Home

သီတဂူဗြဟ္မာယု အာယုဒါန

ဆေးရုံတော်များ


သီတဂူအာယုဒါန ဆေးရုံကြီးကို ရှေးဦးစွာတည်ထောင်ကာ လူနာပေါင်း မြောက်မြားစွာရဲ့ အသက်ကိုကုသ ကယ်တင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ ပင်ရောက်ရှိလာပြီ။ ဆေးပစ္စည်းနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်နေသော မြို့နယ်များစွာရှိ ဆေးရုံတို့တွင် ဖြည့်ဆည်း လှူဒါန်းခဲ့သည့် အပြင် မြို့နယ် ကျေးရွာတို့တွင်လည်း ဆေးရုံများတည်ဆောက်ကာ လှူဒါန်းခဲ့သည်။ ဥပမာ-ပန်းတနော်ဆေးရုံ၊ သိပေါဆေးရုံ၊ ကလေးမြို့ဆေးရုံ၊ နတ်မောက်ဆေးရုံ၊ ဆားတောင်ဆေးရုံ အစရှိသည်တို့ဖြစ်သည်။

ယခု တပေါင်းလပြည့် ဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားတောင် သီတဂူ ဗြဟ္မာယု ပြည်သူ့ဆေးရုံတော် ကြီးကို ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုဆေးရုံအဆောက်ဦးကြီး၏ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၃၀၀၀ ကျော် ရှိပြီး ဆေးရုံထဲတွင် တပ်ဆင်ထားသော ပစ္စည်းတန်ဘိုးမှာ ကျပ်သိန်း ၄၀၀၀ (လေးထောင်) ကျော်ရှိသည်ဟု သိရပါသည်။ ထိုဆေးရုံကြီးပေါ် ပေါက်လာသောကြောင့် ထိုဒေသရှိ ပြည်သူတွေ အားရ၀မ်းသာဖြစ်ကာ ဆရာတော်ကြီးကို အထူး ကျေးဇူးတင်နေကြသည်။

"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 19 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈