Activities

သီတဂူရေဘေးကယ်ဆယ်ရေးအစီစဉ်

ရေဘေးကယ်ဆယ်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံးက သီတဂူသာသနာပြုအဖွဲ့ (ရန်ကုန်မြို့) သို့ လာရောက်ပြီး စေတနာရှင်မိဘပြည်သူများ လှူဒါန်းထားသော ကျပ်ငွေ-သိန်း၆၈၀ တိတိကို သီတဂူဆရာတော်ကြီးထံ အပ်နှံလှူဒါန်းထားခဲ့ပါသည်။ ထို့အတူ ရွှေကုန်သည်ကြီးများအသင်းကလည်း ကျပ်ငွေ သိန်း-၁၀၀ ကို ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အသုံးပြုနိုင်ရန် သီတဂူဆရာတော်ကြီးထံ အပ်နှံလှူဒါန်းကြပါသည်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တော်မူသော သီတဂူသာသနာပြုအဖွဲ့သည် ၂၀၁၅ခုနှစ် မိုးရာသီကာလတွင် နိုင်ငံအဝှမ်းမှ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ ပေးပို့လှူဒါန်းခဲ့သော စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ယခုနှစ် ၂၀၁၆ ခုနှစ်တွင် သီတဂူဆရာတော်ကြီးသည် ဆန်၊ ရေသန့်၊ ပစ္စည်းများ ဝေသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ ရေဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးသွားသော စာသင်ကျောင်းနှင့် ဆေးရုံများကို ပြန်လည်တည်ဆောက်သည့် (ပညာရေးနှင့် ကျန်းမာရေး) အထောက်အကူပြု လုပ်ငန်းများကိုသာ အားစိုက် လုပ်ဆောင်သွားမည့် အစီစဉ်ကို စတင်နေပြီဖြစ်ပါကြောင်း အလှူရှင်များနှင့် တပည့်-ဒကာအပေါင်းကို သိရှိစေအပ်ပါသည်။

၂၀၁၅ခုနှစ်က လာရောက်လှူဒါန်းထားသည့် ဂီတအစည်းအရုံးမှ အလှူငွေ-ကျပ်သိန်း-၆၈၀နှင့် ရွှေကုန်သည်အသင်းမှ အလှူငွေ ကျပ်သိန်း-၁၀၀ တို့ကို ယမန်နှစ်က ရေဘေးသင့်ပြီး ပျက်စီးသွားသည့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းစုအ-မ-က နှင့် စကုမြို့နယ်၊ ထုံးမကြီး အ-မ-က ကျောင်းဆောင် တို့ကို ဆောက်လုပ်ရန်အတွက် သီတဂူဆရာတော် (ကိုယ်စား) မကွေးဆရာတော် ဦးသာသနာ့ဦးဆောင်ကာ ကျောင်းစုရွာ ကျောင်းဆောင် တည်ဆောက်ရေး စတင်နေပြီဖြစ်ပါသည်။ ထုံးမကြီးကျောင်းဝင်းမှာ ရေကြီးနေဆဲဖြစ်သောကြောင့် တည်ဆောက်မှုလုပ်ငန်းခွင် စတင်နိုင်ခြင်းမရှိသေးပါ။

စာသင်ဆောင်တစ်ဆောင်လျှင် ကုန်ကျငွေ ကျပ်ငွေ-သိန်း၄၀၀ ခန့်ဟု တွက်ချက်ထားပါသည်။ ဂီတအစည်းအရုံးနှင့် ရွှေကုန်သည်ကြီးများအသင်းတို့မှ အလှူရှင်များအားလုံးလည်း မိမိတို့၏ ရည်စူးအလှူ ဖြစ်သည့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အတွက် အလှူငွေကို မည်သည့်နေရာတွင် လှူဒါန်းထားကြောင်းသိရှိနိုင်စေရန်နှင့် အလှူတော်အတွက် ကြိုတင်သိရှိသာဓုအနုမောဒနာ ခေါ်ဆိုနိုင်စေရန် အတွက် ရေးသားတင်ပြအပ်ပါသည်။

Posted by သီတဂူသတင်း
ဓါတ်ပုံ - သီတဂူအရှင်ပညောဘာသ၊ မကွေးဆရာတော်ဦးသာသနာ

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org 

 

water-victim-01water-victim-02water-victim-03

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈