Home

"သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ဩဝါဒချီးမြှင့်ခြင်းမှတ်တမ်း"

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၇-၇-၂၀၂၀ ရက်နေ့၊ နေ့လည်ခင်း ၃:၀၀ နာရီအချိန်မှ စတင်၍ ရန်ကုန်သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ကျောင်းသား သံဃာတော်များကို သြဝါဒကထာ ချီးမြှင့်ပေးတော်မူပါသည်။

Read more: "သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ဩဝါဒချီးမြှင့်ခြင်းမှတ်တမ်း"

သံဃာ့တက္ကသိုလ်များ၊ စာသင်တိုက်များအတွက် ဆွမ်းဆန်တော် လှူဒါန်းခြင်း

သီတဂူဆရာတော်ကြီးသည် ရန်ကုန်တိုင်းအတွင်းမှ သံဃာ့တက္ကသိုလ်များ၊ စာသင်တိုက်များအတွက် ဆွမ်းဆန်တော်ထောက်ပံ့ လှူဒါန်းခြင်း အစီအစဉ်ဖြင့် သံဃာတော်များသည့် ကျောင်းတိုက်ကြီး (၁၇) တိုက်တွင် သီတင်းသုံးသည့် သံဃာ-၄၂၇၉ ပါးတို့အတွက် ဆွမ်းဆန်တော်-၄၅၆၅ တင်း၊ မြေပဲဆီသန့်-၄၂၇၉ ပိသာ တို့ကို (စာရင်းဖေါ်ပြပါနေ့ရက်အတိုင်း) ပေးပို့ လှူဒါန်းခဲ့ပြီဖြစ်သည်။

Read more: သံဃာ့တက္ကသိုလ်များ၊ စာသင်တိုက်များအတွက် ဆွမ်းဆန်တော် လှူဒါန်းခြင်း

ဖါးကန့်၊ ဝှေခါရွာသို့ ကြွရောက်သော သီတဂူဆရာတော်ကြီး ခရီးစဉ်သတင်း

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၁၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သို့ရောက်ရှိပါသည်။ မြစ်ကြီးနားမြို့၊ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူအထောက်အကူပြုအဖွဲ့က ဆပ်ကပ်သော နေ့ဆွမ်းဘုဉ်းပေးပြီးနောက် ၁၁:၃၀ နာရီ အချိန် ဖါးကန့်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပင့်ဆောင်ကြရာ ၁၂:၀၀ နာရီအချိန် ချမ်းသာချောမောစွာဖြင့် ရောက်ရှိပါသည်။

Read more: ဖါးကန့်၊ ဝှေခါရွာသို့ ကြွရောက်သော သီတဂူဆရာတော်ကြီး ခရီးစဉ်သတင်း

သီတဂူဆရာတော် ရန်ကုန်တိုင်းရှိ သံဃာတော်များ စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်နှင့် ဆီလှူ

၄-၇-၂၀၂၀ နေ့က စပြီး သီတဂူဆရာတော် ဦးဆောင်သော သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့က ရန်ကုန်တိုင်းရှိ အကြီးဆုံး သံဃာအများဆုံး စာသင်တိုက်က စပြီး တစ်ပါး ဆန်တစ်တင်းနှင့် ဆီတစ်ပိဿာတို့ကို လှူနေပါပြီ။

Read more: သီတဂူဆရာတော် ရန်ကုန်တိုင်းရှိ သံဃာတော်များ စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်နှင့် ဆီလှူ

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 8 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈