Hospitals

ဒုတိယအကြိမ် သီတဂူစက္ခုဒါန အလှူတော် (သဲကုန်း)

၂၀၁၄ ဇန္နဝါရီလ (၁၃၇၅-တပိုတွဲလပြည့်)နေ့က သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါနဆေးရုံကို ဖွင့်လှစ်ပြီး ပထမအကြိမ် မျက်စိကုသမှုများ ပြုလုပ်ခဲ့ရာ စမ်းသပ် လူနာပေါင်း ၅၀၀၀ (ငါးထောင်) ကျော်နှင့် ခွဲစိပ်ပြီး အလင်းရသူများ ၅၉၃ ယောက်ရှိသည်။

ပထမအကြိမ်တွင် ဆရာ၀န်များ အနားပေးခြင်း၊ လူ ၂၀၀၀ကျော် နေ့စဉ်သုံးသည့် ရေချိုးခန်း၊ အိမ်သာများ၊ နေရာများ သန့်ရှင်းရေးအတွက် ပြုလုပ်ခြင်းများ လိုအပ်သည့်အတွက် ပထမအကြိမ် ၅၀၀၀ ကျော်သော လူနာများ စမ်းသပ်ပြီး ဒုတိယအကြိမ်အတွက် ပြင်ဆင်ရန် အနားပေးကြရသည်။

ဒုတိယအကြိမ်

ဒုတိယအကြိမ်ကို ၄-၃-၂၀၁၄ နေ့က စပြီး ယနေ့အထိ လူနာပေါင်း ၇၇၉ စမ်းသပ်ပြီး လူနာ ၈၀ ခွဲစိပ်ပြီးဖြစ်သည်၊ မနက်ဖန်တွင် လူနာ ၁၀၀ ကျော် ခွဲစိပ်ဖို့ ပြင်ဆင်ထားသည်။ ၈-၃-၂၀၁၄ နေ့အထိ အထူးကုဆရာ၀န်ကြီးများက နေ့မအား ညမအား စမ်းသပ်ခြင်းများ၊ ခွဲစိပ်ခြင်းများ ပြုလုပ်ပေးနေသည့်အတွက် စမ်းသပ်လူနာပေါင်း ၁၅၀၀ကျော်နှင့် ခွဲစိပ်လူနာ ၄၀၀ ကျော် မျှော်မှန်းထားကြောင်း သီတဂူအာယုဒါန ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်က ပြောပါသည်။ နှစ်ကြိမ်ပေါင်း ခွဲစိပ်လူနာ (မျက်စိအလင်းရသူ) ၁၀၀၀ (တစ်ထောင်) ကျော်နိုင်သည်ဟုလည်း ပြောပါသည်။

ဒုတိယအကြိမ် မျက်စိအလင်းအလှူများတွင် အငြိမ်းစား ပါမောက္ခ မျက်စိအထူးကု ဆရာ၀န်ကြီး ဒေါက်တာ မြအောင်၊ အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်ခိုင်၊ ဒေါက်တာ လှအောင်ဒင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာပွင့်ဦး၊ ဒေါက်တာ တင့်ဇော်ဦးနှင့် အထူးပြု သူနာပြုများ၊ သီတဂူအာယုဒါနဆေးရုံတော်မှ ဒု-ဆေးရုံအုပ် ဒေါက်တာမိမိခင်နှင့် သူနာပြုများ၊ ဒေသခံမှ သူနာပြုများက အထူးတာ၀န်ယူလုပ်ဆောင်ကြသည်။

သီတဂူအထောက်ကူပြု အဖွဲ့များ၊ ဒေသခံလုပ်အားပေးအဖွဲ့များ၊ စေတနာရှင်များက အင်တိုက် အားတိုက် လုပ်အားဒါနပြုကြသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

 

thae-kone-03-01 thae-kone-03-02 thae-kone-03-03 thae-kone-03-04 thae-kone-03-05

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 6 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈