Activities

သီတဂူရေဘေးအလှူတော် (၅ ကြိမ်မြောက် တိုက်ကြီးသို့) (၁၉-၈-၂၀၁၅ am)

၁၉-၈-၂၀၁၅ နေ့ နံနက်စောစောက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ကျေးရွာ (၆)ရွာ၊ အိမ်ထောင်စု (၇၀၇) လူဦးရေ (၃၀၃၈) ရေဘေးသင့်ပြည်သူများဆီသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အဝတ်အထည်စသော ပစ္စည်းမျိုးစုံတို့ကို ကုန်တင်ကားကြီး ၂ စီးဖြင့် သီတဂူရဟန်းတော်များ ဦးဆောင်၍ သယ်ဆောင်သွားပြီ ဖြစ်သည်။ ထိုနေ့မှာပဲ သီတဂူဒေါက်တာကိတ္တိဗလ ဦးဆောင်၍ ကိုရီးယားအဖွဲ့ကလည်း ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်သို့ ကုန်တင်ကားကြီး (၃)စီးဖြင့် ဆန်၊ ပဲ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးပိစသည်တို့ကို သယ်ဆောင်သွားပြီ ဖြစ်ပါသည်။

Read more: သီတဂူရေဘေးအလှူတော် (၅ ကြိမ်မြောက် တိုက်ကြီးသို့) (၁၉-၈-၂၀၁၅ am)

သီတဂူရေဘေးအလှူတော် (၁၈-၈-၂၀၁၅ am)

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေး အဖွဲ့၏ (၁၅)ရက်မြောက်ခရီးသည် ဧရာဝတီတိုင်းဒေသကြီးထဲက အိမ်မဲမြို့နယ်နှင့် ကျုံပျော်မြို့နယ်များဆီသို့ ဘုန်းကြီး ဦးကောဝိဒနှင့် ဒေါက်တာကိတ္တိဗလတို့ တစ်ဖွဲ့စီး ဦးဆောင်သွားသည်။

Read more: သီတဂူရေဘေးအလှူတော် (၁၈-၈-၂၀၁၅ am)

သီတဂူရေဘေးအလှူတော် (၁၇-၈-၂၀၁၅ am)

သီတဂူရဲ့ (၁၄)ရက်မြောက် ရေဘေးအလှူတော်အဖြစ် အသုတ်မြို့နယ်သို့ နှစ်ကြိမ်မြောက် ဆန်အိတ် (၂၀၈)၊ ခေါက်ဆွဲဖာများ၊ ဆီများ၊ ပဲများ၊ ကုန်တင်ကား (၃)စီးဖြင့် ဒေါက်တာကိတ္တိဗလ ဦးဆောင်၍ ဒီကနေ့ (၁၇-၈-၂၀၁၅) မနက်စောစောက ထွက်သွားပြီ ဖြစ်ပါသည်။

Read more: သီတဂူရေဘေးအလှူတော် (၁၇-၈-၂၀၁၅ am)

သီတဂူ ရေဘေးအလှူတော် (၁၆-၈-၂၀၁၅ am)

သီတဂူရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးအဖွဲ့ဟာ အထက်-အောက် အဖွဲ့ခွဲပြီး (၃-၈-၂၀၁၅) နေ့က စပြီး ဒီကနေ့ (၁၆-၈-၂၀၁၅)နေ့အထိ အဆက်မပြတ် မြန်မာပြည်အနှံ့အပြား ရေဘေးသင့်ဒေသများဆီသို့ ဆန်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲ၊ စားစရာအမျိုးမျိုး၊ သောက်ရေသန့်၊ ဆေးဝါးအမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးတို့ကို ပို့ပေးလှူနေသည်မှာ ၁၃ ရက်တိုင်တိုင်ရှိနေပါပြီ။

Read more: သီတဂူ ရေဘေးအလှူတော် (၁၆-၈-၂၀၁၅ am)

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈