သီတဂူဆရာတော်သြဝါဒ

သီတဂူဆရာသြဝါဒ (ပူနေးကျောင်းသားများ)

လူသာလျင် အကြီးကျယ်ဆုံး
ရှေးဦးစွာ သီတဂူဆရာတော်ကြီးကို ပူနေးကျောင်းသားများက အသံပြိုင်ကန်တော့ကြသည်။ ထိုနောက်ဆရာတော် အမိန့်ရှိသည်မှာ ငါအမြဲတမ်းကြော်ငြာထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ရှိတယ် မင်းတို့အားလုံး ရကြလိမ့်မည်ဟု မျော်လင့်တယ်။ There is nothing great in the world but man. ကမ္ဘာမှာ လူက လွဲလို့ ကြီးကျယ်တာ ဘာမှမရှိဘူး။ လူသည် ဘုရားလည်းဖြစ်နိုင်တယ်၊ ပစ္စေကဗုဒ္ဓါလည်း ဖြစ်နိုင်တယ်၊ ရဟန္တာလည်းဖြစ်နိုင်တယ်၊ စကြာဝတေးမင်းလဲဖြစ်နိုင်တယ်၊ ဘုရင်လဲဖြစ်နိုင်တယ်၊ ဗြဟ္မာလည်းဖြစ်နိုင်တယ်၊ နတ်လည်းဖြစ်နိုင်တယ်၊ သကြားလည်းဖြစ်နိုင်တယ်၊ အဲ--ယုတ်စွအဆုံး မစင်စားတဲ့ ခွေးလည်းဖြစ်နိုင်တယ်။ လူက အကုန်ဖြစ်နိုင်တဲ့ ဘဝပဒေသာကြီးပေါ့၊ အဝီစိသွားချင်လည်းရတယ်၊ လူ့ဘဝဟာ လမ်းဆုံးပဲ (junction of the world).
အဲဒါကြောင့် မင်းတို့တစ်တွေ အထက်သွားမလား အောက်ဆင်းမလား၊ နှစ်ခြောင်းထောက်ကနေ လေးခြောင်းထောက် သွားခြင်သလား။

 

ဆက်လက်ဖတ်ရှုရန်

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွတ်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

 

ဆက်လက်ဖတ်ရှုရန်

သေးငယ်သောကိစ္စ ချဲ့ကားလာခြင်း

သီတဂူဆရာတော်ကြီးက “တဆင့်စကား ချဲ့ကားလာခြင်းကို မယုံကြဖို့၊ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်မှ ယုံကြဖို့” လိုကြောင်း လက်တလော ဖြစ်ပွားနေသော ပဋိပက္ခနဲ့ဆက်လျှင်းပြီး ဘီဘီစီမြန်မာ့အသံတွင် ၂၁-၃-၂၀၁၃ ကြာသပတေးမိန့်ခဲ့သည်။
တဆင့်ကြားတိုင်းမယုံနဲ့
ကြားတဲ့အတိုင်း ဟုတ်ချင်မှဟုတ်မှာ။ ကေသမုတ္တိမှာ ဘုရားဟောသလိုပဲ တဆင့်စကား တဆင့်ကြားရင် အကုန်လုံး ဟုတ်တယ်လို့ မမှတ်နဲ့တဲ့။ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်မှ ယုံဆိုတာ ဟောထားတာ ရှိတယ်။ ဖြစ်တယ်ဆိုတာဟာ အတိုင်းအတာ တစ်ခုတော့ ရှိလိမ့်မည်။ အဲဒီလရဲ့ ရှေ့က ဖြစ်သွားခဲ့တာတွေ အများကြီးတယ်။ ဟိုးရှေးတုန်းက တောင်ငူမှာ ဖြစ်ခဲ့တာတွေ၊ မဆလခေတ်က မြောက်ဥက္ကလာပမှာ ဖြစ်ခဲ့တာတွေ၊ မော်လမြိုင်မှာ ဖြစ်ခဲ့တာတွေ အများကြီးပဲ၊ ရခိုင်မှာ ဖြစ်ခဲ့တာဆိုတာလဲ ကမ္ဘာကျော်ပဲ။

 

ဆက်လက်ဖတ်ရှုရန်

အကြမ်းဖက်မှုအားလုံး ရှုတ်ချသည်

မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနှင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။
ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ မည်သည့်ထောင့် မည့်သည့်နေရာက မည်သူတို့ လှုံ့ဆော်သည်ဟု အတိအကျ မသိရနိုင်သော ဆူပူသောင်းကြမ်းမှုများ အကြမ်းဖက်မှုများ၊ ဘာသာ အယူဝါဒနှင့် လူမျိုးမတူ ထူးခြားသူများကို အခြားသော ဘာသာအယူဝါဒ မတူကြသော လူမျိုးခြင်း မတူကြသောသူတို့ဟာ အပြန်အလှန် ဆူပူသောင်းကြမ်း တိုက်ခိုက် နှောက်ယှက်နေကြပါတယ်။ အထူးသဖြင့် ရခိုင်ဒေသက စလိုက်သော လူမျိုးရေး ဘာသာရေး ဆူပူမှုတွေဟာ မန္တလေးတိုင်းထဲသို့ ကူးစက်ဝင်ရောက်လာပြီး မိတ္ထီလာမြို့မှာလဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရန်ဖြစ်ခဲ့ကြတယ်။ အဲဒီကနေ ကူးစက်ပြီးတော့ ပဲခူးတိုင်း အနောက်ဖက်ခြမ်းကို ကူးစက်သွားခဲ့တယ်။ အခြားတိုင်းနှင့်ပြည်နယ်တစ်ချို့မှာလဲ ထိတ်လန့်ဖွယ် ကောလာဟလတွေ ဖြစ်ပေါ်နေကြတယ်။


ဆက်လက်ဖတ်ရှုရန်

အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို

ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပထမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။

 

ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။

 

ဆက်လက်ဖတ်ရှုရန်

သီတဂူဆရာတော်သြဝါဒ

သာသနာပိုင်ဆရာတော်ကြီး၏ သြဝါဒမှာ တပ်မတော်နှင့်တိုင်းပြည်ကို စံထားပြီးတော့ သာသနာတော်နှင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ပြောသွားတဲ့စကားဟာ မင်းတို့ ငါတို့အတွက် မှတ်သားဖွယ်၊ မှတ်သားရုံမကဘဲ လိုက်နာဖွယ်ဖြစ်တယ်။


ငါသည် သာသနာအတွက် ဖြစ်ရမည်၊ သာသနာသည် ငါ့အတွက် မဖြစ်ရဘူး။ အဲဒါ သံမှုနှပ်ပြီးတော့ ခေါင်းထဲမှာ စွဲနေအောင် ထားပါ။ ဒို့ဆရာ အနီးစခန်းပြောတာ တစ်ခုရှိတယ်၊ အခု သာသနာပိုင်ဆရာတော်ကြီးပြောတာနဲ့ အဓိပ္ပါယ်တော့ အတူတူပဲ။ ‘‘ သာသနာ့ဝန်ထမ်းဆိုတာ သာသနာတော်ရဲ့ တာဝန်ကို ထမ်းရမှာ၊ သာသနာက မင်းတို့ ငါတို့ကို ထမ်းပြီးတော့ ဝန်လေးမသွားစေနဲ့’’တဲ့ သာသနာရဲ့ တာဝန်ကို ထမ်းရမှာ သာသနာက ဒို့တာဝန်ကို ထမ်းရမှာ မဟုတ်ဘူး။ အဲဒါတော့ ဒို့ဆရာ အနီးစခန်း ပြောသွားတာ။

 

ဆက်လက်ဖတ်ရှုရန်

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈