Home

သီတဂူဆရာတော်ကြီး နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံသို့ ရောက်

**********

(၂၀၂၄ ဇန္နဝါရီလ ၁၇/၁၈) အပြည်ပြည်ဆိုင်ရာသာသနာပြု အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ABCPအဖွဲ့၏ ဖိတ်ကြားချက်အရ အိန္ဒိယအစိုးရမှကြီးမှုးကျင်းပသော နယူးဒေလီမြို့ရှိ Asian Buddhist Conference for Peace (ABCP) အဖွဲ့၏အစည်းအဝေးသို့ကြွရောက်ချီးမြင့်အားပေးတော်မူပါသည်။

ABCP အဖွဲ့သည် Mongolia နှင့် အိန္ဒိယနိုင်ငံရှိသံဃာများမှဦးဆောင်ဖွဲ့စီးထားပြီး ၁၆ နိုင်ငံမှဗုဒ္ဓဘာသာခေါင်းဆောင်းများအဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။ ABCP မှ အိန္ဒိယအစိုးရ၏အထောက်အပံ့ဖြင့် ၁၂ ကြိမ်မြောက် General Conference ကိုကျင်းပရာဆရာတော်ကြီးအပါအဝင် နိုင်ငံ ၂၀ ကျော်မှဘာသာရေးခေါင်းဆောင်များ၊ အိန္ဒိယနိုင်ငံဒုတိယသမ္မတကြီးအမှုးပြုသောဝန်ကြီးများနှင့် ဗုဒ္ဓဘာသာနိုင်ငံများမှသံအမတ်များတက်ရောက်ခဲ့ကြပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ...
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ..
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

20240119-01

20240119-01

20240119-01

20240119-01

20240119-01

20240119-01

သီတဂူဝန်ဆောင် သံဃာ့အဖွဲ့ တွေ့စုံပွဲ ပြုလုပ်

**********

၄-၁-၂၀၂၄ လွတ်လပ်ရေးနေ့မှာ ကျေးဇူးရှင်ဆရာတော်ကြီး ဦးဆောင်၍ တွေ့စုံ ဆွေးနွေးကြပါတယ်။
သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ လုပ်ငန်းကြီးများ၏ သြဝါဒါစရိယ နှစ်ပါးအောက်မှာ သီတဂူဝန်ဆောင်သံဃအဖွဲ့သည် သာသနာပြုလုပ်ငန်းများ၏ ဦးဆောင်အဖွဲ့ဖြစ်ပါတယ်။

သီတဂူသာသနာပြုအဖွဲ့၏ အဓိက လုပ်ငန်းကြီးများမှာ
သီတဂူရေအလှူတော်
သီတဂူဆေးရုံများ
သီတဂူဗုဒ္ဓတက္ကသိုလ်များ
ပြည်တွင်းပြည်ပ သာသနာပြုကျောင်းများ စသည်ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား

20230601-02 20230601-02 20230601-02

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စာမေးပွဲကျင်းပ

**********

စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ၂၀၂၃/၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို တချိန်တည်း ကျင်းပသည်။ M.A တန်း B.A တန်း Diploma တန်းများ အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ၄ ရက် ကျင်းပသည်။

20230601-02 20230601-02 20230601-02 20230601-02

ဆရာတော်ကြီးရဲ့ ကရုဏာဖြင့် အကျဉ်းသားများကို ကယ်တင်ခြင်း

**********

၁၉ အောက်တိုဘာလ ၂၀၂၃၊
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့သည် အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသား ၅၇ ဦးတို့ကို အိန္ဒိယနိုင်ငံ Port Blair ကျွှန်းမှမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် လွှတ်မြောက်နိုင်ခဲ့ပါသည်။

ထိုမြန်မာအကျဉ်းသားများသည် အိန္ဒိယနိုင်ငံတွင် ၂ နှစ်မှ ၁၀ နှစ်ထိ အကျဉ်းကျခံနေရသူများဖြစ်ပြီး ဆရာတော်ကြီးဦးဆောင်သော သီတဂူအဖွဲ့က ခရီးစရိတ်ကျသင့်ငွေအားလုံး လှုဒါန်းကာ ၂ နိုင်ငံတာဝန်ရှိသူများက ကူညီဆောင်ရွက်ပြီး လွှတ်မြောက်နိုင်ခဲ့ပြီဖြစ်ပါသည်။

ထိုသို့မြန်မာနိုင်ငံသို့ပြန်ရောက်ရာတွင်လည်း သီတဂူအဖွဲ့က လမ်းစရိတ်နှင့်ညစာထပ်မံလှုဒါန်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တည်းခိုရေးနှင့်ပြန်လည်ပို့ဆောင်ရေးတို့အတွက် ပါဝင်လှုဒါန်းခဲ့ပါသည်။

သီတဂူဆရာတော်ကြီးနှင့်သီတဂူအဖွဲ့သည် ယခုကဲ့သို့ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရသော မြန်မာအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၁၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး အကျဉ်းသားဦးရေ ၂၀၀၀ ကျော်ခန့်ကို တာဝန်ရှိသူများနှင့်ပူပေါင်း ကယ်တင်ကုသိုလ်ယူခဲ့နိုင်ကြောင်း သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။


ဓာတ်ပုံ။ အောင်သန်းဝင်း
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။

 

20230601-02 20230601-02 20230601-02 20230601-02 20230601-02 20230601-02

သီတဂူဆရာတော်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနမ်ပြည်နယ် ရောက်

**********

အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လော့ရန်မြို့တွင်တည်ရှိသော ဗုဒ္ဓဘာသာအစောဆုံးရောက်ရှိသည့် မြင်းဖြူကျောင်းတိုက်သို့ (၂၂.၆.၂၀၂၃)ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။

ရှေးဦးစွာ မြင်းဖြူကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ဘုန်းတော်ကြီးများက သီတဂူဆရာတော်ကြီးနှင့်အဖွဲ့ကို နွေးထွေးစွာကြိုဆိုခဲ့ပါသည်။

ထို့နောက် မြင်းဖြူကျောင်းတွင်တည်ထားကိုးကွယ်ထားသော ရွှေတိဂုံပုံတူစေတီတော်ကြီးအား သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော အဖွဲ့သွားရောက်ကြည့်ရှူ့ဖူးမျှော် ကန်တော့ခဲ့ပါသည်။

သီတဂူအဓိပတိဆရာတော်ဘုရားကြီးဦးဆောင်သော လေ့လာရေးအဖွဲ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဦးတင်မောင်ဆွေ ဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းမိသားစုများကလေဆိပ်မှကြိုဆိုခဲ့ပါသည်။

 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။
ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကင်းဝေးကြပါစေ…
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေ…

 

20230601-02 20230601-02 20230601-02 20230601-02 20230601-02 20230601-02 20230601-02

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

Guests Online

We have 5 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈