Home

နာဂဒေသ သီတဂူစက္ခုဒါနအလှူတော်

ပြည်တွင်းပြည်ပ သာသနာပြု သီတဂူဆရာတော်ကြီးသည် ကျန်းမာရေးအထူးပြု အလှူတော်များ လှူလျှက်ရှိရာ အထူးအားဖြင့် မျက်စိအလှူတော်များ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြား အရောက်သွားတော်မူသည်။ သီတဂူစက္ခုဒါန၊ သီတဂူအာရောဂျဒါန အစရှိလျှက် သီတဂူဆေးရုံတော် (၂၁) ရုံအထိ လှူဒါန်းပြီးဖြစ်သည်။ ဒီလအတွင်းမှာပဲ ဧရာ၀တီတိုင်း ပန်းတနော် (အစုကြီးကျေးရွာ) သီတဂူသုမေဓာဆေးရုံကို ၂၃-၄-၂၀၁၃နေ့က ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ သီတဂူစက္ခုဒါနဆေးရုံများကိုလည်း ဆက်လက် ဖွင့်လှစ် လှူဒါန်းမည်ဖြစ်သည်ဟု သိရသည်။

နာဂဒေသ (လဟယ်) မျက်စိအလှူ
 ၁၈-၄-၂၀၁၃နေ့က ဆရာတော်ကြီး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ၏ အနောက်မြောက် အစွန်အဖျား နာဂတိုင်းရင်းသားများ ရှိရာ စစ်ကိုင်းတိုင်း၊ နာဂဒေသအထိ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်သည်၊ မျက်စိအလှူများ ပြုလုပ်ပေးသည်။ ထိုဒေသရှိ လဟယ်ပြည်သူ့ဆေးရုံတွင် သီတဂူဆရာတော်ကြီးနှင့် အဖွဲ့က ဆေးရုံသုံးပစ္စည်းများ၊ သီတဂူစက္ခုဒါနဆေးရုံ အဆောက်အဦးများ လှူဒါန်းထားသည်ကို တွေ့ရသည်။

၁၈-၄-၂၀၁၃နေ့မှ ၂၀-၄-၂၀၁၃ရက်နေ့အထိ လဟယ်ပြည်သူ့ဆေးရုုံတွင် မျက်စိအထူးကုဆရာ၀န်ကြီးများ ဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာပွင့်ဦးနှင့် သီတဂူမျက်စိဆရာ၀န် ဒေါက်တာဒေါ်မိမိခင်၊ ဒေါက်တာမင်းသီဟနှင့် သီတဂူအာယုုဒါနဆေးရုုံမှ သူနာပြု (၆)ဦးတိုု့က မျက်စေိ၀ဒနာရှင်ပေါင်း (၂၀၂)ယောက် စမ်းသပ်စစ်ဆေးသည်။ (၂၂ )ယောက် ခွဲစိတ်ကုသပြီး မျက်စိအလင်းများ ပေးလှူခဲ့သည်။

မျက်စေိ၀ဒနာရှင်များသည် ထိုဆေးရုံသို့ ရောက်ဖို့ရန် လမ်းခရီး (၃)ည အိပ်ရသည်ဟု ဆိုသည်၊ ဤမျှလောက် ေ၀းလံခေါင်သော ထိုဒေသရှိ တိုင်းရင်းသားများသည် ဆရာတော်ကြီး၏ မေတ္တာ၊ ကရုဏာများကို ရရှိကြသည်၊ ဆရာတော်ကြီး၏ ဓမ္မစကား ကြားနာခွင့်ရသည်မှာ သီတဂူဆရာတော်ကြီး၏ လူသားအပေါ် ထားသည့် မေတ္တာ ကရုဏာတော်များနှင့် သူတို့၏ ကံကောင်းခြင်းများဖြစ်ကြသည်။ ဆရာတော်ကြီး၏ ထိုခရီစဉ်အတွက် အဆင်ပြေစေရန် နိုင်ငံတော်မှ ရဟတ်ယဉ်လှူဒါန်းသည်ဟုလည်း သိရသည်။

 

naga01 naga02 naga03 naga04 naga05 naga06

 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 4 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈