Announcement

ဗုဒ္ဓဘာသာ ညီလာခံ ကျင်းပမည်

THE WORLD PEACE BUDDHIST CONFERENCE

buddhist-conference

ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာသာညီလာခံ ကို ၁၃၇၇-ခုနှစ် ပြာသိုလ်လဆန်း ၁၄-ရက်၊ ၁၅ ရက် (၂၃-၂၄/၀၁/၂၀၁၆) နေ့တွင် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သဒ္ဓမ္မဇောတိကာ မဟာသိမ်တော်ကြီး၌ ကျင်းပမည် ဖြစ်သည်။

The world Peace Buddhist Conference will be host

ဤ ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာသာညီလာခံ ကို သီတဂူအဓိပတိဆရာတော် (ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ) က ဦးဆောင်ကာ တာဝန်ယူ ကျင်းပခြင်း ဖြစ်ပါသည်။ Oxford ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ က ထိုညီလာခံ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်စေရန် အားဖြည့် ကူညီနေပါသည်။ 

နိုင်ငံပေါင်း ၂၃ နိုင်ငံတို့မှ အသိပညာရှင် အတတ်ပညာရှင် (Academic Scholar) စုစုပေါင်း ၄၀ တို့ထံသို့ ဖိတ်ကြားစာများ ပို့ပေထားပြီး ဖြစ်ပါသည်။ 

အစည်းအဝေးတက်ရောက်မည် ဖြစ်ကြောင်း ပြန်ကြားစာ အချို့ ကို လက်ခံရရှိပြီး ထိုထက် ပင့်ဖိတ်နိုင်ရန် ပညာရှင်အချို့ကို ဆက်သွယ်လျှက်ရှိပါသည်။

ထိုပညာရှင်တို့၏ ပြည်တွင်း ပြည်ပကုန်ကျစရိတ်များကို သီတဂူအဓိပတိဆရာတော် က တာဝန်ယူ လှူဒါန်းမည် ဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးလိုလားသူများ နှင့် သီတဂူကို ကြည်ဖြူကြသည့် ဒကာ ဒကာမတို့အပေါင်းတို့က ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ထိုညီလာခံအတွက် ဆွမ်းအလှူရှင်များ၊ နေထိုင်ရေး၊ သွားလာရေး စသည်များအတွက် ပါ၀င်ကုသိုလ်ယူလိုသူများနှင့် သတင်းစုံစမ်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံပတ်များနှင့် အီးမေးလ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


ဆက်သွယ်ရန် (Contact)

(၁) ဒေါက်တာ အရှင်သုန္ဒရ၊ သီတဂူဝိပဿနာအကယ်ဒမီ၊ စစ်ကိုင်းတောင်ရိုး။ ဖုန်း ၀၉၄၃၄၃၂၅၀၀

(၂) ဒေါက်တာ အရှင်ကုမာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး။ ဖုန်း ၀၉၂၁၃၂၀၄၄/၀၉ ၉၇၅ ရ၆၀ ၃၅၀/

This email address is being protected from spambots. You need JavaScript enabled to view it. / This email address is being protected from spambots. You need JavaScript enabled to view it.

(၃)အရှင်ဓမ္မိက၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်။ ဖုန်း ၀၉၂၅၄၀၈၈၈၃၃

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 9 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈