**********
စက်တင်ဘာ ၁၈၊ ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ အလှူငွေကျပ်သိန်းတစ်ထောင် (ကျပ် ၁၀၀,၀၀၀,၀၀၀) လှူဒါန်းသည့် အခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၈ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလှူရှင်များနှင့် တပည့်ဒကာ၊ ဒကာမများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ဘုရားကြီး၏ ကိုယ်စား အလှူငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
သီတဂူဆရာတော်ဘုရားကြီးသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းအတွင်း စိုင်ကလုန်းနာဂစ်မုန်တိုင်း သင့်ခဲ့သည့် ပြည်သူများအတွက် လနှင့်ချီ၍ ကိုယ်တိုင်ကွင်းဆင်းကာ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း ကျပ်သိန်း (၈၅,၉၇၂) အထိ လှူဒါန်းထောက်ပံ့ခဲ့ဖူးသည်။
ထို့အပြင် ကြားကာလများတွင်လည်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့၌ ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများထံသို့လည်း အစဉ်အမြဲ ကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဤကောင်းမှုကို နတ်၊ လူ၊ သာဓုခေါ်စေသော်...
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်တရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...
Sitagu Sayadaw Donates 1,000 Lakh Kyats for Flood Victims in Laymyethna Township, Ayeyarwady Region
September 18, 2026
A ceremony was held this morning (September 18) at the Sitagu Cakkhudana Hospital in North Dagon Township, Yangon Region, where the Most Venerable Sitagu Head Sayadaw donated 1,000 lakh kyats (100,000,000 MMK) for flood-affected people in Laymyethna Township, Ayeyarwady Region.
Led by the Most Venerable Sitagu Head Sayadaw, the donation ceremony was attended by the Chief Minister of Yangon Region, the Chief Minister of Ayeyarwady Region, donors, and disciples. During the ceremony, the Chief Minister of Yangon Region presented the financial aid on behalf of the Sayadaw, and the Chief Minister of Ayeyarwady Region accepted it.
Back in 2008, the Sitagu Sayadaw personally visited the affected areas in Ayeyarwady Region for months to conduct relief, aid, and rehabilitation operations for the victims of Cyclone Nargis, donating a total of 85,972 lakh kyats.
Furthermore, during the intervening years, the Sayadaw has continuously provided relief and support to flood victims in Ayeyarwady Region, Yangon Region, Kayin State, Rakhine State, and Sagaing Region.
May everyone be peaceful and happy like the cool Sitagu moon...
May the virtues of the good and noble shine everywhere..






**********
သီတဂူဆရာတော်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်အား ၂၆-၈-၂၀၂၆ နေ့က ဖြစ်ပွါးခဲ့သော တောင်ကျရေဘေးကြောင့် အသက် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးသွားသူတို့အတွ
၂၀၁၅ ခုနှစ်ကလည်း မြေငလျင်ကြောင့် ဆုံးရှုံးသွားသူတို့အတွက် အမေရိကန်ဒေါ်လာ ၃ သောင်း လှူခဲ့သည်။
၂၀၁၉ ခုမှာတော့ နီပေါလ် သံအမတ်အား ဗုဒ္ဓရုပ်ပွါးဆင်းတုတော် အဆူ ၃၀ ကို လှူဒါန်းခဲ့သည်။
၂၀၁၄ ခုနှစ်က နီပေါလ်နိုင်ငံ လုမ္ဗိနီဥယျာဉ်မှာ စပွန်ဆာပေးပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအစည်းအဝေးကြီး ကျင်းပပေးခဲ့သည်။




၁-၉-၂၀၂၆ ပထမနေ့ ၆၁၈ ဦးအား စမ်းသပ်ပေးခဲ့သည်။
၂-၉-၂၀၂၆ နေ့မှာ စာရင်းပေးထားသူများအနက် ကျန် ၆၀၀ ကျော်ဦးအား ဖုန်းဖြင့် ဆက်သွယ်ပြီး ဖြစ်သည်။
ယခုအကြိမ်မှာ ၁၃၀၀ ကျော်ဦးရေ လက်ခံထားသည်။
စာရင်းပေးထားသူများ
အကယ်၍ ဖုန်း မရခဲ့သည်ရှိသော်
၂-၉-၂၀၂၆ နေ့ နောက်ဆုံးနေ့မှာ လာရပါမည်။
၃-၉-၂၀၂၆ နေ့မှ ၇-၉-၂၀၂၆ နေ့အထိ စမ်းသက်ပြီး မျက်စိဝေဒနာရှင်များအား ခွဲကုမှာဖြစ်ပါသည်။
သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)
မြောက်ဒဂုံမြို့ ဘေလီတံတား၊ ဦးဝိစာရလမ်း ပင်လုံလမ်းဆုံ မီးပွိုင့် နာရီစင်မှတ်တိုင်




ခရီးစဉ်အတွင်း သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ပညာရေး၊ သုတေသနဆိုင်ရာ အဖွဲ့အစည်းများအကြား ဗုဒ္ဓစာပေသင်ကြားရေးဆိုင်ရာ နားလည်မှုစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည့်အပြင်၊ မော်စကို ရွှေစည်ခုံစေတီတော်မြတ်ကြီး အရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို ဆွေးနွေးလမ်းညွှန် မှာကြားတော်မူခဲ့ပါသည်။
ထို့ပြင် ရုရှားနိုင်ငံ၊ တုဗာပြည်နယ်၊ ကာဆယ်မြို့၌ ကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံသို့ တက်ရောက်၍ အထူးမိန့်ခွန်းများ မြွက်ကြားတော်မူပြီး၊ ပြည်နယ်တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသူများနှင့် တွေ့ဆုံကာ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်၊ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအား တရားဓမ္မ ဟောကြားခြင်းနှင့် ဓမ္မအမေးအဖြေများကိုလည်း ဆောင်ရွက်တော်မူခဲ့ပါသည်။
သို့ဖြစ်ပါ၍ ခရီးစဉ်တစ်လျှောက် အစစအရာရာ စီမံဆောင်ရွက်ပေးတော်မူခဲ့ကြသော မော်စကိုမြို့၊ သီတဂူဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ဒေါက်တာ အစ္ဆရိယ နှင့် လက်ထောက်ဆရာတော် အရှင်နန္ဒမာလင်္ကာရ (Ph.D Thesis)၊ မော်စကိုမြို့၊ မြန်မာသံမတ်ကြီး ဦးမျိုးမိုးအောင်နှင့် ဇနီ၊ စစ်သံမှူး ဗုလ်မှူးချုပ် ကျော်စိုးဦးနှင့် ဇနီး၊ သံရုံးအရာရှိ ဝန်ထမ်းများ၊ သီတဂူဗုဒ္ဓဝိဟာရ ကျောင်းတိုက်၌ သီတင်းသုံးစဉ် ဆွမ်းကိစ္စနှင့် အထွေထွေ ဝေယျာဝစ္စများကို ကူညီဆောင်ရွက်ပေးခဲ့ကြသော မြန်မာပညာတော်သင် ကျောင်းသားများ၊ ခရီးစဉ်တစ်လျှောက် အနီးကပ် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သော မြန်မာပညာတော်သင် ဒေါက်တာ စည်သူသန့်စင် အပါအဝင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ စီမံဆောင်ရွက်ပေးခဲ့ကြသူ အသီးသီးတို့အား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ကြွရောက်တော်မူခဲ့ပါသည်။
အားလုံး သီတဂူစမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။







**********
(၁၈-၈-၂၀၂၆)
သီတဂူဆရာတော်ဘုရားကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တုဝပြည်နယ်၊ ကာဆာမြို့၌ ကျင်းပသည့် (၄) ကြိမ်မြောက် နိုင်ငံတကာအစည်းအဝေးသို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသဖြင့် ကြွရောက်ခဲ့သည်။
ယနေ့ ဖွင့်ပွဲအခမ်းအနား၌ ရုရှားအစိုးရ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ ကြွရောက်လာသည့် ဧည့်သည် (၁,၀၀၀) ကျော် ရှေ့မှောက်တွင် ထေရဝါဒပိဋကတ်လာ "ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါရပ်" ဖြစ်သော ပါရမီ (၁၀) ပါးအကြောင်းကို အထူးမိန့်ခွန်းအဖြစ် မြွက်ကြားခဲ့သည်။
အထူးမိန့်ခွန်းပြောကြားအပြီးတွင် ဆရာတော် ဘုရားကြီးက တုဝပြည်နယ် ဝန်ကြီးချုပ်အား ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့သည်။








(မော်စကို၊ သြဂုတ် ၁၄)
ရုရှားနိုင်ငံ၊ ကာလူဂါပြည်နယ်၊ ဘိုရော့ဗ်စကီးခရိုင်ရှိ Ethno-World (Etnomir) ယဉ်ကျေးမှုဥယျာဉ်အတွင်း တည်ထားကိုးကွယ်ထားသည့် မော်စကို ပုဂံ ရွှေစည်းခုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် သီတဂူဆရာတော်ဘုရားကြီးသည် ယနေ့တွင် စေတီတော်ပရိဝုဏ်အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆရာတော်ဘုရားကြီးသည် စေတီတော်မြတ်ကြီး၏ ရေရှည်ကြံ့ခိုင်မှု၊ ရာသီဥတုဒဏ်ကြောင့် ယိုယွင်းပျက်စီးနိုင်သည့် အစိတ်အပိုင်းများနှင့် ရင်ပြင်တော်၊ စေတီတော်အဆောက်အအုံ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု၍ ရေရှည်ခိုင်ခံ့အောင် ပြုပြင်မွမ်းမံရမည့် ကိစ္စရပ်များကို လမ်းညွှန် မိန့်ကြားခဲ့ပါသည်။
ထို့ပြင် သီတဂူဆရာတော်ဘုရားကြီးသည် Ethno-World ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တုအပါအဝင် အာရှနှင့် အနောက်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားသူများ၏ ရုပ်တု ပုံစံများကိုလည်း လေ့လာကြည့်ရှုခဲ့ပါသည်။
အဆိုပါ မော်စကို ရွှေစည်းခုံစေတီတော်ကြီးသည် မြန်မာ့ရိုးရာ လက်ရာစစ်စစ်ဖြင့် ရုရှားမြေတွင် ပထမဆုံး တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပြီး၊ မြန်မာ-ရုရှား နှစ်နိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှု ချစ်ကြည်ရေး၏ သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။









We have 59 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈