Home

သီတဂူဆရာတော်ထံ ပြည်ပယောဂီ လာရောက်ဖူး

သီတဂူ ၂၀၁၇ ဇန္နဝါရီ

ဒီကနေ့ (၃-၁-၂၀၁၇) နေ့လည်ပိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာBuddha Path Ahimsa Trust အဖွဲ့ဝင် အိန္ဒိယ၊၊ အမေရိက၊ ကညာ၊ ဆွစ်စာလန်၊ အင်္ဂလန် နိုင်ငံတို့မှ ယောဂီပေါင်း ၃၀ ကျော်တို့သည် သီတဂူဆရာတော်ကြီးကို လာရောက်ဖူးမျှော်ပြီး ၁ နာရီကျော်ကြာ ဆရာတော်ကြီးနှင့် တရားဒေသနာများ ဆွေးနွေးခဲ့ကြ။

Read more: သီတဂူဆရာတော်ထံ ပြည်ပယောဂီ လာရောက်ဖူး

သီတဂူဆရာတော်ကြီး၏ နှစ်သစ်ကူးသြဝါဒ

၁-၁-၂၀၁၇

ဒို့တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အင်အားကြီး(၄)ရပ် ညီညွတ်တဲ့ အတွက်ကြောင့် စိတ်ပူပန်စရာမရှိပါဘူး။

နိုင်ငံတော်ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို ကာကွယ်တဲ့နေရာမှာလည်း ဒီအင်အားကြီး(၄)ရပ်သာ ညီညွတ်နေမယ်ဆိုရင် အန္တရာယ်ဘယ်လောက်လာလာ ခုခံကာကွယ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။

Read more: သီတဂူဆရာတော်ကြီး၏ နှစ်သစ်ကူးသြဝါဒ

သီတဂူဆရာတော် စာအုပ်မိတ်ဆက်ပွဲ တက်

သီတဂူ ၂၀၁၆ ဒီဇင်ဘာ ၂၈

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၈-၁၂-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၉:ဝ၀ နာရီအချိန် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော အရှင်သဇ္ဇနမထေရ် ကြိုးစားအားထုတ် ဆောင်ရွက်ထားတော်မူသည့် ပါဠိသဒ္ဒါကျမ်း အင်္ဂလိပ်ပြန်ဆိုခြင်း Pali Grammar (English Translation) စာအုပ်မိတ်ဆက်ပွဲသို့ ကြွရောက်ချီးမြှင့်တော်မူပါသည်။

Read more: သီတဂူဆရာတော် စာအုပ်မိတ်ဆက်ပွဲ တက်

An unforgettable day in Myanmar’s history

Sitagu Sayadaw
Dr. Ashin Nyanissara
(D.Litt., Ph.D.)
16 December, 2016, India

Your Excellencies
Distinguished guests
Ladies and gentlemen
Good morning,

gazette-08I deem it a great honour to have the opportunity of speaking on behalf of the entire Myanmar people at this occasion to mark the centenary of His Majesty King Sipaw’s expiration. Today is an unforgettable day indeed for Myanmar on which His Majesty died here at Ratana Giri at the age of (58). To be exact, this tragic event took place on 16 December 1916. King Sipaw, one of the sons of King Mindon, who was the founder of Mandalay Royal Capital, was born in the capital but died out of the country as a captive of the British imperialists, over which the entire Myanmar people feel immensely bitter about imperialism. I bring with me to this occasion the message of Myanmar people to convey to the whole world that we oppose any forms of aggression or imperialism, and at the same time, condemn any forms of violence or atrocities. And we wish that the world people live in peace, free from worries, with loving-kindness extended to one another.

Read more: An unforgettable day in Myanmar’s history

၁၆-၁၂-၂၀၁၆ နေ့ သီပေါမင်း နတ်ရွာစံ နှစ် (၁၀၀)ပြည့် အထိမ်းမှတ်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ ကျင်းပတဲ့ အခမ်းအနားတွင် သီတဂူဆရာတော် မိန့်ကြားသော မမေ့နိုင်သောနေ့တစ်နေ့

လွန်လေပြီးသောနှစ်ပေါင်း တစ်ရာကြာသောနေ့ (၁၉၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက် နေ့တုံးက မြန်မာတို့ရဲ့ဘုရင် သီပေါဟာ ဒီနေရာ (ရတနာဂီရိ)မှာ နတ်ရွာစံခဲ့ပါတယ်။ မန္တလေးရွှေနန်းတော်မှာဘွားတဲ့၊ မန္တလေးမြို့ကို တည်ထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး၏ သားတော်တစ်ပါးဖြစ်တဲ့ သီပေါမင်းဟာ ၁၉၁၆-ခုနှစ်၊ ဒီဇင်ဘာလ- ၁၆ ရက်နေ့မှာ သက်တော် (၅၈) နှစ်အရွယ်မှာ ကံတော်ကုန်ခဲ့ရပါတယ်။ မြန်မာတို့ရဲ့ ဘုရင်တစ်ပါးဟာ သူ့ရဲ့မွေးရာမြန်မာ့မြေ(မန္တလေး)မှာ မသေရဘဲ တခြားမြေမှာသေရတယ်။ မင်းတစ်ပါးရဲ့ စျာပနဟာ အကျဉ်းသားတစ်ယောက်ရဲ့ စျာပနကဲ့သို့ဖြစ်ရတာဟာ မြန်မာအမျိုးသား တစ်ရပ်လုံးရဲ့ ယနေ့တိုင် မမေ့နိုင်တဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါဟာ နယ်ချဲ့ကျူးကျော်သူတို့ရဲ့ ရိုင်းပြသော လုပ်ရပ်ကြီးတစ်ခု ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Read more: ၁၆-၁၂-၂၀၁၆ နေ့ သီပေါမင်း နတ်ရွာစံ နှစ် (၁၀၀)ပြည့် အထိမ်းမှတ်၊ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ...

မြန်မာဘုရင် သီပေါမင်း ၁၀၀ပြည့် အခမ်းအနား

သီတဂူ ၂၀၁၆ ဒီဇင်ဘာ ၁၆

ဒီနေ့မနက် အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်း နောက်ဆုံးနေခဲ့ရာ သီပေါနန်းတော် စံအိမ်နှင့် သမီးတော်တို့ အုတ်ဂူအနီးမှာ နှစ်တစ်ရာပြည့် အခမ်းအနား ပြုလုပ်ပါသည်။

Read more: မြန်မာဘုရင် သီပေါမင်း ၁၀၀ပြည့် အခမ်းအနား

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 6 guests and no members online

  • Tab 1

    သီတဂူဆရာတော်  ဒေါက်တာ အရှင်ဉာဏိသရ၏ ထေရုပ္ပတ္တိအကျဉ်း

    ဆရာတော်အလောင်းအလျာကို  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မီးရှူးသန့်စင်ခဲ့ပါသည်။
    ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅) ခုနှစ်မှစ၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ  ရွာဦးကျောင်းတွင်  စတင်လေ့လာသင်ယူခဲ့ပါသည်။
    ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃) ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ရှင်သာမဏေအဖြစ် သံဃာ့ဘောင်သို့၀င်ရောက်ခဲ့ပါသည်။



    Learn More
     
     
     
     
  • Tab 2

    ဗဟိုတက္ကသိုလ်

    စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၆ဝဝ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၈ဝ ကျော် နှင့် M.A တန်းအောင်များကိုပါ မွေးထုတ်ပေးပြီး ဖြစ်သည်။

    Read More

    တက္ကသိုလ်ခွဲများ

    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်၀င်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့၀န်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ B.A course များကို သင်ကြားပေးလျက်ရှိသည်။

    Read More

တက္ကသိုလ်များ


စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။

Read More...

အကျိုးပြုလုပ်ငန်းများ


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။

Read More...

သာသနာပြုလုပ်ငန်းစဉ်များ


သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို

Read More...

တရားစခန်းများ


တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ

Read More...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈