Gazette

သီတဂူအဖွဲ့ ဗြိတိန် စာကြည့်တိုက်နှင့် ပြတိုက် လေ့လာ

၂၃-၆-၂၀၁၇နေ့က အလွန်ကြီးကျယ်တဲ့စာကြည့်တိုက်ကြီးဖြစ်ပါတယ်၊ နိုင်ငံပေါင်းစုံ ဘာသာစကားပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံ မရှိတာမရှိစေရ၊ ခေတ်မီနည်းပညာများဖြင့် ထိန်းသိမ်းထားသည့်စာပေတွေ ယဉ်ကျေးမှုတွေဟာ အတုယူစရာတွေချည်းပါပဲ။

ကိုယ့်နိုင်ငံမှာ တခြားသူတို့နိုင်ငံမှာ မမြင်ရမတွေ့ရတော့သည့် ရှေးဟောင်းပုံရိပ်တွေ ယဉ်ကျေးမှုတွေ စာပေတွေ ဒီစာကြည့်တိုက်နှင့် ပြတိုက်မှာ ပြသထားပါတယ်။

ထူးထူးခြားခြား ဒီလိုစာကြည့်တိုက်မှာ မြန်မာပိုင်းဌာနကိုလည်းတွေ့ခဲ့ရပါတယ်၊ အဲဒီမှာမှာ မြန်မာဌာန ဒေါ်စန်းစန်းက တာဝန်ထမ်းဆောင်နေတာလည်း ဂုဏ်ယူစရာဖြစ်ပါတယ်၊ အင်္ဂလိပ်စကားကောင်းကောင်း ပြောနိုင်သူဖြစ်ပြီး ပါဠိစာပေတွေလည်း တတ်ထားသူဖြစ်ပါတယ်။ မြန်မာစာပေယဉ်ကျေးမှုမှာ ပါဠိစာပေ တတ်ထားရမှာဖြစ်ပါတယ်။

နိုင်ငံအလိုက် ဘာသာစကားအလိုက် ဝန်ထမ်းများစွာရှိပါတယ်၊

အင်္ဂလိပ်တွေ စာပေမြတ်နိုး စာဖတ်အားကောင်းကြတယ်၊ ဘာသာရပ်အလိုက် သုတေသနလုပ်ကြတယ်ဆိုတာ ကြားရုံကြားဖူးခဲ့တာ၊ အခုတော့မျက်မြင်တွေ့ရပါပြီ။

ကျေးဇူးရှင်ဆရာတော်က "မင်းတို့တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကို ဘယ်လိုလုပ်မယ်၊ စာအုပ်တွေ ဘယ်လိုနည်းပညာတွေနဲ့ ထိန်းသိမ်းတယ်ဆိုတာ ပြချင်လို့ ဒီကိုခေါ်လာတာ"ဟု မိန့်ပါသည်။

မြန်မာပြည် လွန်ခဲ့တဲ့ နှစ် ၂၀ဝ ၁၅၀ ခေတ်က ရှားပါး ပုံရိပ်တွေ ဓာတ်ပုံတွေ ပန်းချီတွေ စာပေတွေ တွေ့ခဲ့တော့ ကိုယ်မမီလိုက်တဲ့ မြန်မာပြည်က ဒီလိုဖြစ်ခဲ့တာပါလားလို့ အတိတ်က ပုံရိပ်ကိုမြင်ယောင်မိပါသည်။


သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-199gazette-200gazette-201gazette-202

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈