Home

(၂၃)သီတဂူ အာရောဂျဒါနဆေးရုံ (ကျိုက်ထို)

သီတဂူဆရာတော်ကြီးနှင့် သီတဂူ တပည့် ဒကာဒကာမများသည် ၂၈-၅-၂၀၁၃ ရက်နေ့ ဖွင့်လှစ်မည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သီတဂူအာရောဂျဒါနဆေးရုံသို့ ရောက်ရှိကြသည်။ သီတဂူဆရာတော်ကြီးသည် မြေပြင် မြေပြန့်မကျန် မြန်မာပြည်နေရာ အနှံ့အပြားသို့ သွားရောက်ကာ သီတဂူမျက်စိဆေးရုံများ၊ သီတဂူအထွေထွေကု ဆေးရုံများ၊ ဆေးရုံသုံးပစ္စည်းများ စတဲ့ ကျန်းမာရေးအပြင် ပညာရေးအတွက် စာသင်ကျောင်းများ၊ ကွန်ပြူတာ သင်တန်းအဆောင်များ၊ ကွန်ပြူတာများကို သွားရောက်လှူလေ့ရှိသည်။
ဒီကနေ့ ၂၈-၅-၂၀၁၃ ရက်နေ့မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာလဲ (၂၃) ခုမြှောက် “သီတဂူအာရောဂျဒါနဆေးရုံ” (အထွေထွေကု ဆေးရုံ)ကို လှူဒါန်း ဖွင့်လှစ်သည့်ပွဲသို့ ကြွရောက်သည်။ ထိုနေ့ညမှာလဲ အထူးတရားပွဲအဖြစ် ကျိုက်ထိုပြည်သူများအား တရားတော်များ ချီးမြင့်သည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

kyaikhto01 kyaikhto02 kyaikhto03

 

သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်

သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လာရာမှ ယခုဆိုရင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ ၁၂ ခုနှင့် တည်ဆောက်ဆဲ ဆေးရုံ ၆ ခုတို့ဖြစ်သည်။

ထိုဆေးရုံ ၁၈ ခုတို့တွင် ၂၇-၂-၂၀၁၁ နေ့က ရန်ကုန်းတိုင်း ရန်ကင်းမြို့တွင် သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံတော်ကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံရှိ ဆေးရုံသုံး ပစ္စည်းများအားလုံးကို သီတဂူဆရာတော်ကြီးက လှူဒါန်းသည်၊ ထိုတန်ဖိုးသည် ကျပ်သိန်းနှစ်ထောင် (၂၀၀၀,၀၀၀၀၀) ကျော် ရှိသည်ဟု သိရသည်။

 

ဖွင့်ပွဲ

ထိုဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သံဃာမဟာနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်မော်ဆရာတော်ကြိး၊ သံဃနာယက ဆရာတော်များ၊ ကျန်းမာရေးဌာန ဒု၀န်ကြီးနှင့်အဖွဲ့၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

မျက်စိအထူးကု ဆရာ၀န်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာစဂျေလွင်၊ ဒေါက်တာရီရီအောင်၊ ဒေါက်တာမိမိခင်နှင့် အခြားမျက်စိ ကျွမ်းကျင်ဆရာ၀န်ကြီးများနှင့် သူနာပြုများက မျက်စိ ဝေဒနာရှင် ၁၀၄ ယောက်ကို မျက်စိအလင်းပေးခဲ့ပြီး ခွဲစိတ်စရာမလိုသော မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

သီတဂူအာရောဂျဒါနဆေးရုံ (ထား၀ယ်)

၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (12-2-2011) ပြည်ထောင်စုနေ့တွင် တနင်္သာရီတိုင်း ထား၀ယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထား၀ယ်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီးကို ထား၀ယ်မြို့သူ မြို့သားများက ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံသုံးပစ္စည်းအားလုံးနှင့်လူနာသုံး ပစ္စည်းများကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။

 

ပြည်ထောင်စုနေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပြီး စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွပ်ခြင်းများကို ပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူအာရောဂျဒါန (ထား၀ယ်) ဆေးရုံသည် သီတဂူဆေးရုံများ၏ ၁၀ ခုမြောက်ဖြစ်သည်။

 

ဆေးရုံဖွင့်ပွဲအခမ်းအနားမတိုင်မီ စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံမှ ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့်အဖွဲ့ ကြိုတင်ပြင်ဆင်မှုနှင့် လိုအပ်သည်များကို ဖြည့်ဆည်းသည်။ ထို့နောက် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ မျက်စိအထူးကုဌာနမှ ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်သူနာပြုများ လိုက်ပါပြီး မျက်စိဝေဒနာရှင်များကို လူမျိုးမရွေး ဘာသာမခွဲခြားဘဲ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။ ခွဲရမည့်လူနာနှင့် ခွဲစရာမလိုဘဲ ဆေးစားရမည့် မျက်စိဝေဒနာရှင်များကို စနစ်တကျ စစ်ဆေးသည်။

 

ပညာဒါန လုပ်အားဒါနပြုကြသော မျက်စိအထူးကု ဆရာ၀န်ကြီးများမှာ---

၁။ ဒေါက်တာ မြအောင်

၂။ ဒေါက်တာ သိန်းမြင့် (အင်္ဂလန်)

၃။ ဒေါက်တာ စဂျေလွင်

၄။ ဒေါက်တာ ပွင့်ဦး

၅။ ဒေါက်တာ တင့်ဇော်ဦး

၆။ ဒေါက်တာမင်းသန်းနိုင်ဦး (ထား၀ယ် မျက်စိဆေးရုံ) နှင့်သူနာပြုများ၊ တက္ကသိုလ် ကောလိပ်မှ ဆရာ ဆရာများ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး၊ မျက်စိဌာနမှ ဆေးရုံအုပ် နှင့် အထူးသူနာပြု ဆရာ ဆရာမတို့ ဖြစ်ကြသည်။

 

၈-၂-၂၀၁၁ နေ့မှ ၁၃-၂-၂၀၁၁ အထိ မနားမနေ စစ်ဆေးခြင်းနှင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ယနေ့ ၁၂ ရက်နေ့အထိ ၃၀၅ ယောက် ခွဲစိတ်ပြီးဖြစ်သည်။ ကျန်လူနာများကို ယနေ့ ၁၃ ရက်နေ့ အပြီးသက် ခွဲစိတ်မည်ဟုသိရသည်။
စမ်းသပ်စစ်ဆေး- လူနာ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျော် နှင့် ခွဲစိတ်ပြီး- မျက်စိ ဝေဒနာရှင် ၃၁၈ ယောက်ကို မျက်စိအလင်း ပေးနိုင်ခဲ့ပါသည်။

ဆရာတော်ကြီး၏ စီမံညွန်ကြားချက်အတိုင်း သီတဂူသာသနာပြုအဖွဲ့၏ ဘာသာရေး လူမှုရေးလုပ်ငန်းများကို ပါ၀င်ပြီး ကာယဒါန ပြုကြသော ထား၀ယ်မြို့သူမြို့သားများ၊ ဓနဒါန အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းကြသော ထား၀ယ်သူ ထား၀ယ်သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များ၊ ဉာဏဒါန- မိမိတို့အတက်ပညာဖြင့် လုပ်အားပေးကြသော အနယ်နယ် အရပ်ရပ်ရှိ မျက်စိအထူးကုဆရာ၀န်ကြီးများ၊ သူနာပြုများနှင့် အခြားကုသိုလ်ရှင်များ အားလုံးကို ဤပို့စ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

 

နှိုးဆော်

ဤသို့အားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အင်တိုက်အားတိုက် အဆက်မပြတ် ဘာသာရေး၊ လူမှုရေး ဆောင်ရွက်မှုများတွင် ကိုယ်စွမ်းသလောက် ဉာဏ်စွမ်းရှိသလောက် မည်သူမဆို ပါ၀င်နိုင်ပါကြောင်းလည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

သီတဂူဗြဟ္မာယု အာယုဒါန

ဆေးရုံတော်များ


သီတဂူအာယုဒါန ဆေးရုံကြီးကို ရှေးဦးစွာတည်ထောင်ကာ လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကိုကုသ ကယ်တင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ ပင်ရောက်ရှိလာပြီ။ ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသော မြို့နယ်များစွာရှိ ဆေးရုံတို့တွင် ဖြည့်ဆည်း လှူဒါန်းခဲ့သည့် အပြင် မြို့နယ် ကျေးရွာတို့တွင်လည်း ဆေးရုံများတည်ဆောက်ကာ လှူဒါန်းခဲ့သည်။ ဥပမာ-ပန်းတနော်ဆေးရုံ၊ သိပေါဆေးရုံ၊ ကလေးမြို့ဆေးရုံ၊ နတ်မောက်ဆေးရုံ၊ ဆားတောင်ဆေးရုံ အစရှိသည်တို့ဖြစ်သည်။

ယခု တပေါင်းလပြည့် ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားတောင် သီတဂူ ဗြဟ္မာယု ပြည်သူ့ဆေးရုံတော် ကြီးကို ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီး၏ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၃၀၀၀ ကျော် ရှိပြီး ဆေးရုံထဲတွင် တပ်ဆင်ထားသော ပစ္စည်းတန်ဘိုးမှာ ကျပ်သိန်း ၄၀၀၀ (လေးထောင်) ကျော်ရှိသည်ဟု သိရပါသည်။ ထိုဆေးရုံကြီးပေါ် ပေါက်လာသောကြောင့် ထိုဒေသရှိ ပြည်သူတွေ အားရ၀မ်းသာဖြစ်ကာ ဆရာတော်ကြီးကို အထူး ကျေးဇူးတင်နေကြသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

သီတဂူစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)

သီတဂူဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီ မိသားစုတို့ လှူဒါန်းသော အမှတ်စဉ် (၁၅) သီတဂူတက်လမ်းစက္ခူ့ဒါနဆေးရုံ (လွိုင်ကော်)ကို (၂၀-၁၂-၂၀၁၁)နေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာရ၀တီကျောင်းတိုက်ရှိ ဆေးရုံတည်နေရာတွင် ဖွင့်လှစ်ကျင်းပပါသည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

loikaw01loikaw02loikaw03

 

၁၉ခုမြောက် သီတဂူစက္ခုဒါနဆေးရုံ

သီတဂူစက္ခုဒါနမျက်စိ အထူးကုဆေးရုံကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဇေယျသုခဘုန်းတော်ကြီးသင် ပညာရေးကျောင်း၀င်းအတွင်း တည်ဆောက် ဖွင့်လှစ်သည်။ ၂၀၁၂- နို၀င်ဘာ ၁၄ ရက်နေ့တွင် သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

သီတဂူစက္ခုဒါနဆေးရုံတော်အတွက် မြေနေရာနှင့် အဆောက်အဦးကို ဇေယျသုခဘုန်းတော်ကြီးနှင့် တပည့် ဒကာ ဒကာမများက လှူဒါန်းသည်။ ထိုဆေးရုံတွင်တပ်ဆင်သော မီးစက်၊ ဆေးရုံသုံးပစ္စည်းအားလုံးကို သီတဂူဆရာတော်ကြီးနှင့် တော်၀င်စင်တာမှ ဦးကိုကိုထွေး မိသားစု၊ ရာစုသစ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥတို့နှင့် သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်ဟု သိရသည်။

သီတဂူသာသနာပြုအဖွဲ့၏ ၁၉ ခုမြောက်ဆေးရုံတော်ဖြစ်သော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံ (နမ့်ခမ်း)ကို သီတဂူသာသနာပြုအဖွဲ့မှ ကျပ်သိန်းပေါင်း ၄၀၀၀ (လေးထောင်) ကျော် ပါ၀င် လှူဒါန်းထားသည်ဟု သိရသည်။
ယခု ၂၀၁၂ခုနှစ်၊ နို၀င်ဘာ ၁၁ ရက်နေ့က စပြီး မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်းများကို ပြုလုပ်နေပြီ ဖြစ်သည်။ 

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 5 guests and no members online

  • Tab 1

    သီတဂူဆရာတော်  ဒေါက်တာ အရှင်ဉာဏိသရ၏ ထေရုပ္ပတ္တိအကျဉ်း

    ဆရာတော်အလောင်းအလျာကို  ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၉၈)တွင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်မီးရှူးသန့်စင်ခဲ့ပါသည်။
    ၁၉၄၄ (မြန်မာသက္ကရာဇ် ၁၃၀၅) ခုနှစ်မှစ၍ ဆရာတော်သည် ဗုဒ္ဓစာပေများကို သဲကုန်းမြို့နယ် တပ်ရွာရှိ  ရွာဦးကျောင်းတွင်  စတင်လေ့လာသင်ယူခဲ့ပါသည်။
    ၁၉၅၂ (မြန်မာသက္ကရာဇ် ၁၃၁၃) ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ရှင်သာမဏေအဖြစ် သံဃာ့ဘောင်သို့၀င်ရောက်ခဲ့ပါသည်။



    Learn More
     
     
     
     
  • Tab 2

    ဗဟိုတက္ကသိုလ်

    စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။ Diploma course များ, B.A course များနှင့် M.A coruse များ ဟန်ချက်ညီညီ ပုံမှန် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်မှာ အထူးအောင်မြင်လျက်ရှိပါသည်။ Diploma course အောင်မြင်ပြီးကျောင်းသား ၆ဝဝ ကျော်၊ B.A course အောင်မြင်ပြီးကျောင်းသား ၈ဝ ကျော် နှင့် M.A တန်းအောင်များကိုပါ မွေးထုတ်ပေးပြီး ဖြစ်သည်။

    Read More

    တက္ကသိုလ်ခွဲများ

    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများကို ရန်ကုန်မြို့နှင့် အောက်မြန်မာပြည်ရှိ ဗုဒ္ဓစာပေများကို စိတ်၀င်စားသူတွေအတွက် အလွယ်တကူတက်ရောက် သင်ယူနိုင်ရန် ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၎င်း၊ မန္တလေးမြို့၀န်းကျင်ရှိ ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလိုသူများအတွက် အဆင်ပြေစေရန် ၂၀၀၉ ခုနှစ်က မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲသည်။ Diploma course များ B.A course များကို သင်ကြားပေးလျက်ရှိသည်။

    Read More

တက္ကသိုလ်များ


စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီး (Main Campus) ဗဟို တက္ကသိုလ်ကြီးသည် ၁၉၉၆ ခုနှစ် ကထဲက စတင်ဖွင့်လစ်ခဲ့ရာ လုံးဝအောင်မြင်ပြီး တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် လည်ပတ်နေပါသည်။

Read More...

အကျိုးပြုလုပ်ငန်းများ


ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။

Read More...

သာသနာပြုလုပ်ငန်းစဉ်များ


သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာ့ပြုအဖွဲ့များပါ၀င်စေလျှက် အမေရိကန်ပြည်ထောင်စုတွင် သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကြီးနှင့် ထေရဝါဒဓမ္မအသင်း (Theravada Dhamma Society America) (အမေရိကန်)တို့ကို

Read More...

တရားစခန်းများ


တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ တရားစခန်းများ

Read More...

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈