ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသရှိ ပြည်သူများအတွက် ရောက်လာပါပြီ သီတဂူ။ သီတဂူဆရာတော်ကြီးသည် မြန်မာပြည်တဝှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝေးလံခေါင်သော နေရာများကို သွားရောက်၍ သီတဂူဆေးရုံတော်များ ဆောက်လုပ်လှူဒါန်းသည်။ မျက်စိအထူးကုဆေးရုံများနှင့် အထွေထွေ ဆေးရုံတော် များဖြစ်သည်။
ယခုနှစ် ၂၀၁၁၊ နို၀င်ဘာ (၁၄) ရက်နေ့တွင် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွက် အမှတ်စဉ် (၁၄) သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ) ဆေးရုံတော်ကြီးကို သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာ ဒကာမများ သွားရောက် ဖွင့်လှစ်ခဲ့သည်။
ထိုဆေးရုံဖွင့်ပွဲ အခမ်းအနားကို DKBA ဌာနက လက်ခံ ကျင်းပပေးသည်။ သီတဂူဆရာတော်ကြီးနှင့် အတူ လိုက်ပါလာသော အလှူရှင် သီတဂူဒကာ ဒကာမများအား DKBA မှ ကရင်၀တ်စုံများကို လက်ဆောင်ပေးသည်။ ထို၀တ်စုံများ ၀တ်ဆင်ကာ အခမ်းအနား ဖွင့်ပွဲကို တက်ရောက်ကြရသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
We have 2 guests and no members online
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉
မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈