သီတဂူဆရာတော်သြဝါဒ

သီ​တ​ဂူ​ဆရာတော် မိန့်​ခွန်း (ရုရှား​နိုင်ငံ)

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရှားရှားပါးပါးကျင်းပခဲလှစွာသော ပထမအကြိမ် အာရှ-ဥရောပနိုင်ငံများဆိုင်ရာ အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန်ဆွေးနွေးပွဲ (ASEM High-Level Conference on Intercultural and Inter-Religious Dialogue) ကို သမိုင်းဝင်ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့၌် ၂၀၁၄ခုနှစ်၊ ဂျူလိုင်လ ၃-၄ ရက်နေ့များတွင် စည်ကားခမ်းနားစွာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ သံအမတ်ကြီးများနှင့် ပညာရှင်များမှ အပြန်အလှန်ဆွေးနွေးမှုများနှင့် ဖတ်ကြားတင်သွင်းမှုပေါင်း ၅၀ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ အထူးဘာသာရေးခေါင်းဆောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ က “ဘာသာရေးသည်ငြိမ်းချမ်းရေးအတွက်” (Religions for Peace) ခေါင်းစဉ်ဖြင့် သြဝါဒပေးမြွက်ကြားတော်မူခဲ့ရာ တက်ရောက်လာသည့် ဝန်ကြီးများနှင့် ပရိတ်သတ်အားလုံးမှ သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုခဲ့ကြသည်။

ဆွေးနွေးပွဲကာလမတိုင်မီက ဆရာတော်ကြီး၏မိန့်ကြားချက်ကို အစီအစဉ်အရ ဒုတိယမြောက်နေ့တွင် ထည့်သွင်းခဲ့သော်လည်း ဆရာတော်ကြီး၏ ဘုန်းတန်ခိုး အရှိန်အဝါကြောင့် ပထမနေ့ပထမအပိုင်းတွင် မိန့်ကြားမှုပြုလုပ်ရန် ကျေနပ်စွာ ပြောင်းလဲစီစဉ်ခဲ့ကြပါသည်။ ဆရာတော်ကြီး၏ ဘုန်းရှိန်၊ ကံရှိန်၊ ပညာအရှိန်တို့ကြောင့် ဆွေးနွေးပွဲအတွင်းရှိ ဘာသာရေးခေါင်းဆောင်အားလုံးက အားလပ်ချိန်မနား လာရောက် ဂါရဝပြုလာကြပါသည်။

ဆွေးနွေးပွဲအပြီး ရုရှားဖက်ဒရေးနိုင်ငံ ယဉ်ကျေးမှု ဒုတိယဝန်ကြီးမှ လာရောက် ဂါရဝပြုတွေ့ဆုံ၍ နှစ်နိုင်ငံ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို အထူးလျှောက်ထားဆွေးနွေးခဲ့ကြပါသည်။ ဆရာတော်ကြီးကလည်း ရုရှားနိုင်ငံအတွင်းရှိ ဘာသာရေးခေါင်းဆောင်ကြီး ၃ ဦးအား ယခုနှစ် ဒီဇင်ဘာလ ၁၃-၁၄ ရက်နေ့များတွင် မြန်မာနိုင်ငံတွင် ဆရာတော်ကြီး ဦးဆောင်ကျင်းပမည့် ဘာသာရေးဆိုင်ရာညီလာခံကြီးသို့ ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုမြန်မာနိ်ုင်ငံ သံအမတ်ကြီး၏ ဇနီးမိသားစုတို့ကလည်း စိန့်ပီတာစဘတ်မြို့အထိ လာရောက်ကာ ဆရာတော်ကြီး၏ ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စအရပ်ရပ်များကို သက္ကစ္စမြောက် ဆောင်ရွက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြားလျှက်ရှိသော ပညာတော်သင် မြန်မာသင်တန်းသားများအား အထူးဓမ္မသဘင်ပြုလုပ်၍ တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ယခုကဲ့သို့ မိမိ၏အသက်တော်၊ ကျန်းမာရေးကိုမျှမထောက် သာသနာ့အကျိုး၊ နိုင်ငံအကျိုးအတွက် နိုင်ငံရပ်ခြားတိုင်းတပါးသို့ လာရောက်ချီးမြှင့်ပေးပါသော သာသနာ့ဂုဏ်ဆောင် ဆရာတော်ကြီးအား မော်စကိုမြို့သံအမတ်ကြီးမိသားစုနှင့် ပညာတော်သင် သင်တန်းသားများအားလုံးမှ မြန်မာနိုင်ငံသူနိုင်ငံသားနှင့် ထေရဝါဒဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ဘုရား။ ​ပွဲ​အပြီး ညနေ​ပိုင်း​တွင် စိန့်​ပီ​တာ​စ​ဘတ်​မြို့​တွင် ပညာသင်​ကြား​လျှက်​ရှိ​သော ပ​ညာတော်​သင် မြန်မာ​သင်​တန်းသား​များ​အား အထူး​ဓမ္မ​သဘင်​ပြုလုပ်​၍ တရား​ရေ​အေး တိုက်​ကျွေးတော်​မူ​ခဲ့​သည်။ ယခုကဲ့သို့ မိမိ​၏​အသက်တော်၊ ကျန်းမာ​ရေး​ကို​မျှ​မ​ထောက် သာ​သ​နာ့​အကျိုး၊ နိုင်ငံ​အကျိုး​အတွက် နိုင်ငံ​ရပ်​ခြား​တိုင်း​တ​ပါး​သို့ လာ​ရောက်​ချီး​မြှင့်​ပေး​ပါသော သာ​သ​နာ့​ဂုဏ်​ဆောင် ဆရာတော်​ကြီး​အား မော်​စ​ကို​မြို့​သံ​အမတ်​ကြီး​မိသား​စု​နှင့် ပ​ညာတော်​သင် သင်​တန်းသား​များ​အားလုံး​မှ မြန်မာ​နိုင်ငံ​သူ​နိုင်ငံသား​နှင့် ထေ​ရ​ဝါဒ​ဗုဒ္ဓ​ဘာသာ​ဝင်​အားလုံး​တို့​၏ ကိုယ်စား အထူး​ပင်​လှိုက်⁠လှိုက်​လှဲ​လှဲ ဂုဏ်​ယူ​ဝမ်းမြောက်​မိ​ပါ​ကြောင်း မှတ်တမ်း​တင်​အပ်​ပါ​သည်​ဘုရား။

ဆရာတော်​ကြီး​၏​မိန့်​ကြား​ချက် အပြည့်​အစုံ​မှာ အောက်​ပါ​အတိုင်း​ဖြစ်​ပါ​သည်။

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် တရားချစ်ခင် သ​ရေး​သည် ငြိမ်း​ချမ်း​ရေး​အတွက် တရား​ချစ်ခင် သူတော်​စင် အပေါင်း​တို့ …

ဤ​မျှ​ကြီးကျယ်​ခမ်းနား​သော ဂုဏ်​သရေ​ရှိ လူကြီး​မင်း​များ​၏ အစည်းအဝေး​ကြီး​မှာ ပါဝင်​ခွင့် စကားပြော​ခွင့်​ရ​တဲ့​အတွက် အလွန်​ဂုဏ်​ယူ​ဝမ်းမြောက်​ပါ​တယ်။

ဒီ​က​နေ့ ကျွန်ုပ်​တို့​တ​တွေ​ဟာ နိုင်ငံ​ရေး​စနစ် စီးပွား​ရေး​စနစ်​နှင့် ယဉ်ကျေး​မှု ကိုးကွယ်​သည့် ဘာသာ​စ​သည်​ဖြင့် မ​တူ​ကွဲပြား​ခြား​နား​သော ကမ္ဘာ​ကြီး​မှာ နေထိုင်​နေ​ကြ​ရ​တာ ဖြစ်​ပါ​တယ်။ ဒါ့​ကြောင့် မ​တူညီ​နိုင်​သော​အချက်အလက်​တွေ​ကို ငြင်းခုံ​၍​မ​နေ​ကြ​ဘဲ တူညီ​သော​အချက်ပေါ်​မှာ ငြိမ်း​ချမ်း​စွာ လက်​တွဲ​သွား​ကြ​ဘို့​ဖြစ်​ပါ​တယ်။

မေတ္တာဖြင့် လက်တွဲ

အာဖရိကသားတစ်ယောက်နှင့် တရုတ်ပြည်သူတစ်ယောက် ပေါင်းသင်းနေထိုင်ကြရာမှာ သူတို့နှစ်ယောက် အသားအရောင်ပေါ်မှာ ငြင်းခုံခြင်းမပြုကြလို့ “မေတ္တာသာ ပဓာန” ​ဖ​ရိ​က​သားတစ်​ယောက်​နှင့် တရုတ်​ပြည်​သူ​တစ်​ယောက် ပေါင်းသင်း​နေထိုင်​ကြ​ရာ​မှာ သူ​တို့​နှစ်​ယောက် အသား​အရောင်ပေါ်​မှာ ငြင်းခုံ​ခြင်း​မ​ပြု​ကြ​လို့ “မေတ္တာ​သာ ပဓာန” စိတ်ထား​နိုင်​ကြ​လို့ Love ဆို​တဲ့ Common Platform ပေါ်​မှာ လက်​တွဲ​ပြီး ဘဝ​ခရီး လျှောက်​နိုင်​ကြ​တာ​ပေါ့။

ဤယနေ့ကမ္ဘာမှာ အမျိုးမျိုးကွဲပြားနေကြသော လူသားတွေမှာ အမျိုးမျိုးကွဲပြားခြားနားသော ပြဿနာများနှင့် အမျိုးမျိုးကွဲပြားခြားနားသော သဘောထားအတွေးအခေါ် အယူအဆခံယူချက်တွေ ရှိနေကြမှာပေါ့။ ဒါပေမယ့် “ပြဿနာတွေရှိတယ်” ဆိုတဲ့နေရာမှာ အားလုံးတူတယ်။ အဖြေရှာနေကြတယ်ဆိုတဲ့ အချက်မှာလဲအားလုံးတူတယ်။ ဒါပေမဲ့ ဒီလူ့ဘဝပြဿနာတွေရဲ့ အပြီးသတ်အဖြေဆိုတာ တကယ်ရှိလိမ့်မယ်မဟုတ်ဘူး။ ဒါကြောင့် “ကွဲပြားခြင်းထဲမှာ ညီညွတ်ခြင်း” ရှိတယ် (Unity in Diversity) ဆိုတဲ့အချက်ကို ကျွန်ုပ်တို့ လက်ခံရလိမ့်မယ်။

ဥပမာ ကုန်းမြေပေါ်မှာ မြစ်တွေဟာ အမည်အမျိုးမျိုးကွဲနေပါတယ်။ သိမ်းမြစ်၊ ရိုင်းမြစ်၊ နိုင်းမြစ်၊ ဗော်လဂါမြစ်၊ ဂင်္ဂါမြစ်၊ ဧရာဝတီ စသည်ပေါ့။ အဲဒီလို ကွဲပြားနေတဲ့ အမည်တွေထဲမှာ ရေကိုမြင်အောင်ကြည့်လိုက်လျှင် ကွဲပြားခြင်းထဲက တူညီခြင်းကိုရပါတယ်။ ဒါမှသာ တူညီမှုတို့ကို စုစည်းနိုင်မှသာ အားလုံးလက်ခံနိုင်မဲ့လမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ Common Platform တည်ဆောက်နိုင်မှလဲ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပြီး၊ ​ယနေ့​ကမ္ဘာ​မှာ အမျိုး​မျိုး​ကွဲပြား​နေ​ကြ​သော လူ​သား​တွေ​မှာ အမျိုး​မျိုး​ကွဲပြား​ခြား​နား​သော ပြဿနာ​များ​နှင့် အမျိုး​မျိုး​ကွဲပြား​ခြား​နား​သော သဘောထား​အတွေး​အခေါ် အယူ​အဆ​ခံယူ​ချက်​တွေ ရှိ​နေ​ကြ​မှာ​ပေါ့။ ဒါ​ပေ​မယ့် “ပြဿနာ​တွေ​ရှိ​တယ်” ဆို​တဲ့​နေရာ​မှာ အားလုံး​တူ​တယ်။ အဖြေ​ရှာ​နေ​ကြ​တယ်​ဆို​တဲ့ အချက်​မှာ​လဲ​အားလုံး​တူ​တယ်။ ဒါပေမဲ့ ဒီ​လူ့​ဘဝ​ပြဿနာ​တွေ​ရဲ့ အပြီးသတ်​အဖြေ​ဆို​တာ တကယ်​ရှိ​လိမ့်​မယ်​မဟုတ်​ဘူး။ ဒါ​ကြောင့် “ကွဲပြား​ခြင်း​ထဲ​မှာ ညီညွတ်​ခြင်း” ရှိ​တယ် (Unity in Diversity) ဆို​တဲ့​အချက်​ကို ကျွန်ုပ်​တို့ လက်ခံ​ရ​လိမ့်​မယ်။ ဥပမာ ကုန်း​မြေပေါ်​မှာ မြစ်​တွေ​ဟာ အမည်​အမျိုး​မျိုး​ကွဲ​နေ​ပါ​တယ်။ သိမ်း​မြစ်၊ ရိုင်း​မြစ်၊ နိုင်း​မြစ်၊ ဗော်​လ​ဂါ​မြစ်၊ ဂင်္ဂါ​မြစ်၊ ဧရာဝတီ စ​သည်​ပေါ့။ အဲ​ဒီ​လို ကွဲပြား​နေ​တဲ့ အမည်​တွေ​ထဲ​မှာ ရေ​ကို​မြင်​အောင်​ကြည့်​လိုက်​လျှင် ကွဲပြား​ခြင်း​ထဲ​က တူညီ​ခြင်း​ကို​ရ​ပါ​တယ်။ ဒါ​မှ​သာ တူညီ​မှု​တို့​ကို စုစည်း​နိုင်​မှ​သာ အားလုံး​လက်ခံ​နိုင်​မဲ့​လမ်းကြောင်း​တစ်​ခု​ကို တည်ဆောက်​နိုင်​မှာ ဖြစ်​ပါ​တယ်။ Common Platform တည်ဆောက်​နိုင်​မှ​လဲ ပြဿနာ​အားလုံး​ကို ဖြေ​ရှင်း​နိုင်​ပြီး၊ ငြိမ်း​ချမ်း​ရေး​နှင့် လုံခြုံ​ရေး​တို့​ကို ထိန်းသိမ်း​နိုင်​မှာ ဖြစ်​ပါ​တယ်။

ဤမျှလောက် များပြားသော ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမျိုးရေး ခေါင်းဆောင်တွေဟာ ဘာသာရေး တစ်ခုနှင့်တစ်ခုအကြား ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခုအကြား ပေါင်းကူးတံတားများ တည်ဆောက်နိုင်ကြမည်ဆိုလျှင်၊ ကျွန်ုပ်ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ လူသားအချင်းချင်း ပို၍ကောင်းမွန်သော နားလည်မှု၊ ယုံကြည်စိတ်ချမှုတွေ ရရှိကြပါလိမ့်မယ်။ ထို့ပြင် ပဋိပက္ခတွေကို ရှောင်ရှားပြီး စိတ်ဓာတ်တင်းမာမှုတွေလဲ လျှော့ပါးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ​မျှ​လောက် များပြား​သော ဘာသာ​ရေး၊ ယဉ်ကျေး​မှု၊ နိုင်ငံ​ရေး၊ လူ​မျိုး​ရေး ခေါင်းဆောင်​တွေ​ဟာ ဘာသာ​ရေး တစ်​ခု​နှင့်​တစ်​ခု​အကြား ယဉ်ကျေး​မှု တစ်​ခု​နှင့်​တစ်​ခု​အကြား ပေါင်းကူး​တံတား​များ တည်ဆောက်​နိုင်​ကြ​မည်​ဆို​လျှင်၊ ကျွန်ုပ်​ယုံကြည်​ပါ​တယ်။ ကျွန်ုပ်​တို့ လူ​သား​အချင်းချင်း ပို​၍​ကောင်းမွန်​သော နားလည်​မှု၊ ယုံကြည်​စိတ်ချ​မှု​တွေ ရ​ရှိ​ကြ​ပါ​လိမ့်​မယ်။ ထို့​ပြင် ပဋိပက္ခ​တွေ​ကို ရှောင်​ရှား​ပြီး စိတ်​ဓာတ်​တင်းမာ​မှု​တွေ​လဲ လျှော့​ပါး​သွား​လိမ့်​မယ်​လို့ ယုံကြည်​ပါ​တယ်။

ပေါင်းကူး​တံတား​တည်ဆောက်​ခြင်း

ကျွန်ုပ်စွဲမြဲစွာ ယုံကြည်တယ်။ တံတားတစ်ခုဆောက်ထားလျှင် လမ်းကြောင်းနှစ်ဘက်က သူတွေဟာ ဒီတံတားပေါ်မှာ ဖြတ်လျှောက်ကြတော့ တံတားပေါ်မှာ ဆုံတွေ့ကြမှာပါ။ ရှောင်လို့မရတော့ပါဘူး။ အတူတကွဆုံတွေ့ကြရာမှာ အတူတကွအလုပ်ဖြစ်သွားကြမှာပါ။ ရေစီးကြမ်းတဲ့မြစ်ချောင်းကို ကျော်ဖြတ်ခြင်းဆိုတဲ့ ကိစ္စဟာ လမ်းကြောင်းတစ်ဘက်စီက လာပြီး လမ်းကြောင်းတစ်ဘက်ဆီသို့ သွားကြကုန်သော လူသားတို့၏ ဘုံဆိုင်ပန်းတိုင် (Common Goal) ပါပဲ။ ​စွဲမြဲ​စွာ ယုံကြည်​တယ်။ တံတား​တစ်​ခု​ဆောက်​ထား​လျှင် လမ်းကြောင်း​နှစ်​ဘက်​က သူ​တွေ​ဟာ ဒီ​တံ​တားပေါ်​မှာ ဖြတ်​လျှောက်​ကြ​တော့ တံ​တားပေါ်​မှာ ဆုံ​တွေ့​ကြ​မှာ​ပါ။ ရှောင်​လို့​မ​ရ​တော့​ပါ​ဘူး။ အတူတကွ​ဆုံ​တွေ့​ကြ​ရာ​မှာ အတူတကွ​အလုပ်​ဖြစ်​သွား​ကြ​မှာ​ပါ။ ရေစီး​ကြမ်း​တဲ့​မြစ်​ချောင်း​ကို ကျော်​ဖြတ်​ခြင်း​ဆို​တဲ့ ကိစ္စ​ဟာ လမ်းကြောင်း​တစ်​ဘက်​စီ​က လာ​ပြီး လမ်းကြောင်း​တစ်​ဘက်​ဆီ​သို့ သွား​ကြကုန်​သော လူ​သား​တို့​၏ ဘုံ​ဆိုင်​ပန်းတိုင် (Common Goal) ပါ​ပဲ။

ကွဲပြား​ခြင်း​ကို ညှို​နှိုင်း​အဖြေ​ရှာ​ခြင်း​ဟာ ကျွန်ုပ်​တို့​အတွက် မင်္ဂလာ​တစ်ပါး​လို့ ကျွန်ုပ်​ယုံကြည်​ပါ​တယ်။ Common Bridge ဘုံ​ဆိုင်​တံတား​တစ်​ခု​တည်ဆောက် ပေး​နိုင်​လျှင် ကွဲပြား​သော အယူ​အဆ​ကို တူညီ​သော အယူ​အဆ​အဖြစ် လမ်းကြောင်း​ပြောင်း​ပေး​နိုင်​ရုံ​မျှ​မက ငြိမ်း⁠ငြိမ်း​ချမ်း⁠ချမ်း​လုံ​လုံခြုံ​ခြုံ လက်​တွဲ​နေထိုင်​ရေး​ကို​ပါ တည်ဆောက်​ပေး​နိုင်​လိမ့်​မည်​ဟု ယုံကြည်​ပါ​တယ်။

ကိုယ့်​လမ်း​ကိုယ် လျှောက်​ရင်း မ​လွဲ​မ​သွေ ဆုံ​တွေ့​ရ​မည့် ဘုံ​ဆိုင်​တံတား(Common Bridge) တစ်ခုသာ တည်ဆောက်နိ်ုင်လျှင် စစ်နှင့်ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအသွင် ပြောင်းနိုင်လိမ့်မည်ဆိုတာ သာမန်အတွေးအမြင်ရှိသူတို့ပင်လျှင် နားလည်နိုင်ပါတယ်။ ​ခု​သာ တည်​ဆောက်နိ်​ုင်​လျှင် စစ်​နှင့်​ပဋိပက္ခ​တွေ​ကို ငြိမ်း​ချမ်း​ရေး​နှင့် လုံခြုံ​ရေး​အသွင် ပြောင်း​နိုင်​လိမ့်​မည်​ဆို​တာ သာမန်​အတွေး​အမြင်​ရှိ​သူ​တို့​ပင်​လျှင် နားလည်​နိုင်​ပါ​တယ်။

တကယ့်အောင်နိုင်သူ အစစ်

နောက်တစ်ခုပြောချင်တာက လူတစ်မျိုးက အခြားလူတစ်မျိုးကို အနိုင်တိုက်ခိုက်နေကြမည့်အစား မိမိတို့ကိုယ်ကိုမိမိတို့ တိုက်ဘို့အောင်မြင်ဘို့ ရှေးဦးစွာ အားထုတ်သင့်ပါတယ်။ စစ်ပွဲတစ်ရာမှာ လူပေါင်းတစ်ထောင်ကို အနိ်ုင်ရခြင်းထက် မိမိကိုယ်ကို မိမိအနိုင်တိုက်ခြင်းက တကယ်တိုက်သူနိုင်သူ အောင်မြင်သူဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ထဲမှာ ပြည့်နှက်နေတဲ့ မနာလိုခြင်း၊ ရန်လိုခြင်း၊ မုန်းတီးခြင်း၊ မိုက်မဲခြင်း၊ အလိုကြီးခြင်း၊ တယူသန်ခြင်း၊ တဘက်သတ်အနိုင်ကျင့်ခြင်း၊ သူတစ်ပါးကို အပုတ်ချခြင်း၊ အစွန်းရောက်ခြင်းတို့ရဲ့ နေရာတွေမှာ မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ ပညာ၊ သစ္စာ၊ မဇ္ဈိမ ပဋိပဒါတရားတွေနဲ့ အစားထိုးရမှာဖြစ်ပါတယ်။ သို့မှသာ အောင်မြင်သူအစစ် တကယ်ဖြစ်မှာပါ။ ထိုမှတဆင့် တကမ္ဘာလုံးမှာပြန့်ပွားနေတဲ့ တဘက်သတ် တယူသန် အစွန်းရောက်ဝါဒတွေကို ချေမှုန်းနိုင်မှာဖြစ်ပါတယ်။

အမှောင်ထဲမှာ လျှောက်နေသူများအတွက်

သို့သော် ကျွန်ုပ်တို့တတွေဟာ ကျွန်ုပ်တို့ရဲ့ ပါပကမ္မ၊ ပါပဝါစာ၊ ပါပသင်္ကပ္ပ တွေကို မလျှော့နိုင်မပယ်နိုင်သေးသမျှကာလပါတ်လုံး ကျွန်ုပ်တို့တတွေဟာ အမှောင်ကြနေတဲ့ ကမ္ဘာကြီးထဲက မထွက်မြောက်နိုင်သေးဘူး ဆိုတဲ့အချက်ကို သတိရ သတိပြုသင့်ပေသည်။ ယနေ့ ကျွန်ုပ်တို့တတွေဟာ ဒုစရိုက် အမှောင်ကျနေတဲ့ကမ္ဘာထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းသွားနေကြရသလိုပါပဲ။ သောကနှင့် ဒုက္ခ ပင်လယ်မှာ လက်ပစ်ကူးနေကြရသလိုပါပဲ။

တရားချစ်ခင်သူတော်စင်အပေါင်းတို့ - အမှောင်ရှိလျှင်အလင်းဆိုတာ ရှိပါတယ်။ အမှောင်ထဲက လူတွေအတွက် အလင်းရောင်ဟာ တကယ်ပဲ လိုအပ်ပါတယ်။ အမှောင်နှင့်အလင်း ဟာ ဆန့်ကျင်ဘက်ပါ။ အလင်းရောင်လာလျှင် အမှောင်က ပျောက်ကွယ်သွားတာပါပဲ။ အမှောင်နဲ့ အလင်းဟာ လက်တွဲမနေနိုင်ပါဘူး။ ဒါကြောင့် စိတ်ထားယုတ်မာခြင်းတည်းဟူသော အမှောင်ထဲမှာကျနေတဲ့ ကမ္ဘာထဲသို့ သူတော်ကောင်းတရား အလင်းရောင်တွေကို ပို့လွှတ်လိုက်ကြပါစို့။ မီးလောင်လျှင် ရေဆိုတာ တကယ်လိုအပ်တဲ့အရာဝတ္ထုပါပဲ။ ကိလေသာ မီးလောင်နေတဲ့ကမ္ဘာမှာ ဓမ္မ ရေစင်ရေအေး သွန်းလောင်းကြပါစို့။

တစ်ကမ္ဘာလုံးကန်းနေသည် ဓမ္မမျက်လုံး လိုနေသည်

တရားချစ်ခင်သူတော်စင်အပေါင်းတို့ - ယနေ့ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးမှာ ဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်းဖက်ခြင်း၊ အနိုင်ယူခြင်း၊ အစွဲအလန်းကြီးခြင်း၊ တယူသန်တဘက်သတ်ကျခြင်း၊ စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်းစတဲ့ အမှောင်ထုကြီး ကျရောက်နေပါတယ်။ ဒီအမှောင်ထုကြီးကို ဓမ္မအလင်းရောင်ဖြင့်အစားထိုးဘို့ လိုပါတယ်။

မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်များရှိပါတယ်။ “တစ်ကမ္ဘာလုံး ကန်းနေတယ်။ ဓမ္မ မျက်လုံးပေးရမယ်။ တစ်ကမ္ဘာလုံး တုန်လှုပ်နေတယ် ဓမ္မနဲ့ထိန်း၇မယ်။ တစ်ကမ္ဘာလုံး အတွင်းအပြင်လောင်နေတယ် ဓမ္မနဲ့ ငြိမ်းသတ်ရမယ်။ အာဏာမက်မောမှုနှင့် သစ္စာတရားမျက်နှာလွဲမှုတို့ကြောင့် ကမ္ဘာကြီးဟာ သွေးစက်တွေစွန်းထင်နေပြီ။ အရိယ သစ္စာသည် ကမ္ဘာ့လက်ဟောင်းတရား။ ကမ္ဘာကြီးကိုသင်ကြားဘို့ သစ္စာတရားမှတပါး အခြားမရှိပြီ။ သစ္စာဟူသည် လူသားတိုင်း၏ ကိုယ်တွင်းမှာ ရှိသည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး သန္တိကို သစ္စာနှင့် တည်ဆောက်ရမည်။ သစ္စာကို ဖုံးကွယ်ထားသမျှ ဘဝ ပြဿနာအားလုံး ပြေလည်မှုမရနိုင်။” စသည်ဖြင့် ဟောတော်မူထားပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ဟာ အရေးတကြီးလိုအပ်နေပါတယ်။ ဒီလိုအပ်ချက်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်အားလုံးကို အလွန်စိန်ခေါ်နေသော အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်အားလုံး ဤစိန်ခေါ်ချက်ကို လက်ခံရင်ဆိုင်ဖြေရှင်းရန် တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းရဲ့ အကာနှင့် အနှစ်

တရားချစ်ခင်သူတော်စင်အပေါင်းတို့ - လူတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်းအနှစ်သာရ ဟူ၍ နှစ်မျိုးရှိပါတယ်။ ယုံကြည်ခြင်း (ဉာဏ်ပညာမပါဘဲ)၊ ကိုးကွယ်ခြင်း၊ ပူဇော်ပသခြင်း၊ ရွတ်ဘတ်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်းအနားပွဲလမ်းကျင်းပခြင်း စသည်တို့ဟာ ဘာသာတရားတိုင်းရဲ့အပေါ်က ဖုံးနေတဲ့ အကာတွေဖြစ်ပါတယ်။ အဲဒီအကာ (Outer Shell of Religions) တွေဟာ ဘာသာတရားတစ်ခုနဲ့တစ်ခုကို မတူကွဲပြားခြားနားစေကြပါတယ်။ သို့သော် ဘာသာတရားအားလုံး တညီတညွတ်ထဲလက်ခံနိုင်တဲ့ အနှစ်သာရ ရှိပါတယ်။ အဲဒီ Common Core ဆိုတာဟာ ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ သန့်ရှင်းသောစိတ်ထားနှင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။ လူသားအများစုဟာ သူတို့ကိုးကွယ်နေတဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရကို သူတို့ကိုယ်တိုင် ထိထိမိမိ မသိကြပါဘူး။ ဘာသာဝင်လူသားတွေဟာ ဘာသာတရားတိုင်း၏ အနှစ်သာရနှင့် တကယ်ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကို သိဘို့လိုပါတယ်။ ဘာသာရေး ပဋိပက္ခဖြစ်ခြင်းရဲ့အကြောင်းရင်းဟာ တဘတ်သတ် တယူသန် အစွန်းရောက်ခြင်းအပြင် Religion၏အနှစ်သာရကို တကယ်မသိခြင်းသည် အဓိကကျသော အချက်တချက် ဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် ယနေ့ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး ဤအချက်ကို ကောင်းစွာသတိပြု၍ မိမိတို့ကိုးကွယ်ရာဘာသာတရား အသီးသီး၏ ဘာသာဝင်လူသားများကို Common Core of Religion ကို အလေးအနက်သင်ကြား ပို့ချပေးကြဘို့ တိုက်တွန်းလိုပါတယ်။ ဘာသာရေး အနှစ်သာရကို အတွင်းကျကျ မသင်နိုင်တောင်မှ အပေါ်ယံလောက်သင်ပေးနိုင်လျှင် ဘာသာရေး အနှစ်သာရနားလည်သော လူသားတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘာသာရေး ပဋိပက္ခ နှင့် ဘာသာရေးအကြမ်းဖက်မှုတွေကို လျော့ကျသွားအောင်၊ လျှော့ပါးသွားအောင်၊ ကြီးထွားသွားမည်ကို သေးငယ်သွားအောင် စွမ်းဆောင်နိုင်ကြလိမ့်မည်လို့ မျှော်လင့်ပါတယ်။

ဘာသာတရားရှိတဲ့ လူသားတွေဟာ ဘာသာရေး၏ အနှစ်သာရရောက်အောင် မသင်ကြား မလေ့ကျင့်ဘဲ အပေါ်ယံ အကာမျှဖြင့် ရောင့်ရဲတင်းတိမ်မနေကြဘို့၊ ဘာသာရေး၏ အနှစ်သာရသည် လူသားတို့၏ နှလုံးစိတ်ဝမ်းငြိမ်းချမ်းရေးအတွက် လူသားတို့၏ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် တကယ်ဖြစ်တယ်ဆိုတာကိုသိအောင် သိဘို့နှင့် ကျင့်ဘို့ ဒီကနေ့ ဒီနေရာက တိုက်တွန်းပါသည်။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားဖြင့် အခြားဘာသာတရားကို တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း မပြုသင့်ပါ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားတခုခုဖြင့် အခြားလူတို့ ကိုးကွယ်ရာ ဘာသာတရားတခုကို ထိခိုက်ပုတ်ခတ်ရှုတ်ချမှုသည် မိမိကိုယ်တိုင် မိမိကိုးကွယ်ရာ ဘာသာတရားကို ပြန်လည်ပုတ်ခတ်ပြီးရှုတ်ချပြီး ဖြစ်နေလိမ့်မည်။ မြတ်ဗုဒ္ဓ၏ လက်ထက်တော်ကာလက ကိုးကွယ်ရာ အမျိုးမျိုးရှိကြသော လူတို့သည် ဗုဒ္ဓရှင်တော်ကို ချဉ်းကပ်လာသောအခါ “ဟေ့ - မတူကွဲပြားတဲ့အပေါ်မှာ မဆွေးနွေးကြစို့နဲ့၊ တူညီတဲ့ အပေါ်မှာဆွေးနွေးပါစို့။ တို့ သဘောတူတဲ့အပေါ်မှာ ဆွေးနွေးပြီး အနှစ်သာရထုတ်ယူကြပါစို့” - ဟူ၍ ဗုဒ္ဓရှင်တော် မိန့်ဖူးပါသည်။ ဒါ့ကြောင့် သဘောမတူနိုင်တဲ့ အချက်တွေကို ပြောဆိုနေကြပြီး ငြင်းခုံနေကြခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း?

နိဂုံးချုပ်

တရားချစ်ခင်သူတော်စင်အပေါင်းတို့ -

• ရန်ငြိုးဖွဲ့ခြင်း ကို မေတ္တာဖြင့် ဖြေရှင်းရ၏။

• အကြမ်းဘက်ခြင်း ကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းရာ၏။

• ဒေါသ ကို ဒေါသနှင့် တုံ့ပြန်ခြင်းဖြင့် မငြိမ်းချမ်းနိုင်။

• အကြမ်းဘက်ခြင်း ကို အကြမ်းမဘက်ခြင်းဖြင့်သာ ငြိမ်းစေနိုင်၏။

• အကြမ်းဘက်ခြင်းကိုအကြမ်းနည်းနှင့် ဖြေရှင်းခြင်းသည် ပို၍ကြမ်းတမ်းလာစေ၏။

• မုန်းတီးခြင်း ကို မေတ္တာဖြင့် ချုပ်ငြိမ်းစေရာ၏။

• ဤသည်တို့ကား ဘာသာရေး မပေါ်မီကပင်ရှိခဲ့သော ကမ္ဘာဦးတရား၊ ဘာသာတရားအားလုံးတို့၏ Common Core ဖြစ်သည်။

• ဤသည်ကား ဓမ္မ . . . ဓမ္မ ဟူသည် သစ္စာတရား။

• ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဆစ် မည်သည့်ဘာသာမှာမဆို ဤသို့ မွန်မြတ်စွာသော သစ္စာတရားတို့ရှိပါသည်။

To understand the Truth is our common solution of our common problems. သစ္စာတရားကို နားလည်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ ဘဝပြဿနာအားလုံး၏ အဖြေဖြစ်ပါတယ်။ သစ္စာ ဟူသည် ကျွန်ုပ် တို့ ကိုယ် မှာ ရှိပါသည်။ ထို့ကြောင့် သစ္စာကိုသိလျှင် သန္တိ ဟူသော ငြိမ်းချမ်းရေး ကိုလည်း ကိုယ်တွင်းမှာ တွေ့ရမည်။ ကိုယ်တွင်းမှာ တွေ့ရသော သစ္စာတရားနှင့် သန္တိတရားတို့ကို အပြင်ကမ္ဘာသို့ ဖြန့်ချီကြပါစို့။ သစ္စာတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ကျွန်ုပ်တို့ နေရာဤကမ္ဘာ ငြိမ်းချမ်းသာယာရှိကြပါစေ။

သီတဂူဆရာတော်
အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန် ဆွေးနွေးပွဲ
ဗောရစ်ရဲ့လ်ဆင် ခန်းမဆောင်
စိန့် ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ။
၂၀၁၄၊ ဇူလိုင်လ၊ ၃ ရက်။
Posted by Tar Yar
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

sitagu-sayardaw-speech-russia-01sitagu-sayardaw-speech-russia-02sitagu-sayardaw-speech-russia-03sitagu-sayardaw-speech-russia-04

Venerable Ashin Nyanissara (Sitagu/Thegon Sayadaw)

Search

မာတိကာ

Home

FOUNDER

ACADEMICS

MINISTRY

MISSIONARY

MEDITATION

PUBLICATIONS

TALKS

NEWS & INFO

CONTACT

Guests Online

We have 3 guests and no members online

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)

စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း - ၀၇၂-၂၁၆၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)

အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒေါင့့်၊ ဘေလီတံတားထိပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊

ဖုန်း-၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၉၉၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)

မန္တလေးတောင်၊ မန္တလေးမြို့
ဖုန်း- ၀၂ ရ၅၂ ရ၈