Gazette

သဲကန္တာထဲက ရေတစ်ပေါက်

ဒီကနေ့ (၂၃-၄-၂၀၁၇) မနက်ပိုင်း Uganda Buddhist Center ယုဂန္ဓာဗုဒ္ဓဘာသာ ကျောင်းတော်ကြီးမှာ ရဟန်းသံဃာများကို မွေးဖွားပေးရာ သိမ်တော် ဖွင့်ပွဲပြုလုပ်သည်။

သီတဂူဆရာတော်ကြီးနှင့် ယုဂန္ဓာဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်ပေးသည်။

အဲဒီနောက် အီဂျစ်နိုင်ငံသား ယုဂန္ဓာနိုင်ငံသားတို့၏ ရဟန်းပြုပွဲ၊ သီတဂူဆရာတော်ကြီးကို ဥပဇ္စျာယ်ပြု၍ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့် သီတဂူပါမောက္ခများက ကမ္မဝါစာဖတ်ပေးကြသည်။

ဆရာတော်ကြီးက မိန့်သည်မှာ " ဒီကနေ့အခမ်းနားဟာ အာဖရိကတိုက်မှာ ဗုဒ္ဓဘာသာရဲ့ မှတ်ကျောက် မှတ်တိုင်ပဲ" ဟု မိန့်သည်။ စိတ်ပါ စေတနာ မေတ္တာ အပြည့်နဲ့ ပြုလုပ်ပေးနေခြင်းမှာ ဒီအခမ်းနားဟာ " သဲကန္တာရထဲက ရေတစ်ပေါက်ပဲ" ဟု မိန့်သည်။

ရဟန်းခံပွဲအပြီး ဝန်ကြီးက ကျေးဇူးတင်စကားပြောသည်၊ သာဓု ထပ်ခါထပ်ခါ ခေါ်ပြီး ပြောသွားသည်။ နိဂုံးမှာ သီတဂူဆရာတော်ကြီးက ဟောပြောသည်။ ဟောပြောချက် သီးသန့် ဖော်ပြပါမည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-79gazette-80gazette-81gazette-82gazette-83

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 19 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈