၁၃၇၂ ခုနှစ် တပိုတွဲလဆန်း(၉)ရက်၊ (12-2-2011) ပြည်ထောင်စုနေ့တွင် တနင်္သာရီတိုင်း ထား၀ယ်မြို့၌ သီတဂူအာရောဂျဒါနဆေးရုံ (ထား၀ယ်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီးကို ထား၀ယ်မြို့သူ မြို့သားများက ဆောက်လုပ်လှူဒါန်းပြီး ဆေးရုံသုံးပစ္စည်းအားလုံးနှင့်လူနာသုံး ပစ္စည်းများကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။
ပြည်ထောင်စုနေ့တွင် သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ပြီး စစ်ဆေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွပ်ခြင်းများကို ပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူအာရောဂျဒါန (ထား၀ယ်) ဆေးရုံသည် သီတဂူဆေးရုံများ၏ ၁၀ ခုမြောက်ဖြစ်သည်။
ဆေးရုံဖွင့်ပွဲအခမ်းအနားမတိုင်မီ စစ်ကိုင်းမြို့ သီတဂူအာယုဒါနဆေးရုံမှ ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့်အဖွဲ့ ကြိုတင်ပြင်ဆင်မှုနှင့် လိုအပ်သည်များကို ဖြည့်ဆည်းသည်။ ထို့နောက် စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံ မျက်စိအထူးကုဌာနမှ ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့်သူနာပြုများ လိုက်ပါပြီး မျက်စိဝေဒနာရှင်များကို လူမျိုးမရွေး ဘာသာမခွဲခြားဘဲ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ပေးသည်။ ခွဲရမည့်လူနာနှင့် ခွဲစရာမလိုဘဲ ဆေးစားရမည့် မျက်စိဝေဒနာရှင်များကို စနစ်တကျ စစ်ဆေးသည်။
ပညာဒါန လုပ်အားဒါနပြုကြသော မျက်စိအထူးကု ဆရာ၀န်ကြီးများမှာ---
၁။ ဒေါက်တာ မြအောင်
၂။ ဒေါက်တာ သိန်းမြင့် (အင်္ဂလန်)
၃။ ဒေါက်တာ စဂျေလွင်
၄။ ဒေါက်တာ ပွင့်ဦး
၅။ ဒေါက်တာ တင့်ဇော်ဦး
၆။ ဒေါက်တာမင်းသန်းနိုင်ဦး (ထား၀ယ် မျက်စိဆေးရုံ) နှင့်သူနာပြုများ၊ တက္ကသိုလ် ကောလိပ်မှ ဆရာ ဆရာများ၊ သီတဂူအာယုဒါနမှ ဆေးရုံအုပ်ကြီး၊ မျက်စိဌာနမှ ဆေးရုံအုပ် နှင့် အထူးသူနာပြု ဆရာ ဆရာမတို့ ဖြစ်ကြသည်။
၈-၂-၂၀၁၁ နေ့မှ ၁၃-၂-၂၀၁၁ အထိ မနားမနေ စစ်ဆေးခြင်းနှင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ယနေ့ ၁၂ ရက်နေ့အထိ ၃၀၅ ယောက် ခွဲစိတ်ပြီးဖြစ်သည်။ ကျန်လူနာများကို ယနေ့ ၁၃ ရက်နေ့ အပြီးသက် ခွဲစိတ်မည်ဟုသိရသည်။
စမ်းသပ်စစ်ဆေး- လူနာ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျော် နှင့် ခွဲစိတ်ပြီး- မျက်စိ ဝေဒနာရှင် ၃၁၈ ယောက်ကို မျက်စိအလင်း ပေးနိုင်ခဲ့ပါသည်။
ဆရာတော်ကြီး၏ စီမံညွန်ကြားချက်အတိုင်း သီတဂူသာသနာပြုအဖွဲ့၏ ဘာသာရေး လူမှုရေးလုပ်ငန်းများကို ပါ၀င်ပြီး ကာယဒါန ပြုကြသော ထား၀ယ်မြို့သူမြို့သားများ၊ ဓနဒါန အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းကြသော ထား၀ယ်သူ ထား၀ယ်သားများနှင့် အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များ၊ ဉာဏဒါန- မိမိတို့အတက်ပညာဖြင့် လုပ်အားပေးကြသော အနယ်နယ် အရပ်ရပ်ရှိ မျက်စိအထူးကုဆရာ၀န်ကြီးများ၊ သူနာပြုများနှင့် အခြားကုသိုလ်ရှင်များ အားလုံးကို ဤပို့စ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
နှိုးဆော်
ဤသို့အားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အင်တိုက်အားတိုက် အဆက်မပြတ် ဘာသာရေး၊ လူမှုရေး ဆောင်ရွက်မှုများတွင် ကိုယ်စွမ်းသလောက် ဉာဏ်စွမ်းရှိသလောက် မည်သူမဆို ပါ၀င်နိုင်ပါကြောင်းလည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 6 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈