ယုဂန္ဓဂ ၂၀၁၇ ဧပြီ ၂၃
မနေ့ည (၂၂-၄-၂၀၁၇) က ယုဂန္ဓာနိုင်ငံ အိုးအိမ်နှင့် မြို့ပြ စည်ပင် ဝန်ကြီးသည် သီတဂူဆရာတော်ကြီးကို ဆရာတော်ကြီး သီတင်းသုံးရာ Imperial Resort Hotel သို့ လာရောက်ဂါရဝပြုသည်။
ယုဂန္ဓာမှာ လွတ်လပ်စွာ မိမိတို့ ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိကြောင်း၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းသော ဘာသာ ဖြစ်၍ အာဖရိကမှာရှိသင့်ကြောင်း၊ ယုဂန္ဓာမှာ ဗုဒ္ဓဘာသာကျောင်း အသိမှတ်ပြုကြောင်း စသည် ဆွေးနွေးကြသည်။
၂၃ ရက်နေ့မှာ ကျင်းပမည့် Uganda Buddhist Center မှာ သိမ်ကျောင်းဆောင် ဖွင့်ပွဲ၊ အီဂျစ်နိုင်ငံသား၊ ယုဂန္ဓာနိုင်ငံသားတို့ ရဟန်းပြုသည့်ပွဲကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း ၀န်ကြီးက လျှောက်သည်။
ဆင်သွားရင် အရာထင်သလို ကျော်ကြားသည့် သီတဂူဆရာတော်ကြီးနှင့် ဒေသရဲ့အရာရှိ ၀န်ကြီးတို့ ရောက်ခဲ့ရာ ယုဂန္ဓာဗုဒ္ဓဘာသာကျောင်းတော်ကြီး ပို၍ပို၍ ခရီးပေါက်မည် ဖြစ်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
We have 4 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈