Gazette

သီတဂူအဓိပတိ၏ အိန္ဒိယခရီးစဉ်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည်

(က) ၂-၁၂-၂၀၁၆ ရက်နေ့၊ ညနေခင်း ၃:၀၀နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ ဂယာမြို့ရှိ မဟာဗောဓိစေတီတော်ကြီးရှိ ဗောဓိပင်ကြီးအောက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂) ကြိမ်မြောက် နိုင်ငံတကာ ပိဋကသုံးပုံရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲသို့ ကြွရောက်ကာ အဖွင့်မိန့်ခွန်းပြောကြားပေးခဲ့ပါသည်။

(ခ) ၂-၁၂-၂၀၁၆ ရက်နေ့၊ ညနေခင်း ၅:၀၀နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ ဂယာမြို့ရှိ မြန်မာဗုဒ္ဓဘာသာ ပညာရေးဗိမ္မာန်တော်တွင် အိန္ဒိယနိုင်ငံရောက် ပညာသင် မြန်မာသံဃာတော်များကို သြဝါဒကထာချီးမြှင့်ပေးခဲ့ပါသည်။

(ဂ) ၃-၁၂-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၁၀:၀၀နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ ဂယာမြို့၊ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်ရှိ ခဏ္ဍသိမ်အတွင်း ပူဇော်ထားရှိမည့် ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ခြင်း အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။ ထိုဗုဒ္ဓရုပ်ပွားဆင်းတုတော်မှာ မြန်မာနိုင်ငံ ပုဂံခေတ်လက်ရာပုံစံဖြင့် သွန်းလုပ်ထားသည့် ယွန်းဆင်းတုတော်ဖြစ်ပြီး သီတဂူဆရာတော်ကြီး၏ အလှူတော်ဖြစ်ပါသည်။

(ဃ) ၃-၁၂-၂၀၁၆ ရက်နေ့၊ ည ၈:၀၀နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ ဂယာမြို့၊ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော ဓမ္မသဘင်ကို ဟောကြားချီးမြှင့်ပေးတော်မူပါသည်။

၄-၁၂-၂၀၁၆ နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်လာမည် ဖြစ်ပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

gazette-405gazette-405gazette-405gazette-405gazette-405gazette-405gazette-405gazette-405

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 8 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈