Home

သီတဂူအဓိပတိဆရာတော်ကြီး၏ ဗုဒ္ဓနေ့ သဝဏ်လွှာ

ဗုဒ္ဓနှစ် ၂၅၆၄၊ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ (၂၅-၅-၂၀၂၁)

 

၁။ ရိုသေလေးစားအပ်ပါသော သံဃာတော်များ အားလုံး

၂။ ချစ်ခင်လေးစားအပ်ပါသော ကမ္ဘာတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင်များအားလုံး

၃။ အစဉ်သဖြင့် မေတ္တာကရုဏာထားရပါသော ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး

၄။ အထူးလေးစား မေတ္တာထားရပါသော အိန္ဒိယအစိုးရ အဖွဲ့ဝင်အားလုံးတို့ကို-

 

ရှေးဦးစွာ မေတ္တာပို့ဆုတောင်းပါတယ်။ အားလုံးပဲ ရောဂါအမျိုးမျိုးဘေး၊ လက်နက်ဘေး၊ ငတ်မွတ်ဘေး ဟူသော ဘေးသုံးပါမှ ကင်းဝေးကြပါစေ။

Read more: သီတဂူအဓိပတိဆရာတော်ကြီး၏ ဗုဒ္ဓနေ့ သဝဏ်လွှာ

သီတဂူဆရာတော်ကြီး၏ ၈၄ နှစ်ပြည့် အထိမ်းအမှတ်

သီတဂူမော်ကွန်းတင်စေတီတော် ထီးတော် စိန်ဖူးတော် တင်လှူပူဇော်ပါသည်။

၂၆-၃-၂၀၂၁ ညပိုင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသားများ ကပ်ရောဂါ အမျိုးမျိုးမှ ကင်းဝေးစေရန်၊ သောကခပ်သိမ်း ချုပ်ငြိမ်းစေရန် ရည်စိတ်သန်လျက် သီတဂူတပည့် သံဃာတော်များက ပရိတ်တော်များဖြင့် ရွတ်ပွား ပူဇော်ကြသည်။

Read more: သီတဂူဆရာတော်ကြီး၏ ၈၄ နှစ်ပြည့် အထိမ်းအမှတ်

သီတဂူမော်ကွန်းတင် စေတီတော်အား စိန်ဖူးတော်တင်ပူဇော်

ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ သက်တော်(၈၄)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သီတဂူ အပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီတွင် တည်ထားကိုးကွယ်တော်မူသော သီတဂူမော်ကွန်းတင် ဂန္ဓာရစေတီတော်ကြီးအား စိန်ဖူးအထွဋ်တင်မင်္ဂလာ အခမ်းအနားကို ၁၃၈၂-ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ (၂၀-၃-၂၀၂၁ စနေနေ့)မှာ သီတဂူအဓိပတိဆရာတော်ကြီးနှင့် တပည့်သံဃာတော်များက တက်ရောက် ပူဇော်ကြပါသည်။

 

Read more: သီတဂူမော်ကွန်းတင် စေတီတော်အား စိန်ဖူးတော်တင်ပူဇော်

သီတဂူဆရာတော် ပဲခူး မဟာစေတီတော်ကြီးသို့ ကြွရောက် သြဝါဒပေး

၂၃-၁-၂၀၂၁ နေ့၊ နေ့လည်ပိုင်း၊ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးသည် ပဲခူးမြို့ ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုဖြစ်သော သမိုင်းဝင် မဟာစေတီတော်ကြီးနှင့် ဂဝံသံပတ်စေတီတော်သို့ ကြွရောက်၍ စေတီတော်ကြီး၏ ထီးတော် မွမ်းမံပြင်ဆင်ရန် စေတီတော်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ဂေါပက လူကြီးများ၊ ရှေးဟောင်းမြို့ တာဝန်ရှိသူများက ဆွေးနွေးကြ၌ သြဝါဒစကား ပြောကြားပေးပါသည်။
ဂဝံသံပတ်စေတီ ရွှေထီးတော်ကို သီတဂူဆရာတော်ကြီးက လှူပါမည်။

Read more: သီတဂူဆရာတော် ပဲခူး မဟာစေတီတော်ကြီးသို့ ကြွရောက် သြဝါဒပေး

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မျက်စိစမ်းသပ်မှု စတင်ပြုလုပ်

၂၀-၁-၂၀၂၁ မနက်၊ သီတဂူဆရာတော်ကြီးနှင့် တကွ တပည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ စာချကထိကအားလုံးတို့ သည် သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ဆေးရုံသစ်ကြီးမှာ အထူးစက်သစ်ကြီးများဖြင့် မျက်စိစမ်းသပ်မှုများ စတင် ခံယူပါသည်။
မျက်လုံးများ၏ အနောက်ခန်းများ၊ ရှေ့ခန်းများကို အသေးစိပ် စစ်ဆေးခြင်း၊ စကန်ရိုက်ပေးခြင်းများ၊ မျက်စိအာရုံကြောများကို အသေးစိပ် စစ်ဆေးပေးခြင်းများကို စက်သစ်ကြီးများဖြင့် စစ်ဆေးပေးပါသည်။

Read more: သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မျက်စိစမ်းသပ်မှု စတင်ပြုလုပ်

သီတဂူဆရာတော်၏ နှစ်ဦးဆုတောင်း

ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအားလုံးတို့သည် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့၏ ချမ်းသာရာ ချမ်းသာကြောင်းကို ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေ။

Read more: သီတဂူဆရာတော်၏ နှစ်ဦးဆုတောင်း

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈