်ကျော် တပြိုင်တည်း ဆွမ်းဘုဉ်းပေးနိုင်ရန် ဆွမ်းစားဆောင် ဖြစ်ပါသည်။

 

၄။ မြေညီထပ်သည် ရုံးခန်းများ၊ ကားပါကင်များပါဝင်သော အထပ်ဖြစ်သည်။

 

၅။ ကျောင်းတော်ကြီး၏ မျက်နှာစာမှာ ကြီးကျယ်ခမ်းနားသော ရပ်တော်မူ ရုပ်ပွားဆင်းတုတော်ကြီးကို ဖူးမြင်ရမှာ ဖြစ်ပါသည်။

 

ဓာတ်ပုံ။ သီတဂူကျော်ဆန်းဝင်း

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့

 

4-storey-building-01

4-storey-building-02

4-storey-building-03

4-storey-building-04

4-storey-building-05

4-storey-building-06

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 5 guests and no members online

  • Tab 1

    သီတဂူဆရာတော်  ဒေါက်တာ အရှင်ဉာဏိသရ၏ ထေရုပ္ပတ္တိအကျဉ်း

    ဆရာတော်အလောင်းအလျာကို  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မီးရှူးသန့်စင်ခဲ့ပါသည်။
    ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅) ခုနှစ်မှစ၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ  ရွာဦးကျောင်းတွင်  စတင်လေ့လာသင်ယူခဲ့ပါသည်။
    ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃) ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ရှင်သာမဏေအဖြစ် သံဃာ့ဘောင်သို့၀င်ရောက်ခဲ့ပါသည်။



    Learn More
     
     
     
     
  • Tab 2

    ဗဟိုတက္ကသိုလ်

    စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၆ဝဝ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၈ဝ ကျော် နှင့် M.A တန်းအောင်များကိုပါ မွေးထုတ်ပေးပြီး ဖြစ်သည်။

    Read More

    တက္ကသိုလ်ခွဲများ

    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်၀င်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့၀န်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ B.A course များကို သင်ကြားပေးလျက်ရှိသည်။

    Read More

တက္ကသိုလ်များ


စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။

Read More...

အကျိုးပြုလုပ်ငန်းများ


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။

Read More...

သာသနာပြုလုပ်ငန်းစဉ်များ


သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို

Read More...

တရားစခန်းများ


တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ

Read More...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈