FOUNDER

သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့

logo-center

သီတဂူဆရာတော်ကြီးသည် သီတဂူသာသနာပြုလုပ်ငန်းများကို အင်အားကောင်းစေရန် သီတဂူသာသနာပြုအဖွဲ့ကို သာသနာနှစ် ၂၅၂၄နှစ်၊ မြန်မာသက္ကရာဇ် ၁၃၄၂နှစ်ခုနှစ်၊ ခရစ်နှစ် ၁၉၈၀ခုနှစ်တွင် စတင်ဖွဲ့စည်းလိုက်သည်။ သီတဂူဆရာတော်ကြီးကိုယ်တိုင် အထက်မြန်မာပြည်၊ အောက်မြန်မာပြည်၊ အမေရိကန်၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ၊ ကနေဒါစသော နိုင်ငံတို့နှင့် ပြည်တွင်း ပြည်ပ သီတဂူသံဃာ့၀န်ဆောင်အဖွဲ့၊ သီတဂူကပ္ပိယကာရကအဖွဲ့များနှင့် သီတဂူအလှူရှင်များတို့ကို ပါ၀င်စေလျှက် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့ကြီးဖြစ်သည်။
သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ကြီးက သာသနာရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစတဲ့ အရေးများစွာတို့ကို အင်တိုက်အားတိုက် ပြုလုပ်လာခဲ့ရာ--------

၁။ သီတဂူရေအလှူတော် စီမံကိန်း
၂။ သီတဂူဆေးရုံတော်များ စီမံကိန်း (မြန်မာပြည်အနှံ့အပြား)
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စီမံကိန်း (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
၄။ သီတဂူ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာ အကယ်ဒမီ စီမံကိန်း (စစ်ကိုင်း)
၅။ သီတဂူဗုဒ္ဓ၀ိဟာရ၊ သီတဂူဓမ္မ၀ိဟာရ၊ သီတဂူသံဃာ့၀ိဟာရ (ပြည်တွင်းပြည်ပ) စီမံကိန်း
၆။ သီတဂူ ပညာရေးထောက်ပံ့မှု စီမံကိန်း (ပြည်ပပညာတော်သင်နှင့် ဆေးကျောင်းသားများ)
၇။ သီတဂူ ကျန်းမာရေး ထောက်ပံ့မှုစီမံကိန်း (မြန်မာပြည်အနှံ့အပြား)
၈။ သီတဂူ အထွေထွေလူမှုရေးစီမံကိန်း (မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတတ်သည့် နာဂစ်လေမုန်တိုင်းကဲ့သို့ သဘာ၀ဘေးဒဏ် ကယ်ဆယ်ရေး စီမံကိန်းနှင့် မလေးရှားနိုင်ငံ၊ သီရိလင်္ကာကဲ့သို့

ပြည်ပတွင် ဒုက္ခရောက်နေကြသော တိုင်းရင်းသား ပြည်သူများကယ်ဆယ်ရေး စီမံကိန်း) စတဲ့ စီမံကိန်းများစွာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

၄-၁၀-၂၀၁၃

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have one guest and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈