Activities

သီတဂူရေဘေးကယ်ဆယ်ရေးအစီစဉ်

ရေဘေးကယ်ဆယ်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံးက သီတဂူသာသနာပြုအဖွဲ့ (ရန်ကုန်မြို့) သို့ လာရောက်ပြီး စေတနာရှင်မိဘပြည်သူများ လှူဒါန်းထားသော ကျပ်ငွေ-သိန်း၆၈၀ တိတိကို သီတဂူဆရာတော်ကြီးထံ အပ်နှံလှူဒါန်းထားခဲ့ပါသည်။ ထို့အတူ ရွှေကုန်သည်ကြီးများအသင်းကလည်း ကျပ်ငွေ သိန်း-၁၀၀ ကို ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အသုံးပြုနိုင်ရန် သီတဂူဆရာတော်ကြီးထံ အပ်နှံလှူဒါန်းကြပါသည်။

Read more: သီတဂူရေဘေးကယ်ဆယ်ရေးအစီစဉ်

သီတဂူကျန်းမာရေးအဖွဲ့ (ကလေးမြို့)

၂၀၁၅ခုနှစ်၊ နို၀င်ဘာလ (၂၅)ရက် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံနှင့် ပြည့်သူ့ဆေးရုံတို့၌ သီတဂူဆရာတော်ကြီးလမ်းညွှန်ချက်ဖြင့် သီတဂူကျန်းမာရေးအဖွဲ့က မျက်စိဝေဒနာရှင်များနှင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များကို စမ်းသပ်စစ်ဆေး ခွဲစိပ်ကုသပေးလျက်ရှိပါသည်။

Read more: သီတဂူကျန်းမာရေးအဖွဲ့ (ကလေးမြို့)

သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့

၂၀၁၅ခုနှစ်၊ နို၀င်ဘာလ (၂၃)ရက် 

သီတဂူဆရာတော်ဘုရားကြီးလမ်းညွှန်မှုဖြင့် မျက်စိ၊ သွား၊ နှုတ်ခမ်းကွဲ-အာခေါင်ကွဲ အထူးကုဆရာဝန်များနှင့် သူနာပြုများပါ၀င်သော “သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့”သည် ၂၁-၁၁-၂၀၁၅ကစပြီး ကလေးမြို့ သီတဂူစက္ခုဒါနဆေးရုံနှင့် ကလေးမြို့ပြည်သူ့ဆေးရုံတို့တွင် မျက်စိ၊ သွားနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို ကုသပေးမည် ဖြစ်ပါသည်။

Read more: သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့

သီတဂူမျက်စိအလှူတော် (သဲကုန်း)

၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၈ရက် 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ်မျက်စိဆေးရုံတွင် ၄ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ မျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပါသည်။

ပြင်ပလူနာ စမ်းသပ်စစ်ဆေးမှုလူနာ (၁၇၆၂) ယောက်နှင့် ခွဲစိပ်ကုသပြီးလူနာ (၅၁၅) ယောက်တို့ဖြစ်သည်။

Read more: သီတဂူမျက်စိအလှူတော် (သဲကုန်း)

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈